Showing posts with label SMS. Show all posts
Showing posts with label SMS. Show all posts

Thursday, June 7, 2007

International Free SMS

ကျနော်စာဖတ်နေတုံး သူငယ်ချင်းတယောက်က Gtalk ကနေပြီး GSM ဖုန်းကြောင်းမေးပါ တယ်။ ကျနော်လည်း သိသလောက်တော့ ပြောပြလိုက်ပါတယ်။စိတ်ဝင်စားဖို့ကောင်းတာ တခုက ကိုယ် PC မှာ ဘဲ SMS server တခု တည်ဆောက်ပြီး SMS ပို့တဲ့စနစ်တခုပါ။ ဒါတွေထားလိုက်ပါဗျာ။..ကျနော်လည်း အဲဒီအကြောင်းကို အရင်ကတည်းက စဉ်းစားခဲ့ ဖူးပါတယ်။

ကျနော်တို့ဆီမှာဆိုရင် SMS တွေကိုနိုင်ငံခြားကိုပို့မရဘူးမဟုတ်လား?..ပို့လို့ရတဲ့ နည်း လမ်း တွေလည်းရှိ တယ်လေ။ ဒါကတော့ Web browser ကိုသုံးပြီး SMS ပို့တဲ့စနစ်ပါ။ ကျနော်လက်ရှိအသုံးပြုနေတဲ့ Service က ကောင်းတယ်လို့ဆိုနိုင်ပါတယ်။ International ကိုပို့လို့ရပါတယ်။ Charges ကလည်း Free ပါ။ Registration တော့လုပ်ရပါတယ်။ Register လုပ်တဲ့အချိန်မှာ ကိုယ့် Email address တော့မှန်အောင်ထည့် ပေးရမှာပါ။ ဘာဖြစ် လဲဆိုတော့ Webserver ကနေပြီး Confirm code ကို ကိုယ့် Email ထဲကို ပြန်ပို့ ပေးမှာဖြစ် တဲ့အတွက် ကြောင့်ပါ။ SMS ပို့ရင် message ထဲမှာ ကိုယ့် IP address နဲ့ Email address ပါ တပါတည်းပါသွားတယ်။ အဲဒါကို အသုံးပြုချင်တဲ့ကျနော့် သူငယ်ချင်း အပေါင်းအပါများ ဒီမှာ Registration လုပ်ပြီးတော့အသုံးပြုနိုင်ကြောင်းပါခင်ဗျား။