Wednesday, November 4, 2009

ယနေ့အတွက် မှတ်သားစရာအချို့

ဒီနေ့ သူငယ်ချင်းတစ်ယောက်ရဲ့ ရင်ဖွင့်သံကို နားဆင်ခဲ့ရပါတယ်။ သူမနဲ့ ကျနော် စကားမပြောဖြစ်ခဲ့တာ ၃ နှစ်ကျော်လောက်နီးပါရှိခဲ့ပါပြီ။ အွန်လိုင်းမှာတွေ့ရင်လည်း နေကောင်းလား ဘာလားလောက်ဘဲပြော ဖြစ်ခဲ့ပါတယ်။ သူမ ကျနော့်ကို ရင်ဖွင့်ဖို့ စကားတွေ ပလ္လင်ခံနေခဲ့တာ ၅ ရက်လောက်ရှိပြီလေ။

ဘာအကြောင်းများလဲလို့ နားထောင်ခဲ့တာ သူမ အသဲကဲွတဲ့အကြောင်းပါ။ သူပြောတယ်။ တကယ်တမ်းတော့ အရေးအမကြီးတ ဲ့အကြောင်းအရာလေးပါတဲ့။ ဘယ်သူ့ကိုမှ လည်းမပြောပြချင်လို့ကျနော့်ကိုပြောပြပါ့ မယ်တဲ့။ (မှတ်ကရော ကျနော်တော့ စကားလုံးတွေစီပြီး ဒိုင်ယာရီလေးမှာ ချရေးလိုက်တယ်။)

...ကြိတ်မိတ်ပြီးရေးချလိုက်တယ်...


သူမက ကျနော့်ကို ဒီလို စပြောခဲ့တယ်။ သိပ်ပြီးတော့ အကြောင်းမထူးပါဘူး စိုင်းစိုင်းရယ်တဲ့။ စိတ်မကောင်းဖြစ်ခဲ့ ရတဲ့ အကြောင်းလေးပါတဲ့။ လွန်ခဲ့တဲ့လ အနည်းငယ်က ကောင်လေးတစ်ယောက်နဲ့ ရင်နှီးကျွမ်းဝင်ခဲ့ပြီး ဖုန်းနေ့တိုင်းပြောဖြစ်ခဲ့လို့ ဆိုပါတယ်။ အဲဒီကောင်လေးက သူ့မထက် ငယ်တယ် သူ့မှာ ရွေးစရာ အခွင့်အလမ်းတွေ အများကြီးရှိ ကြောင်းလဲပြောတယ်။

ဆက်ဆံရေးတွေအရမ်းကိုပြေလည်ခဲ့တယ်။ သူမ ဖုန်းချလိုက်မှာကိုလည်း အဲဒီကောင်လေး က အရမ်း စိုးရိမ်တယ်တဲ့။ သူ့ကို အရမ်းချစ်တယ်လို့ဆိုတယ်။ တသက်လုံးသူ့မနဲ့ဘဲနေသွားချင်တယ် လို့လည်း ပြောတယ်တဲ့ဗျာ။ အဲဒါကို သူက အရမ်းကို ခုံမင်နှစ်သက်ခဲ့ပါတယ်တဲ့။ သူ့တို့ ၂ ယောက် ဘယ်လောက်ချစ်တဲ့ ကြောင်း ပေါ့ဗျာ။

တရက်မှာ အဲဒီကောင်လေးရဲ့ E-mail ထဲကို သူမ ၀င်ကြည့်ဖြစ်ခဲ့တယ်တဲ့ဗျာ။ E-mail password ကို သူမ မသိပါဘူးတဲ့။ သူ့ကောင်လေးရဲ့ တခြား အကောင့် password ကို တချိန်တုံးက သူမ သိခွင့်ရခဲ့တယ်တဲ့။ အဲဒီ password က သူ့ကောင်လေး လက်ရှိ သုံးတဲ့ E-mail password နဲ့တူနေ တယ်ဆိုဘဲဗျ။ ထားလိုက်ပါတော့. ......

အီးမေးထဲမှာ တခြားကောင်မလေးတွေကို လည်း ဘယ်လိုချစ်တဲ့ကြောင်းကိုစာတွေပို့ထားတာ တွေကို သူမ တွေ့ခဲ့တယ်တဲ့။ အဲဒီအချိန်က စပြီး သူမ ရဲ့နှလုံးသားတွေ တစစီ ပဲ့ထွက်ကုန်တယ်တဲ့။

သူမ က ကျနော့်ကို မေးခွန်းတခွန်းမေးတယ်။

မင်းတို့ ယောကျင်္ားတွေ က လွယ်လွယ်နဲ့ ကောင်မလေးတစ်ယောက် ကို ချစ်တယ်လို့ပြော၊ အခွင်အရေး ယူသလားတဲ့။

ကျနော် ဘာမြှပန်မပြောတော့ပါ..... ..................... ...........

ကျနော့် ...... စိတ်ထဲမှာ ကြိတ်ပြီး သြော်.... မင်းတို့လို ..... အဲလိုမျိုး အဲဒီလို ယောကျင်္ားမျိုးဘဲ ထိုက်တန်တယ် လို့

3 comments:

Mawk said...

Hi,
Why did you say in mind that ကျနော့် ...... စိတ်ထဲမှာ ကြိတ်ပြီး သြော်.... မင်းတို့လို ..... အဲလိုမျိုး အဲဒီလို ယောကျင်္ားမျိုးဘဲ ထိုက်တန်တယ် လို့ ?

ဘယ်လိုမိန်းကလေးကအဲလိုဘဲထိုက်သံတာလဲ ?

Mawk said...

နည်းနည်းပြောပြအုံးနော်၊ မသိလို့ပါ။

ပျော်ရွင်ပါသေ။

TYZ said...

မှတ်သားလောက်ပါတယ်ရှင်။ အဲလို မိန်းခလေးမျိုးအဖြစ်မခံနိုင်ဘူး။ ဒါကြောင့် တိုက်စစ်တွေဆင်ထားရတော့မယ်။ ကျေးဇူးနော့်။ ဒါပေမဲ့ မိန်းခလေးတစ်ယောက် ရင်ဖွင့်တာကိုတော့ ............