Sunday, August 12, 2007

သူငယ်ချင်း လား.. ဆရာ Lar..

အမှောင်ထုဆိုတဲ့ တခြားဖက်မှာ အလင်းဆိုတာရှိမြဲပါ။
နှောင်ကြိုးတွေရဲ့ တခြားဖက်မှာ လွတ်လပ်မှုဆိုတာရှိမြဲပါ။
ငိုသံတွေရဲ့ တခြားဖက်မှာ သာယာတယ်ဆိုတဲ့ တေးသီသံတွေရှိမြဲပါ။
အချိန်နဲ့ ကြိုးစားမှု တွေရဲ့ တခြားတဖက်မှာ မင်းလိုချင်တဲ့ အောင်မြင်မှုဆိုတာ ရှိမြဲပါကွာ.. ဒါဟာ ဘဝရဲ့ theory or system of reasoning တွေပါ....

ထိုသို့ ညွှန်ကြား သွန်သင် ဖျောင်းဖ နှစ်သိမ့်မှုများ ပေးခဲ့သော ကျနော့် သူငယ်ချင်း စကားတွေကို ကျနော့် နားထဲ အမြဲလိုလို ကြားယောင်နေဆဲပါ။ မင်းရဲ့ အတွေးအခေါ် သဘောတရားများသည် ငါ့ ရင်ထဲ ဦးနှောက်ထဲ ခိုအောင်းစဲွကပ် ညိှတွယ်ကာ မေ့ပျောက်မရနိုင်ပါ။ လက်ရှိ မင်းရဲ့အောင်မြင်မှု များဟာ ငါ့ကို သက်သေပြနိုင်ပါတယ်။

လွန်ခဲ့စဉ်က ငါသည် မင်း၏ အရာအချို့တွင် တစိတ်တပိုင်းသော ဆရာ ဖြစ်ကောင်း ဖြစ်ခဲ့သော်ငြားလည်း ယခုဝယ် မင်းသည် ငါ့၏ ယုံကြည်ရာ ဆရာတပါး ဖြစ်နေပါပြီ.. မင်းရဲ့ သူငယ်ချင်း ဖြစ်ခွင့်ရခဲ့တဲ့ ငါ့လည်း အင်မတန်မှ ဂုဏ်ယူမိတယ် ....Lar! ငါ့စိတ်ထဲရှိတဲ့ စကားလုံးတွေ ရေးချထားတာများ အမှားပါရင် ခွင့်လွှတ်ပါ..လား...Lar!

0 comments: