Saturday, March 3, 2007

တပေါင်းလပြည့်

ဒီလိုတပေါင်းလပြည့်နေ့ဆိုရင် ကျနော်တို့ဆီမှာ ပဲွတွေအတော့်ကိုများတယ်။ ငယ်ငယ်က ဆိုရင် တပေါင်းလပြည့်နေ့ဆို ဘော်ကြိုဘရားပဲွအမြဲသွားလည်လေ့ရှိတယ်။ အဲဒီဘုရားပဲွက ကျနော်တို့နေတဲ့ ရွာနဲ့ ၈ မိုင်လောက်ဝေးတဲ့နေရာမှာရှိပါတယ်။ဘုရားပဲွကို သူငယ်ချင်းတွေ နဲ့ စက်ဘီးစီးပြီးသွားလည်လေ့ရှိတာပေါ့။သွားလည်တဲ့လူတွေလည်း ကြိတ်ကြိတ်ကို တိုးလို့ပါ။ အခုဆိုရင် အဲဒီဘုရားပွဲကိုလည်း မသွားရတော့ပါ။ အခုများဆို ဘုရားပဲွနဲ့ ဝေးခဲ့သည်မှာ ၈ နှစ်တာကြာခဲ့ပါပြီ။

ကျနော်က ဗုဒ္ဓဘာသာဝင်တဦးဖြစ်တော့ ဒီကနေ့တပေါင်းလပြည့်နေ့မှာ အသားမစားဘဲ သတ်သတ်လွတ်စားဖြစ်လိုက်တယ်လေ။

0 comments: