Wednesday, February 28, 2007

ဒိုင်ယာရီသို့ပေးစာ (၁)

သို့/
ချစ်လှစွာသော ဒိုင်ယာရီလေး
ဒိုင်ယာရီလေးကိုဦးစွာ ပထမ ကျနော်တောင်းပန်ပါရစေ။ ကျနော်ရင်ထဲမှာ ရှိတာတွေကို ဒိုင်ယာရီလေး သိအောင်ပြောပြချင်ပါလို့ပါ။ စိတ်ရှည်သီးခံစွာနဲ့ နားထောင်ပေးပါဗျာ။ ကျနော့်ဘော်ဒါတွေက ပြောကြတယ် “မင်းဟာ သောက်ရူး..တဲ့” အဲဒါဟုတ်ပါရဲ့လား ဒိုင်ယာရီလေး…... ဟုတ်ချင်လည်း ဟုတ်ပါလိမ့်မည်။ ကျနော်ဆိုသော ငတ စိုင်းစိုင်း (ကျောင်းနေဘက် ဘော်ဒါတွေ အခေါ်တော့ အိုက်ကြီးကျော့)သည် အမှန်တကယ်တွင် လည်း ရူးသွပ်နေသည်သာမက ဂေါက်တောက်တောတ်လည်း ဖြစ်နေပါသည် မည်သည့် အရာကို ရူးသွပ် နေပါသနည်း? လို့ဆိုပြီး ဒိုင်ယာရီလေး ကျနော့်ကိိုပြန်ပြီးမေးခွန်းတွေ ထုတ်ကောင်း ထုတ်ပါ လိမ့်မည်။

အခုလောလောဆယ်ကျနော်ပြောတာလေးတွေကို နားဆင်ပေးပါ။ ကျနော်ဆက်ရေးပါမည်..အရမ်းကို အိပ်ချင်နေလို့ အိပ်ခွင့်ပေးပါ။


ချစ်ခြင်းများစွာဖြင့်

စိုင်းစိုင်း

မောက်မာတဲ့ ၀န်ထမ်း အမျိုးသမီး

ဒီနေ့ work permit တွေသက်တမ်းတိုးတာ နောက်ဆုံးနေ့ဆိုတော့ ကျနော်လည်း work permit သက်တမ်းသွားတိုးတယ်လေ။ သက်တမ်းလာတိုးတဲ့လူတွေကလည်း အရမ်းများ ကျနော်လည်း Form တြွေဖည့် မိတ္တူကူးစရာတွေရှိတာတွေကူး ပြီးတာနဲ့ ကိုယ်အလှည့် ရောက်အောင်တန်းစီရတယ်လေ။ ကိိုယ့်အလှည့်ရောက်ဖို့ကလည်း မလွယ်ဘူး လူကများ ဆိုတော့…

ကျနော့်ရှေ့ကလူအလှည့်ရောက်တော့..သူ့မှာစာရွက်စာတမ်းအပြည့်အစုံပါလာပုံ မပေါ်ဘူးထင်ပါရဲ့ဗျာ။ သူကိုကြည့်ရတာလည်း နည်းနည်းလေး အောင်ကြူကြူပေါ့။ ဒါနဲ့ ရုံးဝန်ထမ်းအမျိုးသမီးက “ ငါပြောတာနားမလည်ဘူးလား၊ ငါတို့ဆီံမှာနေပြီး ငါပြောတဲ့ စကားနားမလည်ဘူးလား..နားမလည်ရင် ပြန်… ဘာလား ညာလား ဗလာ..ဗလာ..နဲ့ ဗျာ” အတော့ကို မောက်မောက်မာမာဆက်ဆံတယ်။ သူခင်မျာလည်း ဟုတ်ကဲ့…ဟုတ်ကဲ့…နဲ့ ကုတ်ကုတ်ကလေး လိုတဲ့စာရွက်စာတမ်းတွေယူဖို့ ထွက်သွားရှာပါတယ်။

ငါ့ကိုပြောရင်တော့..ဒင်းတော့နောဆိုပြီး.. ကျနော့်စိတ်ထဲမှာ.. “ မမ ဒီနေ့ နေကောင််းပါရဲ့လား?.. အိမ်ကယောကျာင်္းနဲ့အဆင်မပြေလို့လား?.. ဒါမှမဟုတ် အလုပ်မချင်တော့ဘူးလား?..မေးမလို့ ပြင်ထားတာ.. ကျနော့်အလှည့်တော့ Okie.

Tuesday, February 27, 2007

What is love?

What is love? Who create that love? Who invent that love? Why we can't destroy love? How it is worthy for people? How is it making trouble for people?

I wanted to know these questions that I wrote above. I don't want to know at this moment. Moreover, I don't need to know about that. I don't have any reasons to know about what is the meaning and definition of love from others. Do you know why?

I found that what was love. The main theme of love was understanding and how much you fulfill for your love. For my love, I would fulfill what's my love wants. Love was very strange for me. I haven't created it. To be honest, I've tried to destroy it for many times. Because, as I am a stupid person, I don't anyone to shape my love, my life, my living style, my kindly heart, my bad habit. It is very funny, i couldn't prevent it.


When I knew it, love was in my heart, my love was shaped, my living style was changed, my heart was occupied, my bad habit was adjusted. However all were changed to positive. But I didn't feel negative for my changes. No Wonder! It was nothing. It was Power of Love.

The best and most beautiful thing in the world it can't be seen or even touched but it can only be felt with heart.

Monday, February 26, 2007

စိတ်လေတေတေ

အော်..ဆောင်းအကုန်နွေအကူး တပေါင်းလဆန်းသစ်ရွက်တွေလည်းကြွေ၊ လေပွေ တွေကလည်း တဝီဝီတိုက်၊ စိတ်တွေကလည်းဟိုရောက်ဒီရောက်၊ လေတေတေ ဖြစ်နေပါလားနော်။ အိမ်ကဘန်နာပင်၊ သရက်ပင်၊ မာလကာပင် ကအရွက်တွေ ကြွေလို့ခြံတခြံ လုံးလည်းဝါထိန်နေပါရောလား။ ဒါတင်မကသေးခြံထဲက စိမ်းစိုနေတဲ့ မြက်ပင်လေးတွေလည်း အရင်လိုစိမ်းစိုမနေတော့ဘဲ ၀ါတာတာခြောက်တောက် တောက် ဖြစ်နေပါရောလား။ အိမ်နောက်ဖေးက ငါးကန် လည်းရေညိှတွေတက်၊ နွေလို့သာဆိုတယ် ညညဆိုရင် အုံးအွမ်.. အုံးအွမ်...နဲ့အိမ်နောက်ဖေးငါးကန်က ဖားတွေကအော်..

ဒါနဲ့အလုပ်ကပြန် စိတ်ကလည်းလေတေတေနဲ့ အိမ်အရောက်မှာအိမ်နောက်ဖေးမှာ ရှိတဲ့ ထွန်ခြစ်ကိုဆဲွ ကြွေနေတဲ့သစ်ရွက်တွေကိုထွန်ခြစ်နဲ့ခြစ်ပြီး ခြောက်တောက် တောက်ဖြစ်နေတဲ့ မြက်ပင်တွေကိုရေလောင်းပါတယ်။ ဒီနေ့ကစပြီး ညနေတိုင်း မြက်ပင်တွေကို ရေလောင်းတော့မှာပါလား.....ခြံထဲကမြက်လေးတွေ စိမ်းစိုနေမယ် ဆိုရင်.....ကျနော့်ရဲ့စိတ်တွေလည်း...စိမ်းလန်းကြည်လင်နေမှာပါ။

Sunday, February 25, 2007

မင်းအကျင့်တွေ ပြင်ပါ

အလုပ်ပိတ်ရက်ဆိုတော့ အချိန်တွေလည်းအများကြီးပိုတယ်လေ။ ဒါကြောင့်မို့တနေ ကုန် ကျနော့် ဘလောဒ့်မှှာ ဒီဟာလျှောက်ပြင်၊ ဟိုဟာလျှောက်ထည့်၊ဟာ...မှားကုန် ပြီ……လုပ်ရင်းနဲ့ ည ၁၀ နာရီထိုးသွားပါတယ်။ ဘော်ဒါတယောက်က Gtalk ကနေ …ဒီညဘယ်မှမသွားဘူးလားတဲ့ကျနော်ဘယ်မှမသွားတော့ဘူးလို့ဆုံးဖြတ်ထားတဲ့ညပါ။ ဘာဖြစ်လို့လဲဆိုတော့ မနေ့ကဘဲ သွားသောက်ထားကြတာကိုးဗျ …ဒါပေမယ့် ဘာပြောညာမဆိုနဲ့ ဆိုင်းမဆင့် ဗုံမဆင့်ရောက်လာပါလေရော။ ကိုယ်ကလည်းဘီယာ မကြိုက်တတ်တဲ့သူမဟုတ်လား?.....ကျနော်၊ ကိုမိူင်း နဲ့ကိုမိုးမြင့် ဘီယာသွားသောက် ကြတယ်လေ..ဆိုင်နာမည်က Sudsanan တဲ့ဗျ။ ကျနော်တို့ကြိုက်တဲ့အညာဒေသ က ဆိုင်တွေလိုပေါ့ ပျင်ထောင်အိမ် အုပ်ကျွတ်မိုး …Country style လို့ဆိုရမှာပေါ့ဗျာ …သိပ်ပြီးမိုက်တာဗျာ။ ဆိုတဲ့သီချင်းတွေကလည်းအဲဒီဆိုင်နဲ့အတော့ကို လိုက်လျော ညီထြွေဖစ်ပါတယ်။ မွေးရပ်မြေကိုလွမ်းတဲ့သီချင်း၊အလွမ်းသီချင်းတွေဆိုပါတော့ဗျာ တကယ်ပါ စာဖဲွ့လို့မရနိုင်လောက်အောင်ကောင်းပါတယ်။ ကျနော်တို့ ၃ ယောက် သောက်လိုက်ကြတာ ဘီယာ ၁ ဒါဇင်တောင်ကုန်သွားတယ်။လူကိုပေါက်မြောက်သွား တာဘဲ။ အိမ်ကို ညသန်းခေါင်ကျော်မြှပန်ရောက်တယ်။

မင်းဒီအကျင့်ဆိုးတွေကို ပြင်ရအုံးမယ် စိုင်းစိုင်း……

Saturday, February 24, 2007

ဇနီးရှိသူများအတွက်

စနေနေ့ဆိုတော့ အလုပ်လည်းနား စိတ်ပျက်လက်ပျက်ဘာကိုမှလုပ်ချင်စိတ်မရှိတာနဲ့ ခုံအောက်ကဇနီးတယောက်ချစ်စရာရောက်အောင်ဆိုတဲ့စာအုပ်တအုပ်ကိုကောက်ဖတ် လိုက်မိတယ်။ အဲဒီထဲကစာသားအတော်များများနှစ်သက်မိပါတယ်။
ကျနော်အနှစ်သက်ဆုံးက “ အိမ်ကိုသူမစိတ်ကြိုက် ပြုပြင်၊ မွန်းမံ၊ အလှဆင်ခွင့်ပေးလိုက်ပါ”
ဒါမှမဟုတ်ဘူးဆိုရင်



“အိပ်ခန်းထဲက မိန်းကလေး မော်ဒန်တယောက်ရဲ့ ပိုစတာကိုတော့ မဖြုတ်ပါရစေနဲ့လို့ သူမကို ပြောလိုက်ပါ”

စိတ်ပျက်မိတဲ့ သောကြာည

ကျနော့်အဖို့တခါတလေ လောကကြီးက သိပ်ရီစရာကောင်းပါတယ်။ ကိုယ်ချစ်တဲ့သူက ကိုယ့်ကို မချစ်၊ ကိုယ်မချစ်မနှစ်သက်တဲ့သူက ကိုယ့်ကို …အော်လောကကြီးများနော်၊ ဒီနေ့လည်း ကျနော်ဘာ ရည်ရွယ်ချက်မရှိဘူး။ သောက်ကြာနေ့ဆိုတော့ ဘော်ဒါတွေနဲ့ ချိန်းတွေ့ကြပြီး ကဗျာဆန်ဆန်ဖြစ်တဲ့ ကျနော့်ဘော်ဒါတွေ ထိုင်နေကြ ငှက်ပျောပင် ဆိုတဲ့ ဆိုင်မှာဘီယာသွားသောက်ကြပါတယ်။ ဘီယာ တလုံးခဲွလောက်သောက်အပြီး ဖုန်းသံ ကလင်…ကလင်ဆိုပြီး ကြားတော့ ထူးလိုက်လိုက်တာပေါ့ဗျာ။ ဖုန်းထဲမှာ ကြားလိုက်တာ…. မင်းနဲ့ဝေးနေတဲ့တနေရာမှာငါ ရောက်နြေ့ပီး မင်းကြိုက်ပါတယ်ဆိုတဲ့ ….သူ….တယောက်နဲ့ စကားပြောနေပါတယ်တဲ့…ဟော ဇတ်လမ်းကစပါပြီ။

အဲဒီ….သူ….ဆိုတဲ့တာက ကျနော်ကြိုက်တဲ့မမတယောက်ပါ။ ချစ်သူများနေ့ မှာကျနော် ဆူးမရှိတဲ့နှင်းဆီနီနဲ့ ချောကလက်သွားပေးခဲ့တာပါဗျ။ သူကလည်းကြည်ကြည်ဖြူဖြူ လက်ခံပါတယ်။…….. ထားလိုက်ပါတော့ဗျာဒါတွေကို။ ကျနော့်မှာ ကိုယ်ပိုင်အချိန်ဆိုလို့သိပ်မရှိပါ၊ ဒါကို ကျနော်ရိုးသားစွာဝန်ခံပါသည်… ကျနော့်ကို မင်းကတက်တက်ကြြွကွမရှိတဲ့သူဆိုပြီးပြောသွားပါသည်။ အဲဒီအတွက် ကျနော် အမှန်တကယ် စိတ်ပျက်လက်ပျက်ဖြစ်ပြီးအိမ်ပြန်အရောက်မှာဒီ Post ကိုရေးခဲ့ခြင်းဖြစ်သည်။

Thursday, February 22, 2007

ဒီချာတိတ်တော့နော.....

ချစ်မမပြောပြနေတာကိုမကြည့်ဘဲ ဘာကိုများသွားကြည့်နေပါလိမ့်...... ဟေးချာတိတ်

Best of AntiVirus

အလုပ်များတာကို ကျနော်အင်မတန် အမြင်ကပ်ပါတယ်။ ကျနော်ဆိုသော သူတယောက်သည်လည်း အဲဒီလိုလူစားများထဲများပါနေပြီလား?စဉ်းစားစရာပါ…. အမြဲတန်းကြုံတွေနေရတဲ့အရာတခုက ရှိပါတယ်။ အဲဒါ…. အလုပ်များပြီဆို….ကွန်ပြူတာကလည်းခဏခဏပျက် အင်တာနက်ကလည်း ဘိုးဘိုးလိပ်ကြီးလိုသွားဟူး..... Virus များ infected ဖြစ်နေပြီလား….. ဒီ Virus တွေကို ဟန့်တားနိုင်အောင် ကျနော်ဒီပုံထဲကလိုစဉ်းစားမိလိုက်ပါတယ်။

Wednesday, February 21, 2007

အိုင်တီခေတ်ကဒီလိုပါလား?

ကျနော် ဒီနေ့အလုပ်တွေအတော်များသည်။ မနက်မိုးလင်းကတည်းကအ လုပ်လိုက်တာ ညနေစောင်းတောင်မပြီးပါ၊ အလုပ်က ငွေစာရင်းတွေလည်းအပြီးသပ်ရသည်၊ ငွေစာရင်း တော့ လွဲချော်မှုမရှိပါ။ နေ့လည်ပိုင်းရောက်တော့ အသိတစ်ယောက်ပြည်ပသွားမယ် ဆို ပြီး ပစ္စည်းသွားပါးလိုက်ရသည်။ ပစ္စည်းကအထွေထူးတော့မဟုတ်ပါ။ ယုဇနလက်ဖက်။ ပြည်ပမှာဝယ်စားရတာခက်သည်နဲ့တူပါသည်။ နောက်ပြီး ပလိုကရမ်စီဒီအချို့လည်းပါ သေးသည်။ အလုပ်ကို ၃ နာရီပြန်ရောက် လုပ်စရာရှိတာတွေဆက်လုပ်။ဒီလောက်အလုပ် တွေရူပ်နေတဲ့ကြားက ဘော်ဒါတွေက ချက်တင်မှာ လာချက်လို့။ တယောက်သော ဘော်ဒါက Website link တခုပို့ပေးသည််။ အဲဒီထဲက ကျနော်သဘောတွေ့တဲ့ ပုံတပုံကို ကျနော့် Blog မှာတင်ထားလိုက်မိတယ်။ အဲဒီပုံကိုမြင်ပြီးကျနော် အရင်ကဇာကနာပြောဖူး ခဲ့တဲ့စကားလုံးတွေကို သွားမှတ်ရလိုက်ပါသည်။ ရှေးတုန်းကလူကြီးတွေဆိုရင် အသုံးလုံး တတ်ရသည် အသုံးလုံးတက်မှ ခေတ်မှီ ဆိုဘဲ။ (အရေး၊ အဖတ်၊ အပြော)အခုခေတ်မှာ လည်း အသုံးလုံး တတ်မှ ခေတ်မှီမှာပါတဲ့၊ အခုခေတ်က အသုံးလုံးက အင်္ဂလိပ်၊အင်တာ နက်၊ အိုင်တီ ပါတဲ့။ ဒါတွေမတက်ရင်ခေတ်မမှီမှာစိုးရိမ်လို့အခုကျနော့် Blog မှာတင်ထား တဲ့ နွားကြောင်းသားက Laptop နဲ့ ချက်တင်တက်နေလားမသိပါ။

Tuesday, February 20, 2007

ခေါင်းစီးမရှိသောကဗျာ

နှလုံးသားရေးတဲ့သွေးတစ်စက်

ကြွေလွင့်ပျက်စီးဖို့မခံ

သစ္စာမှန်ငါတိုင်တည်

စိတ်ရည်ကြည်ဒီရင်းနှီးမှု

အစပြုလို့သက်ဆုံးတိုင်

အပိုင်ယူသွားမှာ......။

သမိုင်းပေးတဲ့သွေးပုတ်ကွက်

ရေးချေဖျက်ဖို့ အားမတန်

စိတ်အားမာန်စုစည်းလျက်

ခက်ခဲတဲ့ ဒီလိုဒုက္ခ

အဖြေရအောင် သက်ဆုံးထိ

အနိုင်ညှိယူမှာ……။

သွေးရေးတဲ့ဒီရင်းနှီးမှု

သမိုင်းပေးတဲ့ဒီဝတ္တရား (တာဝန်)

အမှားမရှိအောင် စွမ်းဆောင်ရင်းနဲ့

အမှတ်တမဲ့ဖြစ်ခဲ့မှုအတွက်

စိတ်ကွက်မှုတွေသိုဝှက်

စိတ်ပျက်မှုတြွေဖိုဖျက်

စိတ်ဒုက္ခတွေမျိုသိပ်ရင်း

အရိပ်အေးတဲ့ တိုင်းပြည်သစ်ဆီ

အလှမ်းချီကြစို့……။
နွေသစ်ခွ (၂၆.၁၀.၂၀၀၃)

ကျနော့်ဘော်ဒါ လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကျော်တုံးက သူအိမ်ပြန်ခါနီး နံနက်မှာပေးသွား ခဲ့တဲ့ကဗျာပါ။ ဒီကဗျာက ခေါင်းစဉ်မရှိသေးပါဘူး။ ကဗျာရဲ့ခေါင်းစဉ်တပ်ခိုင်း ထားပါတယ်။ ကျနော်အကြိမ်ကြိမ် စဉ်းစားပါတယ် ဘာပေးရမယ်မှန်းမသိတာနဲ့ “ခေါင်းစီးမရှိသောကဗျာ” လို့ပေးထားလိုက်မိတယ်။

Favorite ABC stout


မနေ့က တနင်္ဂနွေနေ့ တရုတ်နှစ်သစ်လည်းဖြစ်တယ်။ အလုပ်လည်းနားပါတယ် ဘယ်ကို မှလည်းမသွားဖြစ်ပါဘူး။ အလုပ်နားတယ်လို့တာဆိုပါတယ် မနက် ၉ နာရီ လောက်ထ တနေကုန်လုံး ကွန်ပြူတာရှေ့မှာ ထိုင်ကြွေးကျန်အလုပ်တွေကို ဆက်လုပ် ညပိုင်း ၈ နာရီလောက်မှ ပြီးလုဆဲဆဲဖြစ်သွားတယ်၊ ဘော်ဒါတွေကလည်း ဖုန်းဆက်ခေါ်တယ်လေ.... ဘီယာသွားသောက်ရအောင်တဲ့ဟူး..... တနင်္လာနေ့ဆို အလုပ်ပြန်ဆင်းရမယ်မဟုတ်လား ဘီယာသွား သောက်ဖြစ်ရင် အလုပ်ကောင်းကောင်းမလုပ်နိုင်မှာလည်းကြောက်လို့ပါ။ သို့ပေမယ့်လည်း လွန်ခဲ့တဲ့ လဆန်းပိုင်းက လက်ဆောင်ရထားတဲ့ ABC stout တစ်ဘူး သောက် အမဲခြောက်ကြော်တတောင့်ကိုက်ပြီး အားပါး...ပါး ကောင်းလိုက်တဲ့ ABC stout က ကျနော့် Favorite. အဟိ..ဟီး.......

Saturday, February 17, 2007

ကူးပြန်ပြီပေါ့ နှစ်သစ်


ဘာလိုလိုနဲ့နှစ်သစ်တနှစ်ကူးပြန်ပြီ။ ဒီအချိန် တွေဆိုရင် အိမ်ကမာမားအလုပ်တွေ အတော့ကို ရှူပ်ယက်ခတ် နေပြီပေါ့၊ ဒီအချိန်ဆို မာမားက ပေါက်စီ တို့ တရုတ်အစားအစားတွေလုပ်လေ့ ရှိတယ်လေဗျာ။ အိမ်နဲ့ဝေးနေ တာလဲ ၅ နှစ်လောက်ရှိသွားပြီဆိုတော့ မာမားလုပ်ပေးတဲ့ ပေါက်စီလည်း မစားရတာ ကြာသွားပါပြီ လေဗျာ။ အိမ်မှာနေရင် မုန့်ဘိုးဆိုလည်းမနည်းဘူး ရတယ်ဗျ။ အိမ်မှာနေရတဲ့အချိန်တွေကို အင်မတန်လွမ်းနေမိတယ်ဗျာ၊ ဒီနှစ်ကဝက်နှစ်ဆိုတော့ ၀က်သားမစားတော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီဗျ။ အဟိ …..

Friday, February 9, 2007

အမြဲအဆင်ချောမွေ့ပါစေ

ဒီနေ့မနက်ထလာပြီးတော့ စိတ်တြွေကည်ကြည်လင်လင်ဖြစ်တယ်။ ကျနော့အတွက် သိပ်ကိုအထူးအဆန်း ဖြစ်နေမိတယ်။ မနေ့ညကအအိပ်စောသွားတယ်။ ဒါပေမယ့် မနက်ထတော့မနက် ၉ နာရီထိုး နေပြီဗျာ အလုပ်အတော့ကိုနောက်ကျ သွားပါတယ်။

အလုပ်မှာအရမ်းအဆင်တွေသိပ်ကိုချောမောလို့ဗျ။ အလုပ်ကလူနေမကောင်းလို့ ဆေးသွားဝယ် ပေးတော့ အဆင်မပြေပါဘူးဗျာ၊လိုချင်တဲ့ဆေးတွေလည်းမရခဲ့ပါဘူး။ ဒါပေမယ်လို့ သောက်ဆေး တချို့တော့ရခဲ့ပါတယ် အားလုံးနည်းပါးတော့အဆင်ပြေ သွားပါတယ်။ ညနေပိုင်းရောက်တော့လည်း Table tennis တစ်ပွဲဘဲ သွားရိုက်လိုက်တာ လူကိုသေချင်စိတ်ပေါက်သွားပါတယ် လှူပ်လှူပ်ရှားရှားမလုပ်ရတာ တစ်နှစ်နီပါး လောက်ရှိသွားလို့လားမသိဘူးလူကိုဟိုက်သွားတယ်၊

ဘော်ဒါတွေတော့လည်းမတွေတာကြာပြီဗျာ၊ ဘော်လုံးကန်နေကြ ဘော်ဒါတွေလည်း ဘော်လုံးအတူ မကန်ရတာလည်းကြာသွားပါပြီ၊ ဘော်ဒါ ၆ယောက်နဲ့ဘော်လုံးအတူ ကန်လိုက်ကြတာ ၃ လုံးခဲွကုန်သွားတယ် ဟူး…ဟူး…ဘော်ဒါတွေလည်းကောင်း။ ကိုယ်ကလည်းပေါက်မြောက် သွားတာဘဲ။ နောက်နေ့အတွက် အလုပ်တွေဆက် လုပ်ရအုံး မယ်ဗျာ။ ကံကောင်းပါစေ…..

Some pieces of my blog

Let me tell some pieces of my blog to you and how it started up.

Five years ago, I knew nothing about internet, blog, wordpress and web site. I had never used the internet for anything! I didn't know what internet was. But one day I had a chance to use the internet but nothing more than checking e-mail surfing and chatting to my frineds and I could do only that. A few weeks later I discovered a blog. After surfing from one to another (Wow!…..blogs tend to link up to other blogs a lot) for a few hours I was hooked and wanted to start my own. I found that there were many free blog services that anyone could set up in a matter of minutes.

Really it is very simple. Literally millions of people blog from around the world. Its not just something for people with their own computers - anyone with access to a computer and the internet once or twice a week can start up.