ကြွေလွင့်ပျက်စီးဖို့မခံ
သစ္စာမှန်ငါတိုင်တည်
စိတ်ရည်ကြည်ဒီရင်းနှီးမှု
အစပြုလို့သက်ဆုံးတိုင်
အပိုင်ယူသွားမှာ......။
သမိုင်းပေးတဲ့သွေးပုတ်ကွက်
ရေးချေဖျက်ဖို့ အားမတန်
စိတ်အားမာန်စုစည်းလျက်
ခက်ခဲတဲ့ ဒီလိုဒုက္ခ
အဖြေရအောင် သက်ဆုံးထိ
အနိုင်ညှိယူမှာ……။
သွေးရေးတဲ့ဒီရင်းနှီးမှု
သမိုင်းပေးတဲ့ဒီဝတ္တရား (တာဝန်)
အမှားမရှိအောင် စွမ်းဆောင်ရင်းနဲ့
အမှတ်တမဲ့ဖြစ်ခဲ့မှုအတွက်
စိတ်ကွက်မှုတွေသိုဝှက်
စိတ်ပျက်မှုတြွေဖိုဖျက်
စိတ်ဒုက္ခတွေမျိုသိပ်ရင်း
အရိပ်အေးတဲ့ တိုင်းပြည်သစ်ဆီ
အလှမ်းချီကြစို့……။
နွေသစ်ခွ (၂၆.၁၀.၂၀၀၃)
ကျနော့်ဘော်ဒါ လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကျော်တုံးက သူအိမ်ပြန်ခါနီး နံနက်မှာပေးသွား ခဲ့တဲ့ကဗျာပါ။ ဒီကဗျာက ခေါင်းစဉ်မရှိသေးပါဘူး။ ကဗျာရဲ့ခေါင်းစဉ်တပ်ခိုင်း ထားပါတယ်။ ကျနော်အကြိမ်ကြိမ် စဉ်းစားပါတယ် ဘာပေးရမယ်မှန်းမသိတာနဲ့ “ခေါင်းစီးမရှိသောကဗျာ” လို့ပေးထားလိုက်မိတယ်။
1 comments:
I feel something strange after I read this poem.
I can imagine writer's mind when he was writing.
I gave by myself this poem tile "သွေးရဲ့မာန်"
Post a Comment