Friday, June 22, 2007

အဟောင်းများ အသစ်ဖြစ်စေတဲ့ "မိုး"

ကျနော် စိုင်းစိုင်းသည် စာရေး..ရေး.. ကဗျာ..ရေး ရေး တခါမြှဖစ်ဖြစ်မြောက်မြောက် မရှိ
ခဲ့တဲ့သူပါ။ ငယ်ငယ်ကဆို စာစီစာကုံး ရေးရင်လည်း စာမျက်နှာတမျက်နှာပြည့်အောင် မရေး
ခဲ့ဖူးဘူး။ မြန်မာစာဘာသာဆိုရင် အမှတ်က ၅၀ တခါမှကို ကျော်တယ် ဆိုတာ မရှိခဲ့ဖူးပါ။
အခုတော့..ယူဆဂိ က မိုးဆိုတာ Tag လိုက်တော့လည်း. ဖျစ်ညစ် ပြီးမရွာချင်ဘဲသွန်းဖြိုးရ တော့မည်။ အဟောင်းများလည်း အသစ်ဖြစ်ရတော့မည်ပါလားနော်။ (ကျနော်လည်း တချိန်တုံးကာလက မျက်ရည်မိုးရွာခဲ့ဖူးပါသည်) အဟီး ဟီး..

မိုးအကြောင်းမရေးခင် ကျနော်နေတဲ့ ပတ်ဝန်းကျင်အကြောင်းလေးနည်းနည်းမိတ်ဆက်ပါရ
စေ။ ကျနော့် ငယ်ငယ်က နေတဲ့အိမ်ရဲ့ရှေ့မှာ မြောင်းငယ်လေးရှိတယ်။ အဲဒီမြောင်းလေးက
နွေ၊ ဆောင်း ဆိုရင် ရေလုံးဝမရှိပါဘူး။ မိုးတွင်း ဆိုရင်တော့ ရေတြွေပည့်လေ့ ရှိတယ်လေ။
အိမ်နဲ့ မလှမ်းမကမ်းမှာလည်း ချောင်းကြီးရှိပါတယ်။

မိုးရာသီ ဆိုရင် ရေရေလည်လည် စိတ်ညစ်ပါတယ်။ အကြောင်းက မြောင်းတွေက ရေတွေ
ပြည့်ပြီး ရေတွေအိမ်ထဲဝင်တယ်။ နယ်ဆိုတဲ့အတိုင်း လမ်းတွေကလည်းမကောင်း ဗွက်တွေ
ရွံ့တွေနဲ့။ တနေရာကတနေရာ သွားလာရတာလဲ ခက်ခဲတယ်။ ရေတွေကဝင်..အား.. စိတ်
ကုန်တယ်။ မိုးရွာရင် အိမ်ထဲကို ရေတွေမဝင်အောင် သဲအိတ်တွေနဲ့ ကာရတာ လဲအမော။
ကျောင်းသွား ကျောင်းပြန်လည်း ဒုက္ခရောက်ပါတယ်။ ရေတြွေကီးလို့ တချို့သူငယ်ချင်းတွေ
ဆိုရင် ကျောင်းတောင် မလာနိုင်အောင်ဖြစ်ခဲ့တယ်လေ။ အဲဒီအတွက်ကြောင့်လည်း စာတွေ
နောက်ကျခဲ့ကြတယ်လေ။ အဲဒီအတွက်လည်း စိတ်မကောင်းဖြစ်ခဲ့ရတယ်။

မှတ်မှတ်ရရ ကျနော် ၆ တန်းလောက်က ရေကြီးတော့ ကျနော့်အိမ်က ပေပါတွေ၊ ဆီပုန်းတွေ
ရေထဲတော်တော်ပါသွားခဲ့တယ်။ ကျနော့် သူငယ်ချင်းအိမ်ကဆို လက်ဖက်အိတ်တွေ ရေထဲ
ပါကုန်တယ်ပေါ့။ အဲဒီနှစ်က ကျနော်တို့နေတဲ့ ပတ်ဝန်းကျင်က ဆုံးရံှုးမှုတွေတော်တော်များ
ခဲ့ပါတယ်။

မိုးနဲ့ပတ်သက်ရင် ကျနော် ငယ်ငယ်ကတည်းကစပြီး ယခုထက်တိုင် ကံမကောင်းခဲ့ပါ။ကျနော့်
မှာလဲ အကြောင်းတွေရှိခဲ့ပါတယ်။ ကျနော့်မှာစဲွစဲွလှမ်းလှမ်းချစ်ခဲ့ဖူးသူ မမတယောက်ရှိခဲ့ဖူး၏
သူ၏နာမည်သည်လည်း မိုး ဟုခေါ်၏။ ဒါပေမယ့် သူ့ကို ကျနော် ချစ်တယ် ဆိုတဲ့ စကား ယခု တိုင်မပြောသေးပါ။ မပြောရသည့် အကြောင်းရင်းများလည်း များစွာရှိခဲ့ပါတယ်။ အဲဒီ အ ကြောင်းကို မှတ်မိသလောက် ပြန်ရေးချရလျှင် ပြီးတော့မည်မဟုတ်ပေ။ မှတ်မှတ်ရရ သူကျနော့် ကိုပေးထားခဲ့တဲ့စာတွေရှိပါသည်။.နောက်ဆုံး သူပေးခဲ့သည့်....

သို့/
သက်ဆိုင်သူထံသို့
သတိရတယ်ဆိုရင်ယုံမှားလား။ စိုင်းစိုင်းကော ဒို့ကိုသတိရရဲ့လား။ စိုင်းစိုင်းကိုဒို့ပြောချင်တာ
တွေအများကြီးပါပဲ၊ ဒို့ပြောမဲ့စကားကလည်း ဒို့ရင်ထဲကရှိတဲ့အတိုင်းပြောပြချင်တယ်။မဟုတ်
တဲ့အကြောင်းတွေကိုတော့မပြောချင်ဘူး။ ဒါပေမဲ့ဘယ်ကနေစပြီး ပြောရမှာကိုမသိတော့ဘူး
ဖြစ်နေတယ်။ ပထမဦးဆုံး ပြောမယ့်စကားကတော့ စိုင်းစိုင်းကို ဒို့အသဲနှစ်အောင်ချစ်တယ်။
ဘာနဲ့မှတိုင်းတာလို့မရတဲ့အချစ်တစ်ခုပါ။ဘာလို့ဒီလောက်ထိတောင်စိုင်းစိုင်းကိုအချစ်ကြီး
ချစ် နေရတာလည်းဆိုတာကိုယ့်ကိုယ်ကိုလည်းအံ့သြမိတယ်။ စို်င်းစိုင်းကိုဒို့ဘဝလက်တဲွဖော်
အဖြစ်ဒို့စဉ်းစားထားခဲ့တယ်။ စိုင်းစိုင်းရဲ့ ဓါတ်ပုံကို ဒို့ဘာဖြစ်လို့ယူလာရတာလည်း ဆိုတာ
စိုင်းစိုင်းကိုဒို့ပြောပြမယ်။ ဒို့စဉ်းစားထားတာက စိုင်းစိုင်းရဲ့ဓါတ်ပုံကိုစာနဲ့အတူဒို့အမေဆီကို
အားလုံးဖွင့်ပြောမလို့ပါ။ဒါပေမဲ့…စိုင်းစိုင်းရဲ့ရင်ထဲကကောဒို့ကိုဘဝလက်တဲွဖော် တစ်
ယောက် အနေနဲ့စဉ်းစားနေ သေးလားဆိုတာကို ဒို့မသိနေတော့ ဒို့ရဲ့ အဖေအမေဆီကို
မပြောပြချင်ဘူးလေ။

ဒို့ချစ်တဲ့စိုင်းစိုင်းတစ်ယောက်ကိုလည်း ဒို့အဆုံးရံူးမခံနိုင်ဘူး။မိန်းကလေးတစ်ယောက်ဖြစ်ပြီး
တော့ မရှက်ဘူးလားလို့ စိုင်းစိုင်းစိတ်ထဲမှာပြောနေမှာ ဆိုတာကိုလည်းသိပါတယ်။ ဒို့လည်း
အမှန်အတိုင်းပဲဝန်ခံချင်တယ်။ စိုင်းစိုင်းကိုသူငယ်ချင်းတစ်ယောက်လိုမျိုးလည်းမထားချင်ဘူး။
တော်ပြီနော်ပြောလို့မဆုံးတော့ဘူး…….

“စိုင်းစိုင်းရဲ့ရင်ထဲက ဒို့အပေါ် ဘယ်လိုစိတ်မျိုးထားလဲဆိုတာသိခွင့်ရှိမှာလား?”

ဒီစာကို ကျနော်လက်ခံရပြီးတဲ့ နောက် တလောက်ကျော်ကျော်လောက် မှာဘဲ သူလက်ထပ်
သွားခဲ့ပါတယ်။...သူရဲ့ မင်္ဂလာဧည့်ခံပဲွကိုလည်း ကျနော်သွားခဲ့ပါတယ်။..
ဒါကြောင့် မိုးဆိုရင် တော်တော် ထိပ်လန့်ပါတယ်။.....ကျနော့်အဖို့တော့မိုးသည်အလွန်တရာ
မာယာများ၏၊ နေပူလျှင်လည်း ရွာချင်ရွာသည်။ မိုးအုံပြီးလည်း ရွာချင်မှရွာသည်။ ပြောပြီးတဲ့
အရာများလည်း သူမဟုတ်သလို နောက်ဆုံးတွင်အားလုံးပျက်ပြယ်ကုန်ပါသည်။

0 comments: