Wednesday, June 27, 2007

A proposal for the internet rights charter

  1. The right to access to infrastructure irrespective of where you live
  2. The right to the skills, knowledge and skills enable people to use and shape the internet to meet their needs
  3. The right to free and open source software
  4. The right to equal access for men and women.
  5. The right to access and create content that is culturally and linguistically diverse
  6. The right to engage in online protest
  7. The right to access to knowledge
  8. The right to freedom of information
  9. The right to access publicly funded information.
  10. The right to freedom from surveillance
  11. The right to use encryption
  12. The right to multilateral democratic oversight of the internet
  13. The right to transparency and accessibility of the internet legislative body
  14. The right to a decentralized, collaborative and interoperable internet
  15. The right to rights protection, awareness and education
  16. The right to recourse when rights are violated.
  17. The right to interfaces, content and applications accessible to all (“inclusive design”)
More detail and full text :-) here we go http://rights.apc.org/charter.shtml

Friday, June 22, 2007

အဟောင်းများ အသစ်ဖြစ်စေတဲ့ "မိုး"

ကျနော် စိုင်းစိုင်းသည် စာရေး..ရေး.. ကဗျာ..ရေး ရေး တခါမြှဖစ်ဖြစ်မြောက်မြောက် မရှိ
ခဲ့တဲ့သူပါ။ ငယ်ငယ်ကဆို စာစီစာကုံး ရေးရင်လည်း စာမျက်နှာတမျက်နှာပြည့်အောင် မရေး
ခဲ့ဖူးဘူး။ မြန်မာစာဘာသာဆိုရင် အမှတ်က ၅၀ တခါမှကို ကျော်တယ် ဆိုတာ မရှိခဲ့ဖူးပါ။
အခုတော့..ယူဆဂိ က မိုးဆိုတာ Tag လိုက်တော့လည်း. ဖျစ်ညစ် ပြီးမရွာချင်ဘဲသွန်းဖြိုးရ တော့မည်။ အဟောင်းများလည်း အသစ်ဖြစ်ရတော့မည်ပါလားနော်။ (ကျနော်လည်း တချိန်တုံးကာလက မျက်ရည်မိုးရွာခဲ့ဖူးပါသည်) အဟီး ဟီး..

မိုးအကြောင်းမရေးခင် ကျနော်နေတဲ့ ပတ်ဝန်းကျင်အကြောင်းလေးနည်းနည်းမိတ်ဆက်ပါရ
စေ။ ကျနော့် ငယ်ငယ်က နေတဲ့အိမ်ရဲ့ရှေ့မှာ မြောင်းငယ်လေးရှိတယ်။ အဲဒီမြောင်းလေးက
နွေ၊ ဆောင်း ဆိုရင် ရေလုံးဝမရှိပါဘူး။ မိုးတွင်း ဆိုရင်တော့ ရေတြွေပည့်လေ့ ရှိတယ်လေ။
အိမ်နဲ့ မလှမ်းမကမ်းမှာလည်း ချောင်းကြီးရှိပါတယ်။

မိုးရာသီ ဆိုရင် ရေရေလည်လည် စိတ်ညစ်ပါတယ်။ အကြောင်းက မြောင်းတွေက ရေတွေ
ပြည့်ပြီး ရေတွေအိမ်ထဲဝင်တယ်။ နယ်ဆိုတဲ့အတိုင်း လမ်းတွေကလည်းမကောင်း ဗွက်တွေ
ရွံ့တွေနဲ့။ တနေရာကတနေရာ သွားလာရတာလဲ ခက်ခဲတယ်။ ရေတွေကဝင်..အား.. စိတ်
ကုန်တယ်။ မိုးရွာရင် အိမ်ထဲကို ရေတွေမဝင်အောင် သဲအိတ်တွေနဲ့ ကာရတာ လဲအမော။
ကျောင်းသွား ကျောင်းပြန်လည်း ဒုက္ခရောက်ပါတယ်။ ရေတြွေကီးလို့ တချို့သူငယ်ချင်းတွေ
ဆိုရင် ကျောင်းတောင် မလာနိုင်အောင်ဖြစ်ခဲ့တယ်လေ။ အဲဒီအတွက်ကြောင့်လည်း စာတွေ
နောက်ကျခဲ့ကြတယ်လေ။ အဲဒီအတွက်လည်း စိတ်မကောင်းဖြစ်ခဲ့ရတယ်။

မှတ်မှတ်ရရ ကျနော် ၆ တန်းလောက်က ရေကြီးတော့ ကျနော့်အိမ်က ပေပါတွေ၊ ဆီပုန်းတွေ
ရေထဲတော်တော်ပါသွားခဲ့တယ်။ ကျနော့် သူငယ်ချင်းအိမ်ကဆို လက်ဖက်အိတ်တွေ ရေထဲ
ပါကုန်တယ်ပေါ့။ အဲဒီနှစ်က ကျနော်တို့နေတဲ့ ပတ်ဝန်းကျင်က ဆုံးရံှုးမှုတွေတော်တော်များ
ခဲ့ပါတယ်။

မိုးနဲ့ပတ်သက်ရင် ကျနော် ငယ်ငယ်ကတည်းကစပြီး ယခုထက်တိုင် ကံမကောင်းခဲ့ပါ။ကျနော့်
မှာလဲ အကြောင်းတွေရှိခဲ့ပါတယ်။ ကျနော့်မှာစဲွစဲွလှမ်းလှမ်းချစ်ခဲ့ဖူးသူ မမတယောက်ရှိခဲ့ဖူး၏
သူ၏နာမည်သည်လည်း မိုး ဟုခေါ်၏။ ဒါပေမယ့် သူ့ကို ကျနော် ချစ်တယ် ဆိုတဲ့ စကား ယခု တိုင်မပြောသေးပါ။ မပြောရသည့် အကြောင်းရင်းများလည်း များစွာရှိခဲ့ပါတယ်။ အဲဒီ အ ကြောင်းကို မှတ်မိသလောက် ပြန်ရေးချရလျှင် ပြီးတော့မည်မဟုတ်ပေ။ မှတ်မှတ်ရရ သူကျနော့် ကိုပေးထားခဲ့တဲ့စာတွေရှိပါသည်။.နောက်ဆုံး သူပေးခဲ့သည့်....

သို့/
သက်ဆိုင်သူထံသို့
သတိရတယ်ဆိုရင်ယုံမှားလား။ စိုင်းစိုင်းကော ဒို့ကိုသတိရရဲ့လား။ စိုင်းစိုင်းကိုဒို့ပြောချင်တာ
တွေအများကြီးပါပဲ၊ ဒို့ပြောမဲ့စကားကလည်း ဒို့ရင်ထဲကရှိတဲ့အတိုင်းပြောပြချင်တယ်။မဟုတ်
တဲ့အကြောင်းတွေကိုတော့မပြောချင်ဘူး။ ဒါပေမဲ့ဘယ်ကနေစပြီး ပြောရမှာကိုမသိတော့ဘူး
ဖြစ်နေတယ်။ ပထမဦးဆုံး ပြောမယ့်စကားကတော့ စိုင်းစိုင်းကို ဒို့အသဲနှစ်အောင်ချစ်တယ်။
ဘာနဲ့မှတိုင်းတာလို့မရတဲ့အချစ်တစ်ခုပါ။ဘာလို့ဒီလောက်ထိတောင်စိုင်းစိုင်းကိုအချစ်ကြီး
ချစ် နေရတာလည်းဆိုတာကိုယ့်ကိုယ်ကိုလည်းအံ့သြမိတယ်။ စို်င်းစိုင်းကိုဒို့ဘဝလက်တဲွဖော်
အဖြစ်ဒို့စဉ်းစားထားခဲ့တယ်။ စိုင်းစိုင်းရဲ့ ဓါတ်ပုံကို ဒို့ဘာဖြစ်လို့ယူလာရတာလည်း ဆိုတာ
စိုင်းစိုင်းကိုဒို့ပြောပြမယ်။ ဒို့စဉ်းစားထားတာက စိုင်းစိုင်းရဲ့ဓါတ်ပုံကိုစာနဲ့အတူဒို့အမေဆီကို
အားလုံးဖွင့်ပြောမလို့ပါ။ဒါပေမဲ့…စိုင်းစိုင်းရဲ့ရင်ထဲကကောဒို့ကိုဘဝလက်တဲွဖော် တစ်
ယောက် အနေနဲ့စဉ်းစားနေ သေးလားဆိုတာကို ဒို့မသိနေတော့ ဒို့ရဲ့ အဖေအမေဆီကို
မပြောပြချင်ဘူးလေ။

ဒို့ချစ်တဲ့စိုင်းစိုင်းတစ်ယောက်ကိုလည်း ဒို့အဆုံးရံူးမခံနိုင်ဘူး။မိန်းကလေးတစ်ယောက်ဖြစ်ပြီး
တော့ မရှက်ဘူးလားလို့ စိုင်းစိုင်းစိတ်ထဲမှာပြောနေမှာ ဆိုတာကိုလည်းသိပါတယ်။ ဒို့လည်း
အမှန်အတိုင်းပဲဝန်ခံချင်တယ်။ စိုင်းစိုင်းကိုသူငယ်ချင်းတစ်ယောက်လိုမျိုးလည်းမထားချင်ဘူး။
တော်ပြီနော်ပြောလို့မဆုံးတော့ဘူး…….

“စိုင်းစိုင်းရဲ့ရင်ထဲက ဒို့အပေါ် ဘယ်လိုစိတ်မျိုးထားလဲဆိုတာသိခွင့်ရှိမှာလား?”

ဒီစာကို ကျနော်လက်ခံရပြီးတဲ့ နောက် တလောက်ကျော်ကျော်လောက် မှာဘဲ သူလက်ထပ်
သွားခဲ့ပါတယ်။...သူရဲ့ မင်္ဂလာဧည့်ခံပဲွကိုလည်း ကျနော်သွားခဲ့ပါတယ်။..
ဒါကြောင့် မိုးဆိုရင် တော်တော် ထိပ်လန့်ပါတယ်။.....ကျနော့်အဖို့တော့မိုးသည်အလွန်တရာ
မာယာများ၏၊ နေပူလျှင်လည်း ရွာချင်ရွာသည်။ မိုးအုံပြီးလည်း ရွာချင်မှရွာသည်။ ပြောပြီးတဲ့
အရာများလည်း သူမဟုတ်သလို နောက်ဆုံးတွင်အားလုံးပျက်ပြယ်ကုန်ပါသည်။

Saturday, June 16, 2007

ကျနော်တို့မြန်မာလူမျိုးများရဲ့သဘောထားများအချို့

၁. ယဉ်ကျေးလိမ္မာ များထက်သာတဲ့ အ့ဲဒါဒို့မြန်မာပါ။
၂. မျိုးကောင်းသားများ မွေးဖွားရာ အ့ဲဒါဒို့မြန်မာ။
၃. ကိုယ်ချင်းစာတရား ထားတတ်တာ အ့ဲဒါဒို့မြန်မာ။
၄. ကူညီဖို့ရာ လက်မနှောင့်မနှေးတာ အ့ဲဒါဒို့မြန်မာ။
၅. အညိှးအတေးမကြီးတတ်တာ အ့ဲဒါဒို့မြန်မာ။
၆. အမှတ်မရိှ သနားတတ်တာ အ့ဲဒါဒို့မြန်မာ။
၇. အမြဲလိုလို အားနာတတ်တာ အ့ဲဒါဒို့မြန်မာ။
၈. ဘာတြွေဖစ်ဖြစ် ပြုံးနေတတ်တာ အ့ဲဒါဒို့မြန်မာ။
၉. ရှေ့နောက်မတူ အလည်ထိုင်လွဲ ဇွဲမလျှော့တာ အ့ဲဒါဒို့မြန်မာ။
၁၀. အမှားအမှန်မဝေဖန် ခေါင်းငုံ့ခံတာ အ့ဲဒါဒို့မြန်မာ။
၁၁. နဲနဲလုပ်ငြား များများကြွား မှတ်သား အ့ဲဒါဒို့မြန်မာ။
၁၂. ငါနဲ့မူမတူ ငါ့ရန်သူ မှတ်ယူ အ့ဲဒါဒို့မြန်မာ။
၁၃. သူများကောင်းစား မနာလိုပွား အ့ဲဒါဒို့မြန်မာ။
၁၄. သူများအပေါ်ကောင်း အချင်းချင်းထောင်း အ့ဲဒါဒို့မြန်မာ။
၁၅. မဆင်ချင်ပါ အထင်ကြီးတာ အ့ဲဒါဒို့မြန်မာ
၁၆. ဘယ်လိုနှိပ်စက် မနာတတ်တာ အ့ဲဒါဒို့မြန်မာ။
၁၇. ရှိရှိ၊မရှိရှိ ကြွားဝါတတ်တာ အ့ဲဒါဒို့မြန်မာ။
၁၈. သာပေါင်းညာစား ပြောဆိုတတ်တာ အ့ဲဒါဒို့မြန်မာ။
၁၉. ဟိုဒီအကြောင်းပြ အပျင်းကြီးတာ အ့ဲဒါဒို့မြန်မာ။
၂၀. ရာထူးဂုဏ်သိန် အလွန်မက်တာ အ့ဲဒါဒို့မြန်မာ။
၂၁. ရိုးသားသူများလူ့ငနွား ခေါ်ခံရတာ အ့ဲဒါဒို့မြန်မာ။

ကျနော်မြန်မာလူမျိုးများရဲ့စီးပွားရေးဦးတည်ချက်များ

၂၂. လေယာဉ်ပိုင်ရှင်ပေါ်လို့လာ အ့ဲဒါဒို့မြန်မာ။
၂၃. Credit Card မသုံးပါ လက်ငင်းရှင်းတာ အ့ဲဒါဒို့မြန်မာ။
၂၄. Hand phone ၁လုံး သန်းချီတန်တာ အ့ဲဒါဒို့မြန်မာ။
၂၅. ပုခုံးပွင့်ရှိမှအလုပ်ဖြစ်တာ အဲ့ဒါတို့မြန်မာ။
၂၆. တံခါးဖွင့်စီးပွား ရေလောင်းရတာ အ့ဲဒါဒို့မြန်မာ။
၂၇. ကပ်ပွားသမားများချမ်းသာတာ အ့ဲဒါဒို့မြန်မာ။
၂၈. ကားအဟောင်းတွေ စျေးကောင်းရတာ အ့ဲဒါဒို့မြန်မာ။
၂၉. တိုရိုတာ မှ ရွှေသာယာ ဖြစ်တာ အ့ဲဒါဒို့မြန်မာ။
၃၀. ၀ပ်သောက်ကားများ ၀န်ကြီးကားဖြစ်လာ အ့ဲဒါဒို့မြန်မာ။
၃၁. လိပ်တက်ကားစီး ၀န်ကြီးမြေး အ့ဲဒါဒို့မြန်မာ။
၃၂. လူကြီးအမျိုးများ ကောင်းကောင်းဝါး အ့ဲဒါဒို့မြန်မာ။
၃၃. စီးပွားဖြစ်ရာ လိုက်လုပ်တတ်တာ အ့ဲဒါဒို့မြန်မာ။
၃၄. ပိုက်ဆံစျေးကျ သုံးမရ အပြုံးမပျက်တာ ဒို့မြန်မာ။
၃၅. စီးပွားပိတ်ဆို့ အမေရိကန်တို့ ဂရုမစိုက်တာ ဒို့မြန်မာ။
၃၆. ရက်ကွက်တစ်ခု Pub သုံးခု ဖွင့်လို့ဖြစ်တာ ဒို့မြန်မာ။
၃၇. တောင်သူလယ်သမား ဘိန်းစိုက်စား စီးပွားတက်တာ ဒို့ဗမာ။
၃၈. လူချမ်းသာသားများ အလုပ်ရှား စီးရီးထုတ်တာ ဒို့ဗမာ။
၃၉. မြန်မာပြည်သားများ မလေးရှားသွား အလုပ်သမားဖြစ်လာ ဒို့ဗမာ။

ကျနော်တို့မြန်မာလူမျိုးများရဲ့ ပညာရေးဦးတည်ချက်များ

၄၀. ပညာတတ်များ ဒေါင့်ပို့ထား အ့ဲဒါဒို့မြန်မာ။
၄၁. ဖတ်တတ်ယုံလေး သင်ကာပေး ဆိုးရွားနေတာ ဒို့မြန်မာ။
၄၂. ဘွဲ့ရသော်ငြား အလုပ်ရှား မှတ်ထား ဒို့မြန်မာ။
၄၃. ၁၀တန်းအောင်များ နိုင်ငံခြားသွား တက္ကသိုလ်မတတ်တာ ဒို့မြန်မာ။
၄၄. တက္ကသိုလ်သား မှန်ခဲ့ငြား ဖဲရိုက်တတ်တာ ဒို့မြန်မာ။
၄၅. တစ်နှစ်ဆယ်ရက် အဝေးသင်တက် အောင်ချက်ကောင်းတာ ဒို့မြန်မာ။
၄၆. သမိုင်းကြောင်းများ ပုံပြင်လား မှတ်သား ဒို့မြန်မာ။

ကျနော်တို့မြန်မာလူမျိုးများရဲ့ကျန်းမာရေးဦးတည်ချက်များအချို့

၄၇. တစ်နေ့နှစ်ခါ နှစ်လုံးရောဂါ အ့ဲဒါဒို့မြန်မာ။
၄၈. ဆေးဝါးမရှိပါ နယ်ဆေးရုံမှာ အ့ဲဒါဒို့မြန်မာ။
၄၉. အေကိုက်သူများပေါများလာ အ့ဲဒါဒို့မြန်မာ။ အားကစားဦးတည်ချက်
၅၀. ဘောလုံးကန်ပွဲ သောက်ရှက်ကွဲလည်း စိတ်မနာနိုင်တာ ဒို့မြန်မာ။
၅၁. ဘောလုံးပွဲမှာအမြဲသာ သောက်တလွဲဖြစ်တာ ဒို့မြန်မာ။

ကျနော်တို့မြန်မာလူမျိုးများရဲ့ဘာသာရေးဦးတည်ချက်များအချို့


၅၂. ဗုဒ္ဓသာသနာ ထွန်းကားရာ အ့ဲဒါဒို့မြန်မာ။

၅၃. ကျောင်းကန်ဘုရား ပေါလှတာ အ့ဲဒါဒို့မြန်မာ။
၅၄. အလှူဒါန ရက်ရောတာ အ့ဲဒါဒို့မြန်မာ။
၅၅. နေရာတိုင်းလို လှူစေလို ကောက်ခံတတ်တာ ဒို့မြန်မာ။
၅၆. ကိစ္စပြီးအောင် အရက်လက်ဆောင် ကန်တော့ရတာ ဒို့မြန်မာ။
၅၇. နိဗာန်ရောက်ကြောင်းတရားကောင်း ချဲအတိတ်ကောက်တာ ဒို့မြန်မာ။
၅၈. ချဲပေါက်ဖို့အကြောင်း ဆုတွေတောင်း ဘုရားနားငြီးတာ ဒို့မြန်မာ။
၅၉. နတ်ပန်းမညိှုး ဘုရားပန်းညိှုး စဉ်းစားစရာ ဒို့မြန်မာ။
၆၀. ကြွားဝါဘို့အရေးအလှူပေး ယဉ်ကျေးလိမ္မာ ဒို့မြန်မာ။
၆၁. ဗေဒင်စကား ထင်ယောင်မှား ယတြာချေတာ ဒို့မြန်မာ။
၆၂. များများလှူမှ နိဗ္ဗာန်ရ ထင်ကြ ဒို့မြန်မာ။
၆၃. လော်နဲ့အော်မှစိတ်တိုင်းကျ ဓလေ့ဖြစ်လာ ဒို့မြန်မာ။
၆၄. လှူယောင်ဟန်ထွင် သရုပ်သွင် ပေါ်တင်လုပ်တာ ဒို့မြန်မာ။

ကျနော်တို့မြန်မာလူမျိုးများရဲ့လူနေမှုရေးဦးတည်ချက်များအချို့

၆၅. ကူညီသယောင် အယောင်ဆောင် မျက်နှာပြောင်တာဒို့မြန်မာ
၆၆. ဟိုဒီစပ်စပ် အကုန်တတ် ဆရာများတာ ဒို့မြန်မာ။
၆၇. မသိလည်း လက်ခံ ၊ နားမလည် လည်း ပြန်မမေးနဲ့ ခေါင်းညိမ့်လက်ခံ လမ်းကြောင်းမှန် မှတ်သားတို့ဗမာ
၆၈. ရုံးကိစ္စများ အခါခါ သွား ၊ ပွဲစား ရှိထား အဆင်ပြေသွား
၆၉. စစ်ကားရိုက်ငြား သရုပ်ဆောင်များ အကယ်ဒမီရတာ ဒို့ဗမာ။
၇၀. မီးမလာဘဲ အမှောင်ထဲ ဖဲရိုက်တတ်တာ ဒို့ဗမာ။
၇၁. ယဉ်ကျေးမှုလည်း မြင့်ခဲ့တာ အဲဒါဒို့မြန်မာ
၇၂. ၂၄ နာရီမီးပျက်နေတာ အဲ့ဒါတို့မြန်မာ...
၇၃. ပိုက်ဆံတောင်းတာ အကျင့်ပါ အဲ့ဒါမြန်မာ့ ၀န်ထမ်းပါ။
၇၄. ရုံဝန်ထမ်းတွေ လက်ဖက်ရည်သောက်တာ တို့ဗမာ. (အကို လက်ဖက်ရည်ဖိုးလေး မစပါဦး..)
၇၅. အသင်းအဖွဲ့ ဖွဲ့လည်း စိတ်ဝမ်းကွဲ ကြာကြာမမြဲတာ တို့ဗမာ
၇၆. သင်္ကြန်တွင်းဆို အသေပျော်တာ ဒို့ဗမာ
၇၇. ၀က်ဆိုက် အများစု ဘမ်းခံရတာ ဒို့ဗမာ
၇၈. ကော်ပီ ( သီချင်း ) ဆိုတာ ဒို့ဗမာ
၇၉. ၃ရက်နဲ့ ဗီဒီယို တစ်ကားပြီးအောင်ရိုက်နိုင်တာ ဒို့ဗမာ
၈၀. ဘစ်ကားပေါ် အထောက်တော်.. ပေါများနေတာ တို့မြန်မာ..
၈၁. လမ်းဘေးတိုင်းမှာ ဆိုင်ကွမ်းယာ တွေ့မြင်နိုင်တာ တို့မြန်မာ..
၈၂. တောင်းစားသူများ လွန်ပေါများ နေရာတိုင်းမှာ တွေ့နိုင်တာ ..
၈၃. လက်ဖက်ရည် ဆိုင်ဆို ကြည့်ကြည့်ပါ အချိန်မရွေး စည်နေတာ ဒို့ဗမာ
၈၄. Connection speed မကောင်းတာဟာ..အဲတာ တို့မြန်မာ..
၈၅. ချစ် ကြိုက် ကွဲ ညား ဇာတ်လမ်းတဲွများ မရိုးနိုင်ပဲ အားပေးနေတာ ဒို့ဗမာ
၈၆. ကူးခွေထွက်တော့မတရား ၊ကွန်ပြူတာဆော့ဖ်ဝဲ အလကားသုံးတော့ တရားတာ ဒို့ဗမာ

ကျနော်တို့မြန်မာလူမျိုးများရဲ့နိုင်ငံရေးဦးတည်ချက်များ

၈၇. တရေးနိုးမှ အိပ်မက်ရ မှတ်ဟဥပဒေ။
၈၈. မင်းကောင်း ကြာကြာမခံတာအဲဒါတို့ဗမာ
၈၉. တို့မြန်မာ..ပြည်သူအများ.... လွပ်လပ်ခွင့်နဲ့ဝေးလို့သွား... အရေးအသားပိတ်လို.ထား...
၉၀. ရှေ့ပြော နောက်လွဲ သတင်းစာ ရှင်းလင်းပွဲ
၉၁. ခန့်အပ်စာရ ရယက ပါ၀ါပြတာ တို့မြန်မာ။
၉၂. နှစ်အကြာဆုံး ဆောင်ရွက်မယ် စံချိန်တင်အောင်ကွယ် (သိပါတယ်နော်)
၉၃. သူ့အလှည့် သူ့ဂါထာ ငါ့အလှည့် ငါ့ဂါထာ ပေါ်လစီပြောင်းတာ တို့ဗမာ။
၉၄. ဗီတို (လနအသ) နှစ်လုံး အပြိုင်သုံး အပြုံးမပျက် တိုင်းပြည်တွက်
၉၅. ၀ါးလုံးခေါင်းထဲ လ သာမြဲ . . . ဒါ ဒို့ ဗမာပဲ

Wednesday, June 13, 2007

Ten Wonder in the World


Ancient Stonehenge situated in Sanfranciso the USA, starts 3000 BC


Angkor Wat Temple is situated in Angkor Ancient City, Cambodia starts Early 12 th



Eiffel Tower is located in Paris, France starts 1889 AD



Golden Gate Bridge is located in Sanfranciso the USA starts 1939 AD


Great Wall is located in Bejing China, starts 3 BC



Imperial Amphitheater is located in Rome, Italy starts 82 AD




Partheon Temple is located in Athens, Greece starts 447-432 BC

Pyramid is located in Gize, Egypt starts 2600 BC


Tajmahal is located in India starts 1630-1650 AD


Versailles is located in Palace, France starts 1623 AD

Monday, June 11, 2007

ဂုတ်ထိပ် သို့အလည်တခေါက်

အဥ္ဇလီ တင်ထားတဲ့ ပုံတွေတွေ့ပြီး စိုင်းစိုင်းလည်း အားကျမခံ Camera ကိုဆဲြွပီး ရှမ်းပြည် မြောက်ပိုင်းမှာ နာမည်ကြီးထင်ရှားတဲ့တံတားတခုစီကိုအလည်သွားလိုက်ပါတယ်။ဒီတံတား ကြီးက ရှမ်းပြည်မြောက်ပိုင်း မန္တလေးလားရိှုးကား လမ်းမကြီးပေါ်ကကျောက်မဲနဲ့နောင်ချို မြို့ ကြားမှာ တည်ရှိပြီး ဂုတ်ထိပ် တံတားလို့ခေါ်တယ်။မီးရထားသွား တဲ့ တံတားပါ။ဒုတိယ ကမ္ဘာစစ်ကြီးမတိုင်မှက ဆောက်လုပ် ပြီးစီးခဲ့တာ အခုဆိုလျှင်နှစ်ပေါင်း ၁၀ရ နှစ်ရှိသွားပြီ။ ၁၉၀၀ ပြည့်ခုနှစ်တုန်းကအင်္ဂလိပ်တွေ ဆောက်လုပ် သွားခဲ့တဲ့တံတားကြီး ဖြစ်ပါတယ်။ တံတားရဲ့ အရှည်ကတော့ ပေပေါင်း ၃၆၆၀ ရှိတယ်။ လိှုင်ဂူ ၂ ခုလည်းရှိ တယ်။ တခုက နည်း နည်းရှည်ပြီးကွေကောက်ပါတယ်။ ပေပေါင်း ၃၅၂ ပေ ရှည်ပြီးအမြင့် က ၁၈ ပေ၊ အကျယ်က ၁ရ ပေ ခဲွ ရှိတယ်။

စိုင်းစိုင်း တယောက် ဒီတံတားပေါ်မှာ တက်ပြီးလမ်းလျှောက် ခဲ့ချိန်မှာ အလွန်မှစိတ်လှုပ်ရှား ခဲ့တယ်။ မြင့်လည်း အရမ်းမြင့်တယ်လေ။ တချို့နေရာက ဇလီဖားတုံးတွေတောင်ဆွေးမြေ့ နေပါပြီ။ ဒါပေမယ်လို့ ယခုမြင်ရတဲ့အတိုင်း ဆေးရောင်ကတော့လွင်နေဆဲပါ။သိပ်မကြာခင် သေးတဲ့ ကာလမှာဘဲ ဆေးသုတ်ထားတာဖြစ်ပါတယ်။ ဘုရား..ဘုရားဆေးသုတ်တာမပြော နဲ့ စိုင်းစိုင်း အဖို့တော့ တံတားပေါ်ကို အရဲစွန့်ပြီး လျှောက်လိုက်ရပါတယ်။(ဘာဖြစ်လဲဆို တော့ ကျနော့်ရဲ့ Phobia က အမြင့်ကိုကြောက်တယ်) ဆေးသုတ်တဲ့သူတွေကဘယ်သူ တွေမှတ်လဲ.. စစ်ကိုင်းတံတားကို ဆေးသုတ်တဲ့သူတဲ့။ ဒီလူတွေတော်တော့ ကိုချီးကျူးဖို့ ကောင်းပါတယ်။


တံတားပေါ်က ရိုက်ထားတဲ့ပုံပါ

ရထားဝင်သွားရတဲ့ လှိုင်ခေါင်းတစ်ခု

ရထားကြီးတံတာပေါ်ဖြတ်သွားတဲ့အခါ

ရထားကြီးတံတားပေါ်စပြီးဖြတ်သွားချိန်မှာ အမီလှမ်းရိုက်ထားတာပါ

တုံချိ..တုံချိ နဲ့ တံတားပေါ်လမ်းလျှောက်ချိန်ရိုက်ထားတဲ့ပုံပါ

တုံချိ..တုံချိ နဲ့ တံတားပေါ်လမ်းလျှောက်ချိန်ရိုက်ထားတဲ့ပုံပါ

တံတားထိပ်ကနေရိုက်ထားတဲ့ပုံလေး

Friday, June 8, 2007

Privacy

ဘန်ကောက်၊ချင်းမိုင် ကကျနော့် သူငယ်ချင်းတွေအပြောအရ ကျနော် တော်တော် စိတ်မကောင်း ဖြစ်ရတယ်။ ကျနော့်တို့ဘလောက် ကို ကြည့်မရဘူးတဲ့ဗျ။ ဘလောက်တွေအားလုံးကို ဘန်းထားတဲ့ ပုံပါဘဲ ကျနော်တို့လက်ရှိ သုံးနေတဲ့ Cbox ကိုလည်းဘန်းထားလိုက်တာလွန်ရော ထိုင်းမှာ ရှိတဲ့ ISP တွေအားလုံး ကဘန်းထားတာဖြစ်လိမ့်မယ်။ ကျနော်တို့ဘလောက်ကို တော့..TOT ဆိုတဲ့ ISP ကိုသုံးတဲ့ သူတိုင်း Access လုပ်လို့ကိုမရဘူးတဲ့ဗျ။ ဒါကတော့ သူများတွေရဲ့ Privacy ကိုချိုးဖောက် တာဘဲ။ သူများတွေရဲ့ privacy ကိုချိုးဖောက်တာလောက် အောက်တန်းကျတာမရှိပါ.. ကျနော်တော်တော်ရွံမုန်းတယ်..စိတ်လည်း လေတယ်..တကယ်.. တကယ်ပါ။ လွန်ခဲ့တဲ့ ၂ လလောက်တုံးကလည်း www.youtube.com ဆိုတဲ့ ဆိုဒ်ကြီးကိုလည်း ဘန်းလိုက် တယ်လေ။...

ကျနော့်သူငယ်ချင်းများ...ကိုတောင်းပန်ပါတယ်။ ကျနော် မတတ်ခေါက်နဲ့စိတ်ထဲထင်တာ တွေ လျှောက်ရေးထားတဲ့ ကျနော့်ဘလောက်ကို ဖတ်တဲ့သူတိုင်းကိုလည်းကျေးဇူးတင်ပါ တယ်။ ကျနော့်အရေးအသားများလွန်သည်ဟုသတ်မှတ်ခဲ့ရင်လည်းခွင့်လွတ်ပါ။

ကျနော့် ဘလောက်က Cbox ကို မမြင်ရရင်...ဒီမှာ.. Click ပြီးတော့ ကြည့်နိုင်ပါတယ်။

Basic Computer Maintenance

* Clean files:
First off you need to delete all your trash, temp files, and files you no longer need. While in an ideal situation these temp files are deleted when the applications close but they aren’t. With poorly written programs, computer crashes, hanging programs and improper shutdowns always leave unneeded temporary files on your hard drive. These files pile up and start eating up hard disk space and start impairing computer performance. If your computer is moving at a snail pace then deleting the accumulated temp files may help to speed it up. You can fix some shutdown and download problems by cleaning up your temp files. Do the following:

  1. Start > Accessories > System Tools > Disk Cleanup
  2. Select the drive you want to clean. When it has finished, select the items that you no longer want.
Recommend: Clean 'Downloaded Program Files', 'Temporary Internet Files', 'Recycle Bin' and 'Temporary Files'.

* Remove unwanted startup items:
You might notice one day unrecognized items in your task tray. If you have unwanted items starting with windows it can and will slow down the boot process and they will take up memory.

Do the following:
  1. Start Menu > Programs > Startup. You will find programs in this folder, just delete the ones you do not want to start with windows. Then move on to the following:
  2. Start Menu > Run > Type in: msconfig.exe [Enter] Click the Startup tab and uncheck any items you don’t want to startup.
Recommend: If you are not sure what it is leave it and do a Google search on it.

* Remove unwanted applications:
You will have programs that you installed that will install other programs that you might not know about. Remove unwanted applications as they can overtime slow your system down. You cannot uninstall an application by just deleting files. Do the following to remove them:
  • Start > Control Panel > Add or Remove Programs. Here you can remove all programs that you do not need or want anymore. Select the application and click the remove button. This will uninstall the selected application.
Recommend: If you’re not sure then leave it and do a Google search on it.

* Clean and Defrag your registry:
With time your registry becomes fragmented and bloated with obsolete and invalid data that causes errors slowdowns and freezing of your system. Windows will try to load things that do not exist any more because of invalid registry entries so it then slows down your system leads to errors. Use Advanced Registry Optimizer. Select all 3 of the programs options and run them. Be sure to make a backup, just in case of a problem.

* Scan for adware and spyware:
In general, you do not want anything that relates to these topics on your computer. Adware is basically ads that can be found in programs or on websites. This adware selectively installs tracking software which is called spyware. This software runs behind the scenes and sends information to home. It is constantly using your memory, hard drive space and even your internet connection! Spyware has been known to stop browsers from working and even rendering a computer useless.

* Application: Spybot
Directions: Update this program, immunize, and run it. When it has completed, remove everything it has detected.

* Application: Ad-Aware
Directions: Update this program and run it. When it has completed, remove everything it has detected.

* Scan for viruses:
For those who do not know by now viruses can render your files useless on your computer and can corrupting your complete system. I do not think I need to go too deep about this. Use your anti-virus to check your system regularly.

Recommend: That you use one of the online scanner to check your system every other month. No one anti-virus program will find all viruses but some do a better job then others.

* Defrag your hard drive or hard drives as the case maybe:
Your computer writes to the first available area on your hard drive. Then over time your files start to be rearranged on your hard disk or fragmented as most will say. When your hard drive is fragmented and you try to load a program it may have to get 1 file from the inside of the hard drive, 1 file from the middle, then maybe 1 from the outside. This will cause a slower running system. When defrag your hard drive it tries to put the files back in order by organizing them in similar groups. That way the hard drive is hunting all over looking for them and that speeds up your system. Do the following:
  1. Start Menu > Programs > Accessories > System Tools > Disk Defragmenter/Check Now.
  2. Select the drive you want to defrag. When it is done you can close the window or select another drive to defrag.
Recommend you defrag at least once a month

* Clean your computer case:
Dust is a problem that affects everyone no matter where you live and even more if you live in a area where the dust is bad. If you have not cleaned the inside of your computer case in 6 months or longer than you need to get right on it. Dust build up is the number 1 computer killer/ problem causer in my humble opinion. Buy yourself a can of compressed air. Buy a 1 inch paintbrush for brushing off things.

Santana Holcomb
5 Star Support Technician

Thursday, June 7, 2007

International Free SMS

ကျနော်စာဖတ်နေတုံး သူငယ်ချင်းတယောက်က Gtalk ကနေပြီး GSM ဖုန်းကြောင်းမေးပါ တယ်။ ကျနော်လည်း သိသလောက်တော့ ပြောပြလိုက်ပါတယ်။စိတ်ဝင်စားဖို့ကောင်းတာ တခုက ကိုယ် PC မှာ ဘဲ SMS server တခု တည်ဆောက်ပြီး SMS ပို့တဲ့စနစ်တခုပါ။ ဒါတွေထားလိုက်ပါဗျာ။..ကျနော်လည်း အဲဒီအကြောင်းကို အရင်ကတည်းက စဉ်းစားခဲ့ ဖူးပါတယ်။

ကျနော်တို့ဆီမှာဆိုရင် SMS တွေကိုနိုင်ငံခြားကိုပို့မရဘူးမဟုတ်လား?..ပို့လို့ရတဲ့ နည်း လမ်း တွေလည်းရှိ တယ်လေ။ ဒါကတော့ Web browser ကိုသုံးပြီး SMS ပို့တဲ့စနစ်ပါ။ ကျနော်လက်ရှိအသုံးပြုနေတဲ့ Service က ကောင်းတယ်လို့ဆိုနိုင်ပါတယ်။ International ကိုပို့လို့ရပါတယ်။ Charges ကလည်း Free ပါ။ Registration တော့လုပ်ရပါတယ်။ Register လုပ်တဲ့အချိန်မှာ ကိုယ့် Email address တော့မှန်အောင်ထည့် ပေးရမှာပါ။ ဘာဖြစ် လဲဆိုတော့ Webserver ကနေပြီး Confirm code ကို ကိုယ့် Email ထဲကို ပြန်ပို့ ပေးမှာဖြစ် တဲ့အတွက် ကြောင့်ပါ။ SMS ပို့ရင် message ထဲမှာ ကိုယ့် IP address နဲ့ Email address ပါ တပါတည်းပါသွားတယ်။ အဲဒါကို အသုံးပြုချင်တဲ့ကျနော့် သူငယ်ချင်း အပေါင်းအပါများ ဒီမှာ Registration လုပ်ပြီးတော့အသုံးပြုနိုင်ကြောင်းပါခင်ဗျား။

Wednesday, June 6, 2007

သက်တံ့ရောင်စုံ စိတ်ကူးများနဲ့

ညနေခင်းရောက်ရင်
ကိုယ့်မှာ အလျင်စလိုဖြစ်ရတယ်
ချစ်သူရဲ့ မျက်နှာတော်ဦး
မော်ဖူးချင်လှပါပြီ
မွတ်သပ်လို့နေမိတယ်
မင်းလက်များနဲ့ မင်းတွေ့ကိုကွယ်

မင်းမှာလေ.....
ပေးစရာတွေများလှချည်ရဲ့
ဒီလိုဟန်ပန်မူရာမျိုးနဲ့
ကိုယ့်ကိုထိထိမိမိစဲြွငိစေခဲ့တယ်

မင်းအကြောင်းတွေတွေးကာ
မင်းပြုံးတာလေးတြွေမင်ယောင်ကာ
ကိုယ့်နှလုံးသားလေး ခုန်ကနေတယ်
မြူးကြြွမန်ဆန် လှုပ်ရှားစေမိတယ်
ညံစာစာပြေးအလွားနဲ့
စိတ်လှုပ်ရှားစေမိ
ကျေနပ်ပိတိဂွမ်းဆီထိလို့နေတယ်

ခပ်သွပ်သွပ် မှုန်နံ့သာခြယ်
ကေသာကိုအလြှပင်ကာရယ်
သက်တံ့လိုစိတ်ကူးနဲ့
မင်းရဲ့အလာကို
စောင့်ကြိုလို့နေမိပြီကွယ်။

Sunday, June 3, 2007

သက်ဆိုင်သူ

အိမ်မက်ကိုအနမ်းတွေလာလာပေးပြီး စိုင်းစိုင်းရဲ့ပွင့်ဖူးခါစနှလုံးသားကိုအဆိပ်ခတ်ခဲ့တဲ့... သူလေးတယောက် ....................

ဖြေဆေးမရှိဘူးလို့ဆိုတဲ့ ဒဏ်ရာတွေကို ကုသဖို့ ဘာကြောင့် စိုင်းစိုင်း တယောက်မကြိုး စားခဲ့.............?

ဒါတွေဟာ အိမ်မက်ကြောင့်လား................?
ဒါမှမဟုတ်
အိမ်မက်ထဲကို လာလာလည်ပြီး အနမ်းတွေပေးတဲ့ သူလေးတယောက်ကြောင့်လား?
နိုးထနေတဲ့ အချိန်မှာတောင် ဝေ၀ါးနေတဲ့ စိုင်းစိုင်းဘဝဟာ
တခြားကမ္ဘာမှာဆိုရင် ထူးခြားထြွေပားလာဖို့ဖြစ်နိုင်ပါ့မလား?

ဒါတွေ...ဒီဒုက္ခကြောင့် စို်င်းစိုင်းတယောက် ညညအိမ်ရမှာကို ကြောက်လွန်းလို့ညညဆိုရင် ပိုးစုန်းကြူးနဲ့ တူတူပုန်းတမ်းကစားဖို့ လမင်းကြီးကို တိုင်ပင်ကြည့်တော့..လမင်းကြီးရဲ့ အဖော်တော်ဖြစ်တဲ့ ကြယ်တာရာလေးတွေက သဘောမတူကြပါဘူး။

စိုင်းစိုင်းကို အိမ်မက်နတ်သမီးနဲ့ ဆုံစေချင်လိုတဲ့...သူတယောက်.......ဒီလိုနဲ့ဘဲ မွန်းကြပ်နေတဲ့ အိမ်မက်တွေထဲမှာ ပျော်မွေ့နေမိတဲ့စိုင်းစိုင်းတယောက်

တကယ်လို့များ.......စိုင်းစိုင်းဟာ နေ့ဖက်မှာအိမ်မက်တွေမက်နေတဲ့သူဖြစ်နေပြီ ဆိုရင်.......... ရူးသွပ်နေလေပြီ...လား?