Monday, November 30, 2009

We guys are never satified 3 things

1. Mobile Phone
2. Car
3. Girlfriend.

because a new model are always available.

Tuesday, November 24, 2009

Run multiple Gtalk

Gmail account ID ၁ ခုထက်ပိုပြီး မိမိ Gtalk ကို တခုုပြီးတခု sign in , sign out လုပ်စရာ မလိုဘဲ account ID တစ်ခုထက်မက တပြိုင်နက်အသုံးပြုပြီး chatting ပြုလုပ်နိုင်ပါတယ်။

၁။ Gtalk icon ကို သင်၏ Desktop ပေါ်သို့ ပို့လိုက်ပါ။

၂။ Gtalk icon ကို right click နိှပ်ပြီး properties ရဲ့ Target နောက်ဆုံးက startmenu အစား nomutex ကို အစားထိုးလိုက်ရင် Gtalk application ကို တစ်ခုထက်မက တပြိုင်နက်ဖွင့်ပြီး အသုံးပြုနိုင်ပါသတဲ့။

"C:\Program Files\Google\Google Talk\googletalk.exe" /startmenu
ဒီအတိုင်းပြောင်းလိုက်ပါ။
"C:\Program Files\Google\Google Talk\googletalk.exe" /nomutex

၃။ ပြောင်းပြီးသွားရင် OK ကို click လိုက်ပါ။

ပျော်ရွင်စွာ Chat နိုင်ကျပါစေ။

Tuesday, November 17, 2009

Shan new year in Chiang Mai

သူငယ်ချင်း တစ်ယောက်က ရှမ်းနှစ်သစ်ကူးပဲွမှာ ဓါတ်ပုံသွားရိုက်ရအောင်လို့ ကျနော့်ကို အတင်းခေါ်ပြီး ရိုက်လာခဲ့တဲ့ ပုံလေးတြွေဖစ်တယ်။

သံပြိုင်သီချင်းသီဆိုနေကြစဉ်

သံပြိုင်သီချင်းသီဆိုနေကြစဉ်

တခဲနက် အားပေးနေကြသော ပရိသတ်များ

အားပေးနေကြသော ပရိသတ်များ

နှစ်သစ်တွင် လိုရာဆန္ဒပြည့်ဝအောင် ဆုတောင်းနေသော အမျိုးသမီး

ဆုတောင်းနေသောကလေးငယ်

၀တ်ကူတောက် ဘုန်းကြီးကျောင်းအဝင်ဝ

နမ့်ခမ်း ရှမ်းနှစ်သစ်





Friday, November 13, 2009

Today's cartoon

Wednesday, November 11, 2009

မှတ်သားစရာ အတိုအထွာ

To be happy with a man, you must love him a little and understand him a lot.

To be happy with a woman, you must love her a lot and not try to understand her at all.

Wednesday, November 4, 2009

ယနေ့အတွက် မှတ်သားစရာအချို့

ဒီနေ့ သူငယ်ချင်းတစ်ယောက်ရဲ့ ရင်ဖွင့်သံကို နားဆင်ခဲ့ရပါတယ်။ သူမနဲ့ ကျနော် စကားမပြောဖြစ်ခဲ့တာ ၃ နှစ်ကျော်လောက်နီးပါရှိခဲ့ပါပြီ။ အွန်လိုင်းမှာတွေ့ရင်လည်း နေကောင်းလား ဘာလားလောက်ဘဲပြော ဖြစ်ခဲ့ပါတယ်။ သူမ ကျနော့်ကို ရင်ဖွင့်ဖို့ စကားတွေ ပလ္လင်ခံနေခဲ့တာ ၅ ရက်လောက်ရှိပြီလေ။

ဘာအကြောင်းများလဲလို့ နားထောင်ခဲ့တာ သူမ အသဲကဲွတဲ့အကြောင်းပါ။ သူပြောတယ်။ တကယ်တမ်းတော့ အရေးအမကြီးတ ဲ့အကြောင်းအရာလေးပါတဲ့။ ဘယ်သူ့ကိုမှ လည်းမပြောပြချင်လို့ကျနော့်ကိုပြောပြပါ့ မယ်တဲ့။ (မှတ်ကရော ကျနော်တော့ စကားလုံးတွေစီပြီး ဒိုင်ယာရီလေးမှာ ချရေးလိုက်တယ်။)

...ကြိတ်မိတ်ပြီးရေးချလိုက်တယ်...


သူမက ကျနော့်ကို ဒီလို စပြောခဲ့တယ်။ သိပ်ပြီးတော့ အကြောင်းမထူးပါဘူး စိုင်းစိုင်းရယ်တဲ့။ စိတ်မကောင်းဖြစ်ခဲ့ ရတဲ့ အကြောင်းလေးပါတဲ့။ လွန်ခဲ့တဲ့လ အနည်းငယ်က ကောင်လေးတစ်ယောက်နဲ့ ရင်နှီးကျွမ်းဝင်ခဲ့ပြီး ဖုန်းနေ့တိုင်းပြောဖြစ်ခဲ့လို့ ဆိုပါတယ်။ အဲဒီကောင်လေးက သူ့မထက် ငယ်တယ် သူ့မှာ ရွေးစရာ အခွင့်အလမ်းတွေ အများကြီးရှိ ကြောင်းလဲပြောတယ်။

ဆက်ဆံရေးတွေအရမ်းကိုပြေလည်ခဲ့တယ်။ သူမ ဖုန်းချလိုက်မှာကိုလည်း အဲဒီကောင်လေး က အရမ်း စိုးရိမ်တယ်တဲ့။ သူ့ကို အရမ်းချစ်တယ်လို့ဆိုတယ်။ တသက်လုံးသူ့မနဲ့ဘဲနေသွားချင်တယ် လို့လည်း ပြောတယ်တဲ့ဗျာ။ အဲဒါကို သူက အရမ်းကို ခုံမင်နှစ်သက်ခဲ့ပါတယ်တဲ့။ သူ့တို့ ၂ ယောက် ဘယ်လောက်ချစ်တဲ့ ကြောင်း ပေါ့ဗျာ။

တရက်မှာ အဲဒီကောင်လေးရဲ့ E-mail ထဲကို သူမ ၀င်ကြည့်ဖြစ်ခဲ့တယ်တဲ့ဗျာ။ E-mail password ကို သူမ မသိပါဘူးတဲ့။ သူ့ကောင်လေးရဲ့ တခြား အကောင့် password ကို တချိန်တုံးက သူမ သိခွင့်ရခဲ့တယ်တဲ့။ အဲဒီ password က သူ့ကောင်လေး လက်ရှိ သုံးတဲ့ E-mail password နဲ့တူနေ တယ်ဆိုဘဲဗျ။ ထားလိုက်ပါတော့. ......

အီးမေးထဲမှာ တခြားကောင်မလေးတွေကို လည်း ဘယ်လိုချစ်တဲ့ကြောင်းကိုစာတွေပို့ထားတာ တွေကို သူမ တွေ့ခဲ့တယ်တဲ့။ အဲဒီအချိန်က စပြီး သူမ ရဲ့နှလုံးသားတွေ တစစီ ပဲ့ထွက်ကုန်တယ်တဲ့။

သူမ က ကျနော့်ကို မေးခွန်းတခွန်းမေးတယ်။

မင်းတို့ ယောကျင်္ားတွေ က လွယ်လွယ်နဲ့ ကောင်မလေးတစ်ယောက် ကို ချစ်တယ်လို့ပြော၊ အခွင်အရေး ယူသလားတဲ့။

ကျနော် ဘာမြှပန်မပြောတော့ပါ..... ..................... ...........

ကျနော့် ...... စိတ်ထဲမှာ ကြိတ်ပြီး သြော်.... မင်းတို့လို ..... အဲလိုမျိုး အဲဒီလို ယောကျင်္ားမျိုးဘဲ ထိုက်တန်တယ် လို့

Tuesday, November 3, 2009

Loy Krathong




ထိုင်းပြက္ခဒိန်ရဲ့ ၁၂ လ လပြည့်နေမှာ လွိုင်းကထုန်းပဲွ တော်ကိုကျင်းပကြတယ်။အင်္ဂလိပ်ပြက္ခဒိန် အခုနိုဝင်ဘာလပေါ့၊ ကျနော်တို့မြန်မာပြက္ခဒိန်မှာဆိုတော့ တဆောင်တိုင်လပြည့်နေပေါ့။ တောင်ကြီး တဆောင်တိုင်ဆိုရင် အရမ်းကို စည်ကားသလို အခု လွိုင်းကထုန်းပဲွတော်လည်း ထိုင်းမှာအရမ်းစည်ကားတဲ့ ပဲွတော်ပါ၊

လွိုင်း ကို ထိုင်းဘာသာလို မျှော (float) ပေါ့။ ကထုန်း ကိုတော့ ငှက်ပြော ဖက်တွေ ခေါက်ပြီး ၆ လက်မ ၈ လက်မ ၀န်းကျင်ခန့် ဖောင်ငယ်ငယ်လေး လုပ်ထားတာကို ဆိုလိုတယ်။

လွိုင်းကထုန်းပဲွတော်က ငှက်ပြောဖက် ဖောင်လေးတွေပေါ်မှာ ဖယောင်းတိုင်မီးတွေထွန်း၊အလှတန်ဆာ ဆင်ပြီး မြစ်တလျှောက်မျှော်တဲ့ပဲွတော်ဖြစ်တယ်။ မူလ ပထမတော့ အိန္ဒိယ၊ ဟိန္ဒူလူမျိုးတွေက နေ ဆင်းသက်လာ တယ်လို့သိရတယ်။

အဲဒီပဲွကို သွားပြီး ရိုက်ခဲ့တဲ့ပုံလေးတွေတချို့ပါ။