Thursday, March 1, 2007

Thanks for your Lunch!

ဒီနေ့ နေ့လည်စာတော့ Super High Way လမ်းမကြီးပေါ်က Grand View Hotel မှာ သွားစားဖြစ်တယ်လေ။ အဟီးဟီး ကြွားကြည့်တာနော်… အထင်တွေ လွတ်ကြီးမနေနဲ့ အလုပ်က Uncle တယောက် လိုက်ကြွေးတာပါ။ Hotel က အစားအသောက်ဆိုတော့ စားရတာမဆိုးဘူးလို့တော့ပြောနိုင်ပါတယ်။ ဖွင့်ထားတဲ့ Musik သံဇင်လေးနားထောင်ပြီး စားလိုက်တာ ၂ ပန်းကန် တောင်ကုန်သွားတယ်။ ကိုယ်တိုင် ဆိုရင်တော့ ထုံးစံအတိုင်း ထမင်းဗူးနဲ့ဘဲ နှစ်ပါးသွားလေ့ရှိတာပါ။ ကျနော်ကြိုက်တာပြောရင် ငါးပိရည်နဲ့တို့စရာ အချဉ်ရည်ဟင်းလေးနဲ့ဆိုရင် စားရတာအင်မတန်ကောင်းလှပါပြီ။ ဘယ်လိုဘဲဖြစ်ဖြစ်ပါ အဲဒီ Uncle ကို အထူးဘဲကျေးဇူးတင်ပါတယ်။

0 comments: