ထိုမီးရထားကြီးမှာ ရှမ်းပြည်ထုတ် ဖြစ်ပြီး စတင်ခုတ်မောင်းခဲ့သူမှာ ကျနော့် မဟေသီ မမ တယောက် ဖြစ်သည်။ မီးရထားကြီးစတင်ခုတ်မောင်း ခဲ့စဉ် ကာလက ကျနော့် ရင်ထဲတွင် ဆူညံပွတ်လောရိုက်ခဲ့သည်။ အချိန် ကြာမြင့်လာသည် နှင့်အမျှ ရထားတဲွများ တတဲြွပီး တတဲွ ဖြုတ်သွား သလို.. ဆူညံမှုများ သည်လည်း တဖြည်းဖြည်း ငြိမ်သက်စ ပြုလာခဲ့ပြီး ထိုရထားတွဲကြီးမှာ စက်ခေါင်းသာ ကျန်ခဲ့ပါသည်။ နောက်ဆုံးတွင် မီးရထား စက်ခေါင်းမှာ အင်ဂျင်ကျကာ ထိုးရပ် သွားခဲ့သည်။
ဪ...ကျနော့် ရင်ထဲတွင် နှစ်ပေါင်း အတန်မျှ ရပ်နားခဲ့သည့် မီးရထား စက်ခေါင်းကြီး သြဂုတ်လ ၁၂ ရက်နေ့တွင် အင်ဂျင်အသစ်လဲ၊ ဖုန်များခါကာ ဆီဖြည့်ပေးသူ ရှိခဲ့၍ ဂျုံး..... ဂျုံး..ဂျက်..ဂျက်..ဂျုံး..ဂျုံး..ဂျက်..ဂျက်..ဟူ၍ မောင်းခုတ်ခဲ့ရပါပြီ။ မီးရထားကြီး ပြန် လည် ခုတ်မောင်း ခဲ့သော်လည်း ယခင်ကလို အတဲွများ ပါသကဲ့သို့ လျှင်မြန်စွာ မခုတ်မောင်း နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော်..အသစ်လဲလိုက်သော မီးရထားအင်ဂျင်မှာ ရှမ်းပြည်ဖြစ်မဟုတ်.. Made in Thailand သာ ဖြစ်သောကြောင့်တည်း။ ယခု အသစ်လဲထား သည့် မီးရထား အင်ဂျင်သည် မည်သည့်အခါတွင် ဂျုံး..ဂျုံး.. ဂျက်..ဂျက်.. ဂျုံး..ဂျုံး.. ဂျက်..ဂျက်.. ဟူသော အသံများငြိမ်သက်၍ စက်ချို့ယွင်းကာ ရပ်ဆိုင်းသွားမည်နည်း။ ယခု ကျနော့် ရင်ခုံသံ များသည်လည်း .......ဂျုံး..ဂျုံး.. ဂျက်..ဂျက်..
0 comments:
Post a Comment