Friday, August 31, 2007

Happy the 3rd Blog Day

Blog Day 2007

Tuesday, August 28, 2007

ဆောင်းအကြောင်း ရေးဖို့ Don't forget

Sai: အကို့ (ကုလားသံနဲ့) ပြန်သေးဝူးလားဗျ ...ကြိုးစားတယ်ဗျာ.

inzali: အလုပ်အခုမှ ပီးတော့တယ် (ဟူး ...)

Sai: ဟတ်..လားဂျ..

inzali: မဟတ်လားနဲ့ ခင်ဗျားကိုလဲ Tag ထားတယ် ... ရေးရမှာနော် ... ဟဲ ဟဲ

Sai: ကွန်းမန့်တောင်ပွတ်လိုက်ဘီ ရေးမှာပေါ့ဗျာ.အခုတောင် ချမ်းအောင် အင်္ကျီချွတ်ပြီး အဲယားကွန်းတွေ အသားကုန် လွတ်ထားတယ်..ဟဲ ဟဲ.. ခံစားရအောင်လို့လေ. ဒါမှပိုစ့်ကောင်း ကောင်းထွက်မှာဗျ.. ဟတ်.ဟတ်..........

inzali: သြော် ... အဲယားကွန်းအေးကြောင်း ကြွားတယ်ပေါ့ ... ကျနော်ဆီက အဲယားကွန်းက မအေးဘူးဗျ ... ဖွင့်လိုက်ရင် မအေးဘဲ ပူနေတယ် ... ဒွတ်ခပဲ...ဒွတ်ခ..

Sai: ခင်ဗျားအဲယားကွန်းကြီးက..ရာသီဥတုနဲ့..ထပ်တူထပ်မျှ ဖြစ်ပါလိမ့်မယ်ဗျာ.. မဟုတ်ရပါဗျာ..အထင်တွေ မလဲွပါနဲ့..ပိုစ့်ကောင်းကောင်းခံစားနိုင်အောင်လို့ပါ.

inzali: နောက်တာပါ ... Tag လုပ်ထားတဲ့ လူတွေ အတော်များများ ပြန်ရေးမယ်လို့ မျှော်လင့်ပါတယ်

Sai: အင်းပါဂျာ...

inzali: ပြန်မရေးရင် Blacklist ထဲ ထည့်လိုက်မှာနော် ... ဘာမှတ်လဲ :D

Sai: ရေးဝူးဗျာ...ထည့်ချင်ထည့်..ဘာလုပ်ချင်လဲ...ဒန့်ဒန့်..

inzali: ဟာဟ ... မရေးရင် ဘဝခရီးဆီမှာ အောက်လမ်းပညာနဲ့ တစ်သက်လုံး ဘလော့ ရေးလို့မရအောင် လုပ်ပစ်မှာ ... ဒန် ဒန့် ဒန်......

Sai: အိုး...ဟိုး.....ဟိုး..ဟိုး.....

ဒီလိုနဲ့ ..... ကိုဘဝ ရဲ့ အောက်လမ်းပညာကို ကြောက်လို့... အဥ္စလီ ရဲ့ တက်ကို..ရေးနေရပြီ..လေဗျာ..

ခိုက်ခိုက်တုံအောင် အေးလှတဲ့ ရှမ်းပြည်မြောက်ပိုင်းက ဆောင်းတွင်းကြီးမှာ မနက် ၅ နာရီခဲွလောက်ထ ပြီး တရုတ်ကျောင်းသွားရတဲ့ အဖြစ်လေးများကို မြင်ယောင်တုံး။ လမ်းသွားရင် ရှေ့ ၅ ပေလောက်ဆိုရင် ဘာကိုမှ မမြင်ရဘူး နှင်းတွေဖုုံးလို့ပါ။ နှင်းတွေကျ ပုံများ အိမ်ရှေ့က မြက်ပင်တွေ၊ ခေါင်မိုးပေါ်က သက်ကယ်တွေ ဆိုရင် ဖွေးဖွေးကို ဖြူလို့ပါ။ ကျောင်းရောက်တော့လည်း လက်တွေတောင့်လို့ ဘောပင်ကိုတောင်မှ ကိုင်နိုင် စွမ်းမ ရှိဘူး။

ဆောင်းတွင်းဆိုလျှင် အိမ်ကိုအမြဲလွမ်းတမ်းလွမ်းရတဲ့.....

ညဆိုရင် အိမ်ရှေ့ ဓါတ်မီးတိုင် အောက်မှာ ပုရစ်လေးတွေ ဖမ်းကြတဲ့ အဖြစ် လေးတွေ...............

မီးဖိုဘေးမှာဝိုင်းထိုင်ပြီး.. မေမေက အရသာရှိလှတဲ့ နှမ်းထောင်းခေါပုတ် ထဲမှာ ပဲပြုတ်ညှပ်ပြီး ကင်ကြွေးတာ လေးတွေ...............

စနေနေ့ မနက်တိုင်း မေမေ ပြုတ်ကြွေးတဲ့ ဘဲသား ဆန်ပြုတ်လေးနဲ့..နံပြားတွေ စားရတာလေးတွေ.......

ညအိပ်ရင် ဂွမ်းစောင် ၃ ထပ်လောက်ခြုံပြီး အိပ်ရတယ်.. ဒါတောင်အေးတုံး..

ဪ ၁၀ အောင်ပြီး.. မန္တလေးမှာ ဂျီတီအိုင် တက်တော့ မန်းတုန်အောင် လမ်းဆုံက ဟစ်ချင်တော့ ဆိုတဲ့.. အတိုင်း.. အခြားဒေသက ဆောင်းနဲ့ မတူအောင်..အရိုးထိအောင် စိမ့်ပြီးအေးတယ်.....

ရန်ကုန်ဆောင်းတော့...ပန်ကာဖွင့်အိပ်တယ်...

ဪ..... ယပလက် ဆောင်းကတော့..............လွမ်းစရာဟူ၍ မရှိသလောက်... တော်ဘီဗျာ.. ကျေနပ်ပြီ မဟုတ် လား ..ကိုအဥ္စလီရေ.....

မည်သူတွေကို Tag လုပ်ရမည်နည်း? တယ်ရင်းတွေကလည်း များများမရှိတော့..ဟုတ်ပြီ.. တချိန်တုံးက.. ကျနော့်ကို Tag လုပ်တဲ့လူတွေကို ပြန်ပြီး..
၁။ ယူဆဂိ
၂။ သန့်ဇော်မင်း

Tag လုပ်ထားတဲ့ တယ်ရင်း ၂ ယောက် ဆောင်းအကြောင်းလေးကို ရေးပေး ကြမယ်လို့မျှော်လင့်ပါတယ်ဗျာ...

အဥ္စလီ (ဂျင်းဘောင်းဘီအပြာရောင် ဆံပင်ဂုတ်ထောက်နှင့် ပရိုဖိုင်းမှာတော့ ကျောင်းအုပ်ကြီး စတိုင်နဲ့ သူတယောက်)
ဘဝခရီး (ဗေဒင်၊ ယတြာ၊ အောက်လမ်း၊ အထက်လမ်း ပညာများကို 911 သို့ခေါ်စရာမလိုဘဲ အခကြေးငွေယူ ကာ အလားကား ဟောပေးနေသူတယောက်)

Secure email

SSL connections have been built into email services on the Internet. This applies to webmail as well as to hosted email. Some webmail accounts offering such security measures free of charge are:

These webmail services allow you to enter your email account and communicate with it on an encrypted connection. Even though this data can still be captured by any filtering or surveillance mechanism, it will be next to impossible to make sense of it or decrypt it. Notice how the address is deliberately written with ‘https:’ in the beginning.

Essentially, this creates a much more private method for reading and writing email. Used with a good password it will pave the way to securing your Internet communications. Registering one of these email accounts does not differ at all from registering with Yahoo or Hotmail. The reason is that the majority of webmail providers do not offer SSL connections to their clients.

Sunday, August 26, 2007

လေတယ်ဗျာ

သိပ်ပြီးနေမကောင်းချင် သလိုဖြစ်တာ နဲ့ မနေ့က ဆေးရုံသွားပြီး တကိုယ်လုံးကို စစ်လိုက်တယ်။ အဖြေထွက်လာတယ် သွေးထဲမှာ အဆီနဲ့ Glucose တွေများနေတယ်တဲ့ ဟာ ဒါဆိုရင် ဆီးချိုပေါ့။ ဆရာဝန်က ပြောတယ်.. ဟိုဟာမစားနဲ့..ဒီဟာကိုရှောင်ပါ. ဟိုဟာကို ဒီလိုစား လေ့ကျင့်ခန်းကို တရက်ကို ၂ နာရီ လောက်လုပ် ဆိုပြီး ညွန်ကြား ချက်တွေ ပေးသွားတာ စုံလို့။ ၂၀ ကျော်ဘဲဆိုတော့ ကိုယ့်ကိုကိုယ်ထိန်းလို့ ရတယ်တဲ့. သောက်ဆေး တော့ မပေးလိုက်ဖူး။ နောက်သုံးလ ပြန်လာခဲ့ပါလို့ ချိန်းလိုက်တယ်။

အိမ်ပြန်ရောက်တော့ ညစ်တာနဲ့ ဖြစ်ချင်တာဖြစ် မောင်ဘချစ် ဆိုပြီး မစားပါနဲ့ဆိုတဲ့ အစာတွေကို ထိုင်ထား ပစ်လိုက်တယ်။ မသောက်တာလည်း ကြာပြီဖြစ်တဲ့ ဘီယာကို သောက်လိုက်တယ် ၆ လုံးကုန်သွားတယ်။ အဲဒါ ဘာဖြစ်လဲ.. တကယ် တကယ်ပါ ဘဲ..လေတယ်ဗျာ..လေတယ်..

Saturday, August 25, 2007

ဪ..သံယောဇင်

မိုးအုံ့မှိုင်းမိှုင်း အင်္ဂါနေ့ မနက်ခင်းမှာ နှစ်နှစ်ချိုက်ချိုက် ငါ့အိပ်နေတုံး မန္တလေး ဗန်းမော်တိုက် လမ်းကြားထဲက အဆောင်ရှေ့မှာ မင်းရဲ့ ခေါ်သံကြောင့် လန့်နိုးခဲ့ရတာ ဒီနေ့ဆိုရင် ကိုးနှစ်ကြီးများတောင် ရှိခဲ့ပြီ ရောလား။ မင်းရဲ့ မင်္ဂလာပဲွကို လိုက်ခဲ့ဖို့ လာခေါ်တာ မင်းမှတ်မိပါလိမ့်မယ်။ ငါတို့တတွေ တနှစ်ကျော်နီးပါး အဆက်အသွယ် ပြက်ပြီး အဲဒီ မနက်ခင်းမှ ဆိုင်းမဆင့် ဗုံမဆင့် ဘဲ မင်းရဲ့ ခေါ်သံတွေဟာ ငါ့ကို အင်မတန့်မှ အံ့အားသင့် စေခဲ့တာ အမှန်ပါ။ အချိန်တွေကလည်း ကုန်လွန်မြန်ဆန်လွန်းပါဘိ။ ဪ..... ဒီနေ့ဆို မင်း အိမ်ထောင်ကျတာ 9 နှစ်တောင် ပြည့်သွားပြီ ရောလား။

မင်္ဂလာပဲြွပီးတော့ ငါတို့တတွေ ကိုယ့်နေရပ်ကို ကားတွေနဲ့ ညနေခင်းမှာ ဒို့တွေအတူ ပြန်ကြပြီး သြဂုတ်လ 27 ရက် အတွက် ဒို့သူငယ်ချင်းတွေနဲ့အတူ မင်္ဂလာပဲွ ပြင်ဆင်ကြတာ ကိုလည်း မမေ့နိုင်ဘူးကွာ။ မင်းရဲ့ 27 ရက်နေ့ မင်္ဂလာပဲွမှာ ငါမြိုချခဲ့တဲ့ အရက်ဟာ အာခေါင်ကစပြီး အတွင်းထိအောင် ပူပြီးဆင်းသွားတယ်။ မင်္ဂလာပွဲပြီးတဲ့ ည ၁၀ နာရီလောက်မှာ မင်းရယ်၊ ငါရယ် မူးပြီး မြို့ထဲ ကားပတ်မောင်းကာ အကြောင်းများ စုံလင်အောင် ပြောခဲ့ ကြတာကိုလည်း ငါအမှတ်ရ ပါတယ်။ ဒါတွေကို မင်း မှတ်မိကောင်း မှတ်မိပါလိမ့်မယ် ငါ့အတွက်တော့ မေ့နိုင်စရာ အကြောင်း မရှိတော့ပါ။ ဘာကြောင့်လဲ ဆိုတာ မင်း အသိဆုံး ဖြစ်ပါလိမ့်မယ်။ ကြိုးတွေထဲမှာ သံယောဇင် ဆိုတဲ့ ကြိုးက အင်မတန် ဖြတ်ရခက်တဲ့ ကြိုးတမျှင်ပါ။

နောင်နှစ်ပေါင်းများစွာ တိုင်အောင် ပေါင်းသင်း၍ ချမ်းသာသုခအပေါင်းနှင့် ပြည့်စုံပါစေလို့........၊ အချစ်ဆုံး သူငယ်ချင်း......မှသည်.......

Friday, August 24, 2007

CD Recovery Toolbox


CD Recovery toolbox သည် CD, DVD, HD DVB တွင် အစင်းကြောင်းများ (သို့) ပေါက်၍ ဖတ်မရ။ ပျက်စီးသွားသည့် File များကို 90 % နီးပါးလောက် recovery လုပ်ပေးနိုင်တဲ့ freeware လေးတခုပါ။ သုံးရတာလည်း လွယ်ကူပါတယ်။ File size လည်း 662 KB သာရှိပါတယ်။ အဆင့်လေးဆင့် လုပ်ရုံနဲ့ ကိုယ်လိုချင်တဲ့ Files တွေကို ပြန်ရနိုင်ပါတယ်။ 4 Gb ထက် ကျော်တဲ့ File အရွယ်အစား တွေကိုတောင် recovery လုပ်ပေးနိုင်စွမ်း ရှိပါတယ်။ ကျနော်ရဲ့ နှစ်ချို့ CD တွေ ဖတ်မရတဲ့ အခါ CD recovery toolbox ဘဲကျနော့်ကို ကူညီပေးပါတယ်။

Windows 98, Windows Me, Windows NT 4.0, Windows 2000, Windows XP, Windows XP SP2, Windows 2003, Windows Vista တွေမှာ အသုံးပြုနိုင်ပါတယ်။

[Download]

Wednesday, August 22, 2007

CGI proxy list

ဟူးမ လွယ်ပါလား....အခုတလော ဘန်းထားတဲ့ ဆိုဒ်တွေများ နေတယ်။ ဘန်းထားတဲ့ ဆိုဒ်တွေကို ကျနော် ဒီကနေ ကြည့်ဖြစ်ပါတယ်။ ဒီ www.cgiproxylist.com/ မှာ ထောင်ပေါင်း များစွာသော porxy list တွေရှိပါတယ်။ Free လည်း အသုံးပြုလို့ ရတယ်လေ။ ဪ.....ဒီလောကကြီးမှာ privacy ဆိုတာ ဘယ်အချိန်ကြမှရှိမလဲ မသိတော့ဘူး။


Tuesday, August 21, 2007

ဪ....မိုး...

တနှစ်မှ တခေါက်လောက် မိုးစက်တွေ ပေါက်ကျလာသော်လည်း တသက်မှာ တခါတခေါက် လောက်တောင့်မှ အချစ်တွေရောက်မလာ။ မတည်မြဲတဲ့ ဒီ လောကဓံ တရားတွေမှာ မိုးပြီးရင် ဆောင်းဆိုတဲ့ရာသီ၊ ဪ ချစ်ပြီးရင် မုန်းသွားတာမျိုးတော့ ဘယ်လိုချင်မလဲဗျာ။

ဗလောင်ဆူပြီး ပူပြင်းတဲ့ ရာသီမျိုးရှိသလို ခံပြင်းပြီး ခက်တဲ့အချစ်တွေလည်း ရှိနေမှာဘဲနော် မိုးတွေမှာ အမှုန် အစက် အပြောက်တွေ များလွန်းလို့ အချစ်မှာ မိုးတွေလို အစက်တွေများပြီး. ရောနှောထြွေပား တာကိုတော့ မည်သူက လက်ခံနိုင်မလဲဗျာ။

မိုးတွေရွာရင်၊ မိုးတွေညိုရင်၊ တိမ်တြွေပိုကျရသလို အချစ်တွေငိုရင်၊ အချစ်တွေညိုရင် တိမ်တြွေပိုသလိုတော့ ကိုယ်မဖြစ်ပါရစေနဲ့ကွာ။

Saturday, August 18, 2007

ပိုစ့်အဟောင်းများ တိုက်ချွတ်ပေးတဲ့ tzm

ခင်လွန်းလို့ tag တယ်ဆိုတော့ အရေးကောင်းတဲ့ စိုင်းစိုင်း ကလည်း ရေးချင် လွန်းလို့ ရေးလိုက် ပါပြီ သန့်ဇော်မင်း။ စာရေးကောင်းလား မကောင်းလားတော့ မသိပါ မြန်မာစာ အမှတ်ဆိုလျှင် ၅၀ကျော်သည်ဟူ၍ မရှိခဲ့ဖူးပါ။ ဒါတောင် ကျနော်က ဆရာဦးတင်မိုး၏ တပည့် ဖြစ်ခဲ့ဖူးသည်။ ဆရာကြီးတော် သလောက် ညံ့ဖျင်းတဲ့ ကျနော်ပါ။ စာစီစာကုံး ရေးတိုင်း သူငယ်ချင်းများ၏ လှောင်ပြောင်၊ သယော်မှု ဒဏ်ခံခဲ့ရပေါင်းလည်း မနည်း တော့ပေ။ လှောင်ပြောင်ကြပုံများ "ဟေ့ကောင် အိုက်ကြီးကျော့ (ငယ်နာမည်) မင်းစာစီစာကုံး ဖတ်ရတာ ကလည်းကွာ ရထားပေါ်မှာ အီးအီးပါ သလိုဘဲ..အဆက်အစပ်ကို မရှိဘူး" ခက်ပေဘူးလားဗျာ။ သူတို့ ပြောလည်း ပြောစရာ.. ရေးပုံက ဟုတ်မှမဟုတ်။ ဪ ဒီလောက်ဆို ကျနော့် အရေးအသားကောင်း မကောင်း ခန့်မှန်းနိုင်လောက်ပါပြီ။ ကျနော့်ပိုစ့်တွေလည်း မျက်လွှာဖြဲပြီး စိတ်ရှည်သီးခံစွာ ဖတ်ပေးကြသော ကျနော့် ဘော်ဘော်များကို ကျေးဇူးအထူး မတင်ဟူဆိုလျှင်..ကျနော်အား သူငယ်ချင်းဟု မသတ်မှတ် နဲ့တော့။

ကျနော် အကြိုက်ဆုံးပိုစ့် ၅ ခု (သူငယ်ချင်းများ ကြိုက်မကြိုက်မသိ)
၁။ ယူဆဂိကျေးဇူးမကင်း ခံစားချက်ဖြင့်ရေးခဲ့တဲ့ (အဟောင်းများ အသစ်ဖြစ်စေတဲ့ "မိုး")
၂။ ပေါသွပ်သွပ်အတွေး (Best of AntiVirus)
၃။ လက်ရှိ အသုံးပြုနေတဲ့ (International Free SMS)
၄။ ကျနော့်အဲဒီလို config လုပ်ထားတဲ့ (Firefox အကြောင်း တစေ့တစောင်း)
၅။ အတိတ်ကအဖြစ် (Best beer effect )

တကယ်လို့ ကျနော့်ပိုစ့်များကို ကျနော့်လိုဘဲ ကြိုက်တယ်ဆိုရင် အောက်မှာ Rate လေး လုပ်ခဲ့ပေးပါ။ မကြိုက်ဖူးဆိုလျှင် Cbox မှာဘဲဖြစ်ဖြစ် Comment မှာဘဲဖြစ်ဖြစ် တခွန်းလောက်တော့ ဟစ်ခဲ့လဲ့ပါ။

အလုပ်တွေ ရှုပ်ပါတယ်ဆိုတဲ့ သူငယ်ချင်းများကို ကြိုတင် အကြောင်းမကြားဘဲ.. tag လိုက်ပြီ
နာမည်လှလှနဲ့ အဥ္စလီ
အဲဗားဘီးဇီးဖြစ်နေတဲ့ ကျနော့်ညီ စိုင်းလင်းသူ
ဘဝဆိုတာကို အဓိပ္ပါယ်ဖွင့်တဲ့ ဘဝခရီး
စိတ်စေရာကို ရောက်တက်တဲ့ မေကိုကို
ကွန်မန့်အပွတ်ကောင်းတဲ့ မယ်လိုဒီမောင်

Thursday, August 16, 2007

ဒါ၀ဋ်ကြွေးလား?

သတင်း ပုလင်းတွေ ဖတ်ရတာလည်း စိတ်မကောင်း လိုက်တာ။ ဆင်းရဲနွမ်းပါးတဲ့သူတွေက လည်း ကုံးကောက်စရာမရှိလောက်အောင် ဆင်းရဲလိုက်တာ၊ တနေ့လုပ်မှ တနေ့စားရတာ. တချို့ဆိုရင် အလုပ်သွားဖို့ ခရီးစားရိတ် မရှိလို့.. အပေါင်ဆိုင်တွေမှာ သူတို့ရဲ့ မှတ်ပုံတင် ကဒ်ပြားတွေ ပေါင်နှံပြီး အလုပ်သွားတယ်. .အလုပ်ပြန်မှ ရလာတဲ့လုပ်အားခလေးနဲ့ ပေါင်နှံ ထားတဲ့ မှတ်ပုံတင်ကဒ်ပြား ပြန်ရွေးရ တယ်တဲ့၊ တချို့ဆိုရင် မနက်စာချက်ပြုတ်ပြီး အိုး၊ ခွက်၊ ပန်းကန်များကိုပါ ပေါင်နှံကြလေရဲ့။ ဪ...ဘဝ..ဘဝ...ချမ်းသာတဲ့ လူတွေများတော့.. စိန်တုံး စိန်ခဲ တွေကိုသီးလို့ပါ။ ကွာခြားလိုက်တဲ့ လူနေမှုအဆင့်အတန်းတွေပါလား။

အခုလည်း ဆီစျေးတွေတက်ကုန်ပြီ..ဘတ်စ်ကား တွေလည်းရပ်ကုန်ပြီ။ မှတ်တိုင်မှာ လည်း လူတွေကို ကြိတ်ကြိတ်တိုးကုန်ပြီ။ ဘတ်စ်ကား တွေလည်း ဘယ်ပြေးနိုင်တော့မလဲ Gas စျေးတွေလည်း ၅ ဆလောက် တက်ကုန်တော့ ခက်လိုက်တာနော်.. အကုန်လုံးကို တက်နေ လိုက်တာဗျာ... တက်နေလိုက်တာ. ကျတာဆိုလို့... စိတ်ဓါတ်တွေဘဲရှိတော့တယ်။ ဘယ်သူ့ ကို အပြစ်သွားတင်ရမလဲဗျာ..ကိုယ့်ကိုကိုယ်သာ အပြစ်တင် ယုံသာ ကျန်တော့တယ်။ ဒီလိုအစစ အရာရာ တက်နေတဲ့..ကျနော်တို့ရဲ့ ခေတ်မီ်ဖွံ့ဖြိုး တိုးတက်တဲ့အမိ -ိုင်-ံေ-ာ် မှာ လူရယ်လို့ ဖြစ်ရခြင်း ကြောင့်ပါ။ လူကြီးတွေပြောပြောနေတဲ့ ၀ဋ်ကြွေးဆိုတာ ဒါဘဲဖြစ်ပါ လိမ့်မယ်။

ကျနော့်ခံစားနေရတဲ့ ခံစားချက်ကိုသာ ရေးချခြင်းဖြစ်ပါသည်။ ဒီပိုစ့်လေးရေးသားခြင်း ကြောင့် ကျနော်စိတ်ထဲတွင် ပေါ့သွားသည်။ အမှားများပါရင် ခွင့်လွတ်ပေးပါ။

Wednesday, August 15, 2007

Idea Generator

ထမင်းစားပြီးတော့ အိပ်ငိုက်နေတာနဲ့ ဟိုတဝေထိုး ဒီတဝေထိုး နဲ့ Idea Generator website တခုကို သွားတွေ့တယ်.. သဘောကျလို့ သူ့ပိုင်ရှင်ဆီကို ခွင့်ပြုချက် မတောင်းဘဲ ကျနော့်ဘလောက်ထဲ အတင်းဆဲွထည့်ထားလိုက်တယ်။

Fast Stone Photo Resizer


ကျနော့် image တွေကို convert, rename, resize, crop, rotate, change color depth, add text and watermarks လုပ်ရင် Fast Stone Photo Resizer ကိုသုံး ပါတယ်။ သုံးရတာ လွယ်ကူပြီး ရိုးရှင်းတယ်။ File size ကလည်း သေးငယ်တဲ့ အပြင် ဒီ Software မှာ portable application ရှိတော့ memory sitck/ USB flash drive မှာလည်း ထည့်ထား လို့ရတယ်။ ဘယ်နေရာ ရောက်ရောက် USB flash drive ကိုထိုးထည့်ပြီး အသုံးပြုလို့ ရတယ်။ ကျနော်တော့ ဒီ FastStone Photo Resizer ကို တော်တော့ကို နှစ်သက်မိလို့ ကျနော့် သူချင်းများကို မျှဝေပေးခြင်း ဖြစ်ပါသည်။

[Download Fast Stone Photo Resizer ]
[Download portable Fast Stone Photo Resizer ]

Monday, August 13, 2007

ကျနော်နှင့်မီးရထား

တချိန်တုံးက သူငယ်ချင်းတွေ ပြောတဲ့ရင်ခုန်တယ်...ရင်ခုန်တယ် ဆိုတာ မသိတတ်၊ မခံစား တတ်ပါ။ မှတ်မှတ်ရရ ကျနော် ရ တန်း တက်စဉ် ကာလမှ ရင်ခုန်တယ် ဆိုတာကို စတင်ပြီး ခံစားတက်ခဲ့သည်။ ရင်ခုန်တယ် ဆိုတာကျနော်သိခဲ့ရသလောက်. ရင်ထဲတွင် မီးရထားကြီး အတဲွ ၁၀ တဲွ လောက် ခုတ်မောင်းသလို ဂျုံး..ဂျုံး..ဂျက်..ဂျက် လိုဘဲလို့ ခံစားတက်ခဲ့သည်။

ထိုမီးရထားကြီးမှာ ရှမ်းပြည်ထုတ် ဖြစ်ပြီး စတင်ခုတ်မောင်းခဲ့သူမှာ ကျနော့် မဟေသီ မမ တယောက် ဖြစ်သည်။ မီးရထားကြီးစတင်ခုတ်မောင်း ခဲ့စဉ် ကာလက ကျနော့် ရင်ထဲတွင် ဆူညံပွတ်လောရိုက်ခဲ့သည်။ အချိန် ကြာမြင့်လာသည် နှင့်အမျှ ရထားတဲွများ တတဲြွပီး တတဲွ ဖြုတ်သွား သလို.. ဆူညံမှုများ သည်လည်း တဖြည်းဖြည်း ငြိမ်သက်စ ပြုလာခဲ့ပြီး ထိုရထားတွဲကြီးမှာ စက်ခေါင်းသာ ကျန်ခဲ့ပါသည်။ နောက်ဆုံးတွင် မီးရထား စက်ခေါင်းမှာ အင်ဂျင်ကျကာ ထိုးရပ် သွားခဲ့သည်။

ဪ...ကျနော့် ရင်ထဲတွင် နှစ်ပေါင်း အတန်မျှ ရပ်နားခဲ့သည့် မီးရထား စက်ခေါင်းကြီး သြဂုတ်လ ၁၂ ရက်နေ့တွင် အင်ဂျင်အသစ်လဲ၊ ဖုန်များခါကာ ဆီဖြည့်ပေးသူ ရှိခဲ့၍ ဂျုံး..... ဂျုံး..ဂျက်..ဂျက်..ဂျုံး..ဂျုံး..ဂျက်..ဂျက်..ဟူ၍ မောင်းခုတ်ခဲ့ရပါပြီ။ မီးရထားကြီး ပြန် လည် ခုတ်မောင်း ခဲ့သော်လည်း ယခင်ကလို အတဲွများ ပါသကဲ့သို့ လျှင်မြန်စွာ မခုတ်မောင်း နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော်..အသစ်လဲလိုက်သော မီးရထားအင်ဂျင်မှာ ရှမ်းပြည်ဖြစ်မဟုတ်.. Made in Thailand သာ ဖြစ်သောကြောင့်တည်း။ ယခု အသစ်လဲထား သည့် မီးရထား အင်ဂျင်သည် မည်သည့်အခါတွင် ဂျုံး..ဂျုံး.. ဂျက်..ဂျက်.. ဂျုံး..ဂျုံး.. ဂျက်..ဂျက်.. ဟူသော အသံများငြိမ်သက်၍ စက်ချို့ယွင်းကာ ရပ်ဆိုင်းသွားမည်နည်း။ ယခု ကျနော့် ရင်ခုံသံ များသည်လည်း .......ဂျုံး..ဂျုံး.. ဂျက်..ဂျက်..

Sunday, August 12, 2007

သူငယ်ချင်း လား.. ဆရာ Lar..

အမှောင်ထုဆိုတဲ့ တခြားဖက်မှာ အလင်းဆိုတာရှိမြဲပါ။
နှောင်ကြိုးတွေရဲ့ တခြားဖက်မှာ လွတ်လပ်မှုဆိုတာရှိမြဲပါ။
ငိုသံတွေရဲ့ တခြားဖက်မှာ သာယာတယ်ဆိုတဲ့ တေးသီသံတွေရှိမြဲပါ။
အချိန်နဲ့ ကြိုးစားမှု တွေရဲ့ တခြားတဖက်မှာ မင်းလိုချင်တဲ့ အောင်မြင်မှုဆိုတာ ရှိမြဲပါကွာ.. ဒါဟာ ဘဝရဲ့ theory or system of reasoning တွေပါ....

ထိုသို့ ညွှန်ကြား သွန်သင် ဖျောင်းဖ နှစ်သိမ့်မှုများ ပေးခဲ့သော ကျနော့် သူငယ်ချင်း စကားတွေကို ကျနော့် နားထဲ အမြဲလိုလို ကြားယောင်နေဆဲပါ။ မင်းရဲ့ အတွေးအခေါ် သဘောတရားများသည် ငါ့ ရင်ထဲ ဦးနှောက်ထဲ ခိုအောင်းစဲွကပ် ညိှတွယ်ကာ မေ့ပျောက်မရနိုင်ပါ။ လက်ရှိ မင်းရဲ့အောင်မြင်မှု များဟာ ငါ့ကို သက်သေပြနိုင်ပါတယ်။

လွန်ခဲ့စဉ်က ငါသည် မင်း၏ အရာအချို့တွင် တစိတ်တပိုင်းသော ဆရာ ဖြစ်ကောင်း ဖြစ်ခဲ့သော်ငြားလည်း ယခုဝယ် မင်းသည် ငါ့၏ ယုံကြည်ရာ ဆရာတပါး ဖြစ်နေပါပြီ.. မင်းရဲ့ သူငယ်ချင်း ဖြစ်ခွင့်ရခဲ့တဲ့ ငါ့လည်း အင်မတန်မှ ဂုဏ်ယူမိတယ် ....Lar! ငါ့စိတ်ထဲရှိတဲ့ စကားလုံးတွေ ရေးချထားတာများ အမှားပါရင် ခွင့်လွှတ်ပါ..လား...Lar!

Saturday, August 11, 2007

60+ Tools For Gmail


ခတ်ပျင်းပျင်းဖြစ်နေတာနဲ့ website လျှောက်လည်ရင်း Gmail နဲ့ပတ်သက်တဲ့ Tools တွေ အကြောင်း ရေးထားတဲ့ Site ကို ဖတ်ရင်း လွန်စွာနှစ်ချိုက်မိကာ ကျနော့် သူငယ်ချင်းများကို မျှဝေခြင်း ဖြစ်ပါသည်။ အချို့သူငယ်ချင်းများလည်း Gmail Tools အကြောင်းများကို သိကောင်း သိပါမည်။ အပြည့်အစုံနှင့် အသေးစိတ် အချက်အလက်များကို [ ဤနေရာ ] တွင်ဖတ်ရှုနိုင်ပါသည်။

Friday, August 10, 2007

စိုင်းစိုင်း အလုပ် အချိန်ဇယား

8:30 အလုပ်သွားရန် ဘတ်စကား မှတ်တိုင်သို့သွားသည်။
9:00 အလုပ်ချိန်စတင်သည်။
9:30 အလုပ်သို့ရောက်သည်။
9:35 ကွန်ပြူတာဖွင့်သည်။
9:45 လက်ဖက်ရည်သောက်ချိန် (Tea Time)
10:00 အီးမေလ်းချက်သည်။
10:30 ချက်တင်တက်သည်။
11:00 နေ့လည်စာ ထမင်းစားရန်ပြင်ဆင်သည်။
12:00 နေ့လည်စာ ထမင်းစားသည်။

1:30 ၀က်ဆိုဒ်များ ဘလောက်များ လျှောက်လည်ကာ Cbox များတွင် လိုက်ပွားသည်။
2:30 လက်ဖက်ရည်သောက်ချိန်် (Tea Time)
3:00 အိမ်ပြန်ရန်ပြင်ဆင်သည်။
4:00 မှတ်တိုင် ဘတ်စကားတိုးစီးရန် ဘတ်စကားစောင့်သည်။
4:45 အိမ်သို့ရောက်သည်။
5:00 တနေ့တာလုပ်ငန်းဆောင်တာများပြီးဆုံး.............

Thursday, August 9, 2007

Safari for Windows XP or Vista

ကျနော် လက်ရှိ အသုံးပြုနေတဲ့ Browser က Firefox, Flock နဲ့ Safari ကိုသုံးတယ်။ Post အသစ်တွေကို Posting လုပ်ရင်တော့ Firefox နဲ့ Flock ကိုသုံးပြီး View တော့ Safari ကိုသုံးပါတယ်။ Safari မှာပေါ်တဲ့ fonts က တခြား Browser မှာ ပေါ်တဲ့ fonts တွေထက်ကို ပိုပြီး ကြည်လင်ပျက်သားတယ်။ ကျနော်လို မျက်စိ မုန်ဝါးဝါး မုန်တုန်တုန် ဖြစ်တဲ့သူအတွက် တော်တော် အသုံးဝင်ပါတယ်။ စမ်းသုံးချင်တယ်ဆိုရင် Apple site မှာ [Download] လုပ်နိုင် ပါတယ်။

Tuesday, August 7, 2007

How to easily convert files to PDF for FREE

PDF printer drivers တွေကို Hard drive မှာ install လုပ်နေခြင်းအားဖြင့် Hard disk Space မှာနေရာပိုယူတယ်၊ Memory resources တွေကိုလည်း နည်းအောင်လုပ်တော့ နဂိုကတည်းက လိပ်လိုသွား နေတဲ့ ကျနော့် ကွန်ပြူတာကိုပိုနှေးကွေး စေတယ်လို့ သိရတယ်။ ဒါနဲ့ ရံဖန်ရံခါ ကျနော့် ဖိုင်တွေကို PDF ပြောင်းချင်တယ်ဆိုရင် PromoOnline Service ကိုသုံးပါတယ်။ အဲဒီ Service က Fee of charge ပါ။ PDF ပြောင်းချင်တဲ့ဖိုင်ကို Browse လုပ်ပြီး ကိုယ့် Email ထည့်ပေးလိုက်ပြီး PDF ပြောင်းပြီးသားကို ကိုယ့် Email ထဲပြန်ပို့ပေးပါတယ်။ အဆင့် (၃) ဆင့် လုပ်ယုံပါဘဲ။

စုစုပေါင်း file types 83 မျိုးလောက် ကို PDF အဖြစ် converted လုပ်ပေးနိုင်ပါတယ်။

123, bmp, cgm, csv, dbf, dif, doc, dot, dxf, emf, eps, gif, hwp, jpeg, jpg, jtd, jtt,met, mml, odb, odf, odg, odm, odp, ods, odt, otg, oth, otp, ots, ott, pbm, pcd,pct, png, ppm, pps, ppt, psd, pts, ptt, ras, rtf, sda, sdc, sdd, sdp, sdw, sgf, sgl,sgv, slk, smf, stc, std, sti, stw, svm, sxc, sxd, sxg, sxi, sxm, sxt, sxw, tga, tif,tiff, txt, vor, vor, wb2, wk1, wks, wmf, wpd, wps, xbm, xls, xlt, xlw, xml, xpm

PromoOnline ၏အားသာချက်
1. No download or installation required
2. Easy and effortless.
3. It's FREE
4. No limit of document file size for upload

PromoOnline ၏အားနည်းချက်
1. You can't protect the PDF with password
2. No options at all
3. You might be afraid to upload your sensitive document to PrimoOnline

တကယ်လို့ အမြဲလိုလိုအသုံးပြုမယ် advance options ကို သုံးမယ်ဆိုရင်တော့
[ PrimoPDF ] မှာ Download လုပ်နိုင်ပါတယ်။

Monday, August 6, 2007

The magic of Firefox

ခပ်ပျင်းပျင်း ဖြစ်နေတာနဲ့ Google ကိုသွားပြီး Images ကို Click လုပ်ပြီးတော့ ကျနော် Rose ဆိုတဲ့ စကားလုံးလေး ရိုက်ထည့်လိုက်တယ်။ အိုး Rose ဆိုတဲ့ ပုံတွေ အများကြီးပေါ် လာတယ်..။ ဒါနဲ့ ကျနော်က Address Bar က URL ကို Delete လုပ်လိုက်တယ်။ အောက်က Script ကို Copy လုပ်ပြီ: Address Bar မှာ Paste လုပ်ပြီး Enter ခေါက်လိုက်ပါ တယ်...အိုး......Amazing.....

javascript:R= 0; x1=.1; y1=.05; x2=.25; y2=.24; x3=1.6; y3=.24; x4=300;y4=200; x5=300; y5=200; DI= document.images; DIL=DI.length; function A(){for(i=0; i<DIL; i++){DIS=DI[ i ].style; DIS.position= 'absolute' ;DIS.left=Math. sin(R*x1+ i*x2+x3)* x4+x5; DIS.top=Math. cos(R*y1+ i*y2+y3)*y4+y5}R++ }setInterval( 'A()',5); void(0)

Sunday, August 5, 2007

Happy Friendship Day!

သြဂုတ်လ ၅ ရက် နေ့ Friendship Day ဖြစ်တယ်လေ။ ကျနော့် သူငယ်ချင်းများအားလုံး နှင့် ဘလောက်ပေါ်က သူငယ်ချင်းများ၊ ကျနော့် ဘလောက်ကို လည်လည် လာတဲ့ သူငယ်ချင်း များလည်း နေကောင်းကျန်းမာကြပါစေလို့ဆုတောင်းပါတယ်။

ရည်းစား၊ ချစ်သူ ဆိုတာ တချိန်ချိန်မှာဖြစ်စေ၊ အချိန်မရွေး မေ့ပျောက် ပျက်တောက်သွား နိုင်ပါတယ်။ သူငယ်ချင်းဆိုတာ ကျနော့်အတွက် ဘယ်သောအခါမှ မေ့ပျောက်လို့မရတဲ့ အဖော်ကောင်း ရတနာ ပါဘဲ။ ကျနော်ရဲ့ ကျောင်းတော်က ငယ်ပေါင်း Best Friends, Close Friends, များကိုလည်း အရမ်းသတိရမိတယ်။


When you are sad,
I will dry your tears.
When you are scared,
I will comfort your fears.
When you are worried,
I will give you hope.
When you are confused,
I will help you cope.
And when you are lost,
And can't see the light.
I shall be your beacon
Shining ever so bright
This is my oath.
I pledge till the end.
Why you may ask?
Because you are my friend.

Saturday, August 4, 2007

အဓိပ္ပါယ်ရှိသော ခရေပွင့် ကောက်တဲ့ညချမ်း

သြဂုတ်လ ၃ ရက်နေ့ အဓိပ္ပါယ်ရှိသော သောကြာ ညချမ်းအချိန်ခါတွင် တချိန်တုံးက ရင်ခုံ ခဲ့ဖူးသော သူတယောက်နဲ့ အလွန်မှ တိတ်ဆိတ်ပြီး Musik သံ မျှင်းမျှင်းလေး ဖွင့်ထားတဲ့ Italian ဆိုင်မှာ ညစားဖြစ်ထားခဲ့သည်။ စားရဲ့တဲ့ အစားအစာ ကလည်း အရသာရှိသလို သူလေး ပြောတဲ့ စကားလုံးများလည်း စိုင်းစိုင်းအတွက် အဓိပ္ပါယ်ရှိခဲ့ပါသည်၊ ကျနော်တို့ ၂ ယောက် စားရင်း၊ ပြောရင်း၊ ....ပြောရင်း.....စားရင်းနဲ့... ...ည ၈း၃၀ ခဲွသွားပြီးနောက် ချင်းမိုင်မြို့တွင်ရှိသည့် မယ့်ပင်း လို့ခေါ်တဲ့ မြစ်ကမ်းနဖူး၊ ခရေပင်အောက်တွင် သွားထိုင် ဖြစ်ခဲ့တယ်။

ထိုနေရာတွင် ထိုင်ခြင်းသည် စိုင်းစိုင်းအဖို့ ပထဦးဆုံ းအကြိမ် ဖြစ်ပါသည်။ တံတားမှ လင်းလက် လာသော မီးရောင်များနဲ့ တဖျက်ဖျက် လင်းလက်နေတဲ့ မြစ်ရေပြင်နှင့်အတူ ညင်သာစွာ တိုက်ခတ်လာသည့် လေညင်းနှင့် ခရေ ရနဲ့ များကို ရူရိှုက်ရင်း ဟိုအကြောင်း ဒီအကြောင်း ထိုင်ပြောခဲ့သည်။ သူလေးက ကြွေကျလာသည့် ခရေပွင့်များကို စိုင်းစိုင်းအား တပွင့်ချင်း လိုက်ကောက်ပေးရင်း...သူ ငယ်စဉ်အခါက အကြောင်းလေးတွေ ပြောပြခဲ့သည်။ ည ၁၁ နာရီ ထိုးတော့ မိုးလေးဆွေကာ..မိုးတဖဲွဖဲွရွာတော့မှ ကျနော်တို့ ၂ ယောက် လမ်းခဲွ ခဲ့ကြသည်။

ထို...သောကြာနေ့ သည် စိုင်းစိုင်း အတွက်ဘယ်သော အခါမှမေ့ပျောက်ရန် အကြောင်း မရှိ နိုင်တော့ဟု ဆိုရခြင်းမှာ ထို နေ့သည် စိုင်းစိုင်း ဖေဖေမွေးနေ့ ဖြစ်သလို စိုင်းစိုင်း၏ Boss မွေးနေ့လည်းဖြစ်သောကြောင့်တည်း။

Friday, August 3, 2007

Happy Birthday Dad!