Saturday, August 4, 2007

အဓိပ္ပါယ်ရှိသော ခရေပွင့် ကောက်တဲ့ညချမ်း

သြဂုတ်လ ၃ ရက်နေ့ အဓိပ္ပါယ်ရှိသော သောကြာ ညချမ်းအချိန်ခါတွင် တချိန်တုံးက ရင်ခုံ ခဲ့ဖူးသော သူတယောက်နဲ့ အလွန်မှ တိတ်ဆိတ်ပြီး Musik သံ မျှင်းမျှင်းလေး ဖွင့်ထားတဲ့ Italian ဆိုင်မှာ ညစားဖြစ်ထားခဲ့သည်။ စားရဲ့တဲ့ အစားအစာ ကလည်း အရသာရှိသလို သူလေး ပြောတဲ့ စကားလုံးများလည်း စိုင်းစိုင်းအတွက် အဓိပ္ပါယ်ရှိခဲ့ပါသည်၊ ကျနော်တို့ ၂ ယောက် စားရင်း၊ ပြောရင်း၊ ....ပြောရင်း.....စားရင်းနဲ့... ...ည ၈း၃၀ ခဲွသွားပြီးနောက် ချင်းမိုင်မြို့တွင်ရှိသည့် မယ့်ပင်း လို့ခေါ်တဲ့ မြစ်ကမ်းနဖူး၊ ခရေပင်အောက်တွင် သွားထိုင် ဖြစ်ခဲ့တယ်။

ထိုနေရာတွင် ထိုင်ခြင်းသည် စိုင်းစိုင်းအဖို့ ပထဦးဆုံ းအကြိမ် ဖြစ်ပါသည်။ တံတားမှ လင်းလက် လာသော မီးရောင်များနဲ့ တဖျက်ဖျက် လင်းလက်နေတဲ့ မြစ်ရေပြင်နှင့်အတူ ညင်သာစွာ တိုက်ခတ်လာသည့် လေညင်းနှင့် ခရေ ရနဲ့ များကို ရူရိှုက်ရင်း ဟိုအကြောင်း ဒီအကြောင်း ထိုင်ပြောခဲ့သည်။ သူလေးက ကြွေကျလာသည့် ခရေပွင့်များကို စိုင်းစိုင်းအား တပွင့်ချင်း လိုက်ကောက်ပေးရင်း...သူ ငယ်စဉ်အခါက အကြောင်းလေးတွေ ပြောပြခဲ့သည်။ ည ၁၁ နာရီ ထိုးတော့ မိုးလေးဆွေကာ..မိုးတဖဲွဖဲွရွာတော့မှ ကျနော်တို့ ၂ ယောက် လမ်းခဲွ ခဲ့ကြသည်။

ထို...သောကြာနေ့ သည် စိုင်းစိုင်း အတွက်ဘယ်သော အခါမှမေ့ပျောက်ရန် အကြောင်း မရှိ နိုင်တော့ဟု ဆိုရခြင်းမှာ ထို နေ့သည် စိုင်းစိုင်း ဖေဖေမွေးနေ့ ဖြစ်သလို စိုင်းစိုင်း၏ Boss မွေးနေ့လည်းဖြစ်သောကြောင့်တည်း။

2 comments:

Anonymous said...

Meravigliosa, questo prezioso parere [url=http://lacasadicavour.com/kamagra/ ]cialis senza ricetta [/url]Questo mi ha sorpreso. http://lacasadicavour.com/kamagra-oral-jelly/ comprare cialis generico Incredibile argomento

Anonymous said...

Incomparable topic, me gusta)))) http://nuevascarreras.com/cialis/ cialis o viagra cual es mejor Confermo. Sono d'accordo con tutto quanto sopra-ha detto. [url=http://nuevascarreras.com/tag/cialis/ ]cialis generico colombia [/url]