Thursday, August 16, 2007

ဒါ၀ဋ်ကြွေးလား?

သတင်း ပုလင်းတွေ ဖတ်ရတာလည်း စိတ်မကောင်း လိုက်တာ။ ဆင်းရဲနွမ်းပါးတဲ့သူတွေက လည်း ကုံးကောက်စရာမရှိလောက်အောင် ဆင်းရဲလိုက်တာ၊ တနေ့လုပ်မှ တနေ့စားရတာ. တချို့ဆိုရင် အလုပ်သွားဖို့ ခရီးစားရိတ် မရှိလို့.. အပေါင်ဆိုင်တွေမှာ သူတို့ရဲ့ မှတ်ပုံတင် ကဒ်ပြားတွေ ပေါင်နှံပြီး အလုပ်သွားတယ်. .အလုပ်ပြန်မှ ရလာတဲ့လုပ်အားခလေးနဲ့ ပေါင်နှံ ထားတဲ့ မှတ်ပုံတင်ကဒ်ပြား ပြန်ရွေးရ တယ်တဲ့၊ တချို့ဆိုရင် မနက်စာချက်ပြုတ်ပြီး အိုး၊ ခွက်၊ ပန်းကန်များကိုပါ ပေါင်နှံကြလေရဲ့။ ဪ...ဘဝ..ဘဝ...ချမ်းသာတဲ့ လူတွေများတော့.. စိန်တုံး စိန်ခဲ တွေကိုသီးလို့ပါ။ ကွာခြားလိုက်တဲ့ လူနေမှုအဆင့်အတန်းတွေပါလား။

အခုလည်း ဆီစျေးတွေတက်ကုန်ပြီ..ဘတ်စ်ကား တွေလည်းရပ်ကုန်ပြီ။ မှတ်တိုင်မှာ လည်း လူတွေကို ကြိတ်ကြိတ်တိုးကုန်ပြီ။ ဘတ်စ်ကား တွေလည်း ဘယ်ပြေးနိုင်တော့မလဲ Gas စျေးတွေလည်း ၅ ဆလောက် တက်ကုန်တော့ ခက်လိုက်တာနော်.. အကုန်လုံးကို တက်နေ လိုက်တာဗျာ... တက်နေလိုက်တာ. ကျတာဆိုလို့... စိတ်ဓါတ်တွေဘဲရှိတော့တယ်။ ဘယ်သူ့ ကို အပြစ်သွားတင်ရမလဲဗျာ..ကိုယ့်ကိုကိုယ်သာ အပြစ်တင် ယုံသာ ကျန်တော့တယ်။ ဒီလိုအစစ အရာရာ တက်နေတဲ့..ကျနော်တို့ရဲ့ ခေတ်မီ်ဖွံ့ဖြိုး တိုးတက်တဲ့အမိ -ိုင်-ံေ-ာ် မှာ လူရယ်လို့ ဖြစ်ရခြင်း ကြောင့်ပါ။ လူကြီးတွေပြောပြောနေတဲ့ ၀ဋ်ကြွေးဆိုတာ ဒါဘဲဖြစ်ပါ လိမ့်မယ်။

ကျနော့်ခံစားနေရတဲ့ ခံစားချက်ကိုသာ ရေးချခြင်းဖြစ်ပါသည်။ ဒီပိုစ့်လေးရေးသားခြင်း ကြောင့် ကျနော်စိတ်ထဲတွင် ပေါ့သွားသည်။ အမှားများပါရင် ခွင့်လွတ်ပေးပါ။

0 comments: