Saturday, November 5, 2011

ခန္ဓာက ပြနေတဲ့တရားကို ကြည့်မိဖို့လိုတယ် . .

အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတဲ့ဒုက္ခတွေဟာ ခန္ဓာထဲမှာပဲရှိတယ်။ ဒီဆင်းရဲဒုက္ခတွေကို သိမြင်တဲ့ပုဂ္ဂိုလ်တွေ သာ သံဝေဂဝင်ပါတယ်။ တရားရကြပါတယ်။ သံဝေဂဆိုတာ ဒုက္ခကိုမြင်လို့ ဒုက္ခကိုကြောက်စိတ်ပါ။ ဒုက္ခ ဆင်းရဲတွေကို ဉာဏ်နဲ့ယှဉ်ပြီး ကြောက်လန့်တာမျိုးကို သံဝေဂဉာဏ်လို့ခေါ်ပါတယ်။ တရားဓမ္မ အားထုတ်တဲ့ အခါ သံဝေဂဉာဏ်မပါဘဲတရားအားထုတ်နေရင် တရားနဲ့ဝေးနေပါလိမ့်မယ်။

 သံဝေဂဉာဏ်နဲ့ကြည့်ပြီး ဒုက္ခပေးတဲ့ခန္ဓာ၊ အိုတဲ့ခန္ဓာ၊ နာတဲ့ခန္ဓာ၊သေတဲ့ခန္ဓာလို့မြင်နေမှ တရားရပါလိမ့် မယ်။ ခန္ဓာကိုယ်ကြီးဟာ ကုန်ခန်းပျက်စီးခြင်းသဘောသာရှိတဲ့ ခန္ဓာပါ။ နဂိုမူလတုန်းက အင်အားတွေ အခုအချိန်မှာ ကုန်လာပါပြီ။ တစ်စတစ်စနဲ့ အသိဉာဏ်ပညာတွေ တဖြည်းဖြည်းနှေးကွေးလာ ခဲ့ပါပြီ။ အကြားအမြင်၊ အထိအတွေ့အာရုံတွေလည်း တဖြည်းဖြည်းဆုတ် ယုတ်လာနေပါပြီ။  အပျက်ဆီကိုဦးတည် နေတာပါ။ပျက်တော့မယ်လို့ ပြနေတာပါ။ ဒီခန္ဓာကြီးနဲ့ တစ်ရက်လည်းမဟုတ်၊ တစ်လလည်းမဟုတ်၊ တစ်နှစ်လည်းမဟုတ်၊ နှစ်ပေါင်းများစွာ အတူနေလာကြတာတောင် ခန္ဓာကြီးက ပြတဲ့တရားကိုမမြင်ကြတာ မကြည့် ကြလို့ပဲဖြစ်တယ်။ တရားမမြင်ကြတဲ့သူတွေကတော့ ဒီခန္ဓာကြီးကို အကြောင်းပြုပြီး လောဘတွေထွက်၊ ဒေါသတွေထွက်၊ မောဟတွေ ဖုံးလွှမ်းပြီး အကုသိုလ်တွေသာ တိုးပွား လာကြပါတယ်။

ကိုယ့်ကိုယ်ကိုယ် ချမ်းသာရာချမ်းသာကြောင်း ရှာဖွေရင်းနဲ့ပဲ ဒုက္ခရောက်ကြောင်းတွေ၊လောဘ၊ ဒေါသ၊ မောဟတွေနဲ့ နေကြမယ်ဆိုရင် တရားနဲ့ဝေးကွာကြလိမ့်မယ်။


ရည်ညွှန်း-ဓမ္မလမ်းပေါ်မှာ ဓမ္မဒူတဒေါက်တာအရှင်ပညိဿရ
7 Day News Vol.10, No.33  November 3, 2011 (page-11)

Thursday, September 22, 2011

ဆောက်တည်ရာမရဖြစ်ခဲ့သောနေ့ရက်

စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ် မှာ ဆောက်တည်ရာမရ ဖြစ်ခဲ့ရတယ် မျက်ရည်ကျခဲ့ရတယ်။ ကျွန်တော့်ဆရာ ဘဝတစ်ပါးသို့ပြောင်းသွားတဲ့နေ့။

စက်တင်ဘာလ ၂၂ ရက်နေ့ ညနေ ၃ နာရီမှာ ဆရာ့ရုပ်အလောင်းကို  မီးသင်္ဂြီုလ်စက်ထဲသို့ မထည့်ခင် အသံချဲ့စက်မှ ဖွင့်တဲ့သီချင်းသံကြောင့် ကြက်သီးဖျန်းဖျန်းထခဲ့ရပြီး မျက်ရည်ကျခဲ့ရတယ်။

ကောင်းရာသုခသို့လားပါစေသား...........

Tuesday, September 6, 2011

Google maps street view

ချင်းမိုင်တက္ကသိုလ်အနောက်လမ်းမှာ Google maps street view ကား ၄ စင်း ဓာတ်ပုံလာရိုက်တာတွေ့လို့ ပါလာတဲ့ဖုန်းနဲ့ဘဲ ရိုက်ခဲ့တဲ့ပုံတွေပါ။

 





Monday, February 21, 2011

ရန်ကုန် - တောင်ကြီး - မန္တလေး ကားဂိတ်

တောင်ကြီး - ရန်ကုန် နှင့် တောင်ကြီး - မန္တလေး သို့ နေ့စဉ် လေအိတ်ကားကြီးများ မှန်လုံ ယာဉ်ငယ်များ နှင့် ဗင်ကားများဖြင့် နေစဉ် ပုံမှန်ပြေးဆွဲလျက်ရှိပါသည်။

တောင်ကြီးမြို့မှ ရန်ကုန်သို့ နံနက်ပိုင်း (၁၀:၃၀) ခန့် သက်ဆိုင်ရာ ဂိတ်များမှ ကြိုပို့ကားငယ်များ (Ferry) ဖြင့် အေးသာယာမြို့ရှိကားကြီးကွင်းသို့ ပို့ဆောင်ပေးပါသည်။ ထိုမှတဆင့် နေ့လည် (၁၁:ဝဝ)နာရီ၊ (၁၁:၃၀) နာရီခွဲခန့်တွင် ဂိတ်အသီးသီးမှ ရန်ကုန်သို့ စတင်ထွက်ခွာကြပါသည်။

တောင်ကြီးမြို့မှ မန္တလေးမြို့သို့ ညနေ (၅:ဝဝ) ခန့် သက်ဆိုင်ရာ ဂိတ်များမှ ကြိုပို့ကားငယ်များ (Ferry) ဖြင့် တောင်ကြီးမြို့ မြို့တွင်း ရှိ သက်ဆိုင်ရာဂိတ်သို့ ကြို/ပို့လုပ်ပေးပါသည်။ ညနေ (၆:ဝဝ) နာရီခန့်တွင် မန္တလေးမြို့သို့ စတင်ထွက်ခွာကြပါသည်။

အောက်ပါဖော်ပြထားသော ကားဂိတ်များမှာတောင်ကြီးမြို့ရှိခရီးသည်တင် အဝေးပြေးကားဂိတ် လိပ်စာ နှင့် ဖုန်းနံပါတ်များဖြစ်ပါသည်။

ချမ်းသာအောင်
ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ကန်အောက်ရပ်၊ တောင်ကြီးမြို့။
ဖုန်း ၀၈၁-၂၄၃၇၁

တောင်ပေါ်သား
ဗိုလ်ချုပ်အောင်ဆန်းလမ်း နှင့် နဂါးပွက်ကျောင်းလမ်းထောင့်၊ တောင်ကြီးမြို့။
ဖုန်း ၀၈၁-၂၂ ၃၄၄

ပအိုဝ်းရတနာ
အမှတ် (၃၇)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ကန်အောက်ရပ်၊ တောင်ကြီးမြို့။
ဖုန်း ၀၈၁-၂ ၃ ၂၂၁

မိုးကုတ်မန်း (ဗင်အဆင့်မြင့် ယာဉ်အသင်း)
မြို့မစျေးကြီးမြောက်ဘက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ကန်အောက်ရပ်၊ တောင်ကြီးမြို့။
ဖုန်း ၀၈၁-၂၁၆၄၉ ၊ ၀၈၁-၂၁၃၈၂ ၊ ၀၉-၅၂၁ ၄၀၈၉၇

ရှမ်းမလေး
ကြံ့ခိုင်ရေးရုံးအောက်ထပ်၊ တောင်ကြီးမြို့။
ဖုန်း ၀၈၁-၂၄၂၂၆

ရွှေကမ္ဘာ
အမှတ်(၁၃၁)၊ ကုန်သည်လမ်း၊ ကန်ရှေ့ရပ်၊ တောင်ကြီးမြို့။
ဖုန်း ၀၈၁-၂၄၅၆၃

ရွှေတောင်ပံ
(တောင်ကြီးမြို့မှ ဟဲဟိုးလေယာဉ်ကွင်းသို့ ပြေးဆွဲပါသည်။)
အမှတ်(၈၈၊ ၈၉)ကုန်သည်လမ်း၊ ကန်ရှေ့ရပ်၊ တောင်ကြီးမြို့။
ဖုန်း ၀၈၁-၂၁၇၇၂

ရှမ်းမောမြေ
နဂါးပွက်ကျောင်းလမ်း၊ ကန်အောက်ရပ်၊ တောင်ကြီးမြို့။
ဖုန်း ၀၈၁-၂၄၆၆၈၊ ၂၂၄၅၅

ရှမ်းတံခွန်
ကုန်သည်လမ်း၊ ကန်ရှေ့ရပ်၊ တောင်ကြီးမြို့။
ဖုန်း ၀၈၁-၂၂၇၆၅

ရဲသူအောင်
ကုန်သည်လမ်း၊ ကန်ရှေ့ရပ်၊ တောင်ကြီးမြို့။
ဖုန်း ၀၈၁-၂၁၇၇၂

ဟိဏ်း
ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ တောင်ကြီးမြို့။
ဖုန်း ၀၈၁-၂၂၃၇၈

အောင်ရတနာ
ဗိုလ်ချုပ်အောင်ဆန်းလမ်း၊၊ ကန်အောက်ရပ်၊ တောင်ကြီးမြို့။
ဖုန်း ၀၈၁-၂၂၉၉၅

E.S.E
ကုန်သည်လမ်း၊ ကန်ရှေ့ရပ်၊ တောင်ကြီးမြို့။
ဖုန်း ၀၈၁-၂၂၃၆၀

E.S.E
သီရိမင်္ဂလာအိမ်ယာ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ တောင်ကြီးမြို့။
ဖုန်း ၀၈၁-၂၂၇၂၂

Credit: ayeminminbo's space

Sunday, February 20, 2011

ယူနီကုတ် ပြောင်းလဲအသုံးပြုခြင်း

ကိုစေတန် Change Unicode in Blogspot ဆိုတဲ့ပိုစ့်ကိုဖတ်ပြီးကျနော့်ဘလောက်ကိုလည်း ယူနီကုတ်ကိုပြောင်းဖြစ်လိုက်တယ်။ ကျေးဇူးပါ ကိုစေတန်။

http://www.saturngod.net/knowledgebase/change-unicode-in-blogspot