Friday, March 2, 2007

ဒီည သောကြာ Okie ပါ


ဒီနေ့ မနက်ထလာပြီးကတည်းက အဆင်မပြေ ပါ။ ငွေစာရင်းတြွေပန်ရှင်းနေရတယ်။ Credit Card နဲ့သုံးထားတဲ့စာရင်း တွေဘဏ်က ဘယ်လို တွက်ထား မှန်းကိုမသိပါ။ ဒေါ်လာ ၁၃၀ လောက်ကွာနေတယ်။ ဒီလတော့အဲဒီ အကြွေးတြွေပန်ဆပ် ရတော့မှာ ပါလား ကွယ်…။

လစာထုတ်ရက်လည်းဖြစ်တော့ ငွေလေးက လည်း ရွွှင်တယ်လေ။ ဒါနဲ့ ကုလားပြည်က တရား စခန်းဆောက်ဖို့ဆိုအလှူ ငွေ ထည့်ဖြစ် လိုက်တယ်…စခန်းနာမည်က ဘာဆိုလား.. (Tai Khuva Boonchum Meditation Center Buddhagaya, India) တယ်ဗျ။ ယက်ယက် ရောရော အလှူငွေ ၁၀၀ ထည့်လိုက်ပါတယ်။

သောကြာနေ့လည်းဖြစ်၊ ငွေလေးကလည်းရွွှင်ဆိုတော့…အဟဲဟဲ… ဘာပြောကောင်းမလဲ ညနေစောင်းရင်ဘော်ဒါတွေ နဲ့ Johnnie လမ်းလျှောက်အမဲရောင်လား…..အနီရောင်လား… အစိမ်းရောင် ဖြစ်မလားမသိပါ… သွားသောက်ဖို့တော့ ရှိတယ်ဗျ။ ဆိုင်ကတော့မရွေး ရသေး ပါဘူး…. စိတ်ပါရင် လိုက်လို့ရတယ်နော်…Welcome ပါဗျာ.. ဟော...ရေးနေရင်းတန်းလန်း ဘော်ဒါတွေဖုန်းဆက်ခေါ်လို့ ဒိုးပြီဗျို့။

0 comments: