Sunday, March 4, 2007

သူ့ထက်ငါအနိုင်

တနင်္ဂနွေနေ့ဆိုတော့ အပြင်ထွက်ပြီး ဟိုဝယ်ဒီဝယ် အိမ်အပြန်မှာလမ်းကြုံတာနဲ့…. ကျနော် မတတ်တခေါက်တတ်တဲ့ နည်းနဲ့ ဓါတ်ပုံဝင်ရိုက်ခဲ့တာပါ။ ဒီလူတွေတော်တော့ ကိုဆိုးတဲ့ လူတွေဗျ..ဆိုင်ကယ်ကောင်းကောင်းကို အမျိုးမျိုးပြင််ကြပြီးကွင်းမှာလာ ပြိုင်ကြတဲ့သူ တွေလေ။ ဒီပုံတွေကိုကြည့်ရင်သိပါတယ်။

Saturday, March 3, 2007

တပေါင်းလပြည့်

ဒီလိုတပေါင်းလပြည့်နေ့ဆိုရင် ကျနော်တို့ဆီမှာ ပဲွတွေအတော့်ကိုများတယ်။ ငယ်ငယ်က ဆိုရင် တပေါင်းလပြည့်နေ့ဆို ဘော်ကြိုဘရားပဲွအမြဲသွားလည်လေ့ရှိတယ်။ အဲဒီဘုရားပဲွက ကျနော်တို့နေတဲ့ ရွာနဲ့ ၈ မိုင်လောက်ဝေးတဲ့နေရာမှာရှိပါတယ်။ဘုရားပဲွကို သူငယ်ချင်းတွေ နဲ့ စက်ဘီးစီးပြီးသွားလည်လေ့ရှိတာပေါ့။သွားလည်တဲ့လူတွေလည်း ကြိတ်ကြိတ်ကို တိုးလို့ပါ။ အခုဆိုရင် အဲဒီဘုရားပွဲကိုလည်း မသွားရတော့ပါ။ အခုများဆို ဘုရားပဲွနဲ့ ဝေးခဲ့သည်မှာ ၈ နှစ်တာကြာခဲ့ပါပြီ။

ကျနော်က ဗုဒ္ဓဘာသာဝင်တဦးဖြစ်တော့ ဒီကနေ့တပေါင်းလပြည့်နေ့မှာ အသားမစားဘဲ သတ်သတ်လွတ်စားဖြစ်လိုက်တယ်လေ။

Friday, March 2, 2007

ဒီည သောကြာ Okie ပါ


ဒီနေ့ မနက်ထလာပြီးကတည်းက အဆင်မပြေ ပါ။ ငွေစာရင်းတြွေပန်ရှင်းနေရတယ်။ Credit Card နဲ့သုံးထားတဲ့စာရင်း တွေဘဏ်က ဘယ်လို တွက်ထား မှန်းကိုမသိပါ။ ဒေါ်လာ ၁၃၀ လောက်ကွာနေတယ်။ ဒီလတော့အဲဒီ အကြွေးတြွေပန်ဆပ် ရတော့မှာ ပါလား ကွယ်…။

လစာထုတ်ရက်လည်းဖြစ်တော့ ငွေလေးက လည်း ရွွှင်တယ်လေ။ ဒါနဲ့ ကုလားပြည်က တရား စခန်းဆောက်ဖို့ဆိုအလှူ ငွေ ထည့်ဖြစ် လိုက်တယ်…စခန်းနာမည်က ဘာဆိုလား.. (Tai Khuva Boonchum Meditation Center Buddhagaya, India) တယ်ဗျ။ ယက်ယက် ရောရော အလှူငွေ ၁၀၀ ထည့်လိုက်ပါတယ်။

သောကြာနေ့လည်းဖြစ်၊ ငွေလေးကလည်းရွွှင်ဆိုတော့…အဟဲဟဲ… ဘာပြောကောင်းမလဲ ညနေစောင်းရင်ဘော်ဒါတွေ နဲ့ Johnnie လမ်းလျှောက်အမဲရောင်လား…..အနီရောင်လား… အစိမ်းရောင် ဖြစ်မလားမသိပါ… သွားသောက်ဖို့တော့ ရှိတယ်ဗျ။ ဆိုင်ကတော့မရွေး ရသေး ပါဘူး…. စိတ်ပါရင် လိုက်လို့ရတယ်နော်…Welcome ပါဗျာ.. ဟော...ရေးနေရင်းတန်းလန်း ဘော်ဒါတွေဖုန်းဆက်ခေါ်လို့ ဒိုးပြီဗျို့။

Thursday, March 1, 2007

ဟူး..မောလိုက်တာ..

ေဩာ် ဒီကနေ့ လဆန်းရက်ဆိုတော့ အလုပ်တွေတော်တော်များပါတယ်။ ဘဏ်ကိုပြေး၊ စာတိုက်ကိုပြေး၊ ဖုန်းရုံးကိုပြေးနဲ့ အားပါးပါး မောလိုက်တာဗျာ… ..ဒါတင်မကသေး တလအတွင်း အသုံးစာရိတ်တွေကို Finance Department ကိုသွားအပ်..ဟာ..မှားကုန်ပြီ စာရင်းတွေကမကိုက်.. ခေါင်းကကိုက်…ဟာ… အမှုတွေတက်ကုန်ပြီ။ ပဲွပါဘဲ…ကွဲဖို့သာ ကျန်တော့တယ်။

လွဲပြန်ပြီဟေ့....

ထီပွင့်ရက်ဆိုပြီး အပြေးအလွားထီသွားထိုးလိုက်တယ်၊ ကျနော်ဝယ်တဲ့နံပါတ်က 742802 ပါ။ ထွက်တဲ့နံပါတ် သုံးလုံးတိုက်က 801 တဲ့ ဘယ်လောက်ရင်နာဖို့ကောင်းလဲ။ လွဲပြန်ပြီ နောက်ထပ်တခါ။ ဆုံးပြန်ပြီငွေ 90။

Thanks for your Lunch!

ဒီနေ့ နေ့လည်စာတော့ Super High Way လမ်းမကြီးပေါ်က Grand View Hotel မှာ သွားစားဖြစ်တယ်လေ။ အဟီးဟီး ကြွားကြည့်တာနော်… အထင်တွေ လွတ်ကြီးမနေနဲ့ အလုပ်က Uncle တယောက် လိုက်ကြွေးတာပါ။ Hotel က အစားအသောက်ဆိုတော့ စားရတာမဆိုးဘူးလို့တော့ပြောနိုင်ပါတယ်။ ဖွင့်ထားတဲ့ Musik သံဇင်လေးနားထောင်ပြီး စားလိုက်တာ ၂ ပန်းကန် တောင်ကုန်သွားတယ်။ ကိုယ်တိုင် ဆိုရင်တော့ ထုံးစံအတိုင်း ထမင်းဗူးနဲ့ဘဲ နှစ်ပါးသွားလေ့ရှိတာပါ။ ကျနော်ကြိုက်တာပြောရင် ငါးပိရည်နဲ့တို့စရာ အချဉ်ရည်ဟင်းလေးနဲ့ဆိုရင် စားရတာအင်မတန်ကောင်းလှပါပြီ။ ဘယ်လိုဘဲဖြစ်ဖြစ်ပါ အဲဒီ Uncle ကို အထူးဘဲကျေးဇူးတင်ပါတယ်။