Saturday, August 25, 2007

ဪ..သံယောဇင်

မိုးအုံ့မှိုင်းမိှုင်း အင်္ဂါနေ့ မနက်ခင်းမှာ နှစ်နှစ်ချိုက်ချိုက် ငါ့အိပ်နေတုံး မန္တလေး ဗန်းမော်တိုက် လမ်းကြားထဲက အဆောင်ရှေ့မှာ မင်းရဲ့ ခေါ်သံကြောင့် လန့်နိုးခဲ့ရတာ ဒီနေ့ဆိုရင် ကိုးနှစ်ကြီးများတောင် ရှိခဲ့ပြီ ရောလား။ မင်းရဲ့ မင်္ဂလာပဲွကို လိုက်ခဲ့ဖို့ လာခေါ်တာ မင်းမှတ်မိပါလိမ့်မယ်။ ငါတို့တတွေ တနှစ်ကျော်နီးပါး အဆက်အသွယ် ပြက်ပြီး အဲဒီ မနက်ခင်းမှ ဆိုင်းမဆင့် ဗုံမဆင့် ဘဲ မင်းရဲ့ ခေါ်သံတွေဟာ ငါ့ကို အင်မတန့်မှ အံ့အားသင့် စေခဲ့တာ အမှန်ပါ။ အချိန်တွေကလည်း ကုန်လွန်မြန်ဆန်လွန်းပါဘိ။ ဪ..... ဒီနေ့ဆို မင်း အိမ်ထောင်ကျတာ 9 နှစ်တောင် ပြည့်သွားပြီ ရောလား။

မင်္ဂလာပဲြွပီးတော့ ငါတို့တတွေ ကိုယ့်နေရပ်ကို ကားတွေနဲ့ ညနေခင်းမှာ ဒို့တွေအတူ ပြန်ကြပြီး သြဂုတ်လ 27 ရက် အတွက် ဒို့သူငယ်ချင်းတွေနဲ့အတူ မင်္ဂလာပဲွ ပြင်ဆင်ကြတာ ကိုလည်း မမေ့နိုင်ဘူးကွာ။ မင်းရဲ့ 27 ရက်နေ့ မင်္ဂလာပဲွမှာ ငါမြိုချခဲ့တဲ့ အရက်ဟာ အာခေါင်ကစပြီး အတွင်းထိအောင် ပူပြီးဆင်းသွားတယ်။ မင်္ဂလာပွဲပြီးတဲ့ ည ၁၀ နာရီလောက်မှာ မင်းရယ်၊ ငါရယ် မူးပြီး မြို့ထဲ ကားပတ်မောင်းကာ အကြောင်းများ စုံလင်အောင် ပြောခဲ့ ကြတာကိုလည်း ငါအမှတ်ရ ပါတယ်။ ဒါတွေကို မင်း မှတ်မိကောင်း မှတ်မိပါလိမ့်မယ် ငါ့အတွက်တော့ မေ့နိုင်စရာ အကြောင်း မရှိတော့ပါ။ ဘာကြောင့်လဲ ဆိုတာ မင်း အသိဆုံး ဖြစ်ပါလိမ့်မယ်။ ကြိုးတွေထဲမှာ သံယောဇင် ဆိုတဲ့ ကြိုးက အင်မတန် ဖြတ်ရခက်တဲ့ ကြိုးတမျှင်ပါ။

နောင်နှစ်ပေါင်းများစွာ တိုင်အောင် ပေါင်းသင်း၍ ချမ်းသာသုခအပေါင်းနှင့် ပြည့်စုံပါစေလို့........၊ အချစ်ဆုံး သူငယ်ချင်း......မှသည်.......

0 comments: