Tuesday, July 31, 2007

အောင်လံမှာ ငလျှင်လှုပ်

ယနေ့ ဇွန်လိုင်လ ၃၁ ရက်နေ့နံနက်တွင် မြန်မာပြည်အလယ်ပိုင်း အောင်လံမြို့အနီးတွင် ဗဟိုပြုကာ 5.8 magnitude ပျင်းအားရှိတဲ့ ငလျှင်လှုပ်သွားတယ်လို့သိရတယ်။ လောလော ဆယ် ပျက်စီးဆုံးရံှုးမှု တစုံတရာမရှိဟု နေးရှင်း ဘရိက်ကင်းနယူး ကဆိုပါတယ်။

Sunday, July 29, 2007

Forgive me if you can

ကျနော်ထိန်းချုပ်ထားတဲ့ စိတ်တွေကို ဖြေလျှော့သောအားဖြင့် ဒီပိုစ့်လေးကို ထိုင်ရေးနေ ခြင်းဖြစ်တယ်။ ကျနော်ဟာ အောင်မြင်နေတဲ့ လူတယောက်မဟုတ်သလို ညံ့ဖျင်းပါတယ် ဆိုတဲ့လူစားထဲတွင် ပါ၀င်နေပါသလားဟူ၍ စဉ်းစားနေမိသည်။

ဂတိဆိုသော စကားကို ကျနော် လုံးစေ့ပတ်စေ့ နားလည်ခဲ့ပါတယ်။ လူတယောက်ဟာ ဂတိပျက်တယ်ဆိုရင် အဲဒီလူဟာ နောင်တချိန်မှာ လူအများနဲ့ဆက်ဆံရာမှာဘဲ ဖြစ်စေ၊ သူ၏ အနာဂတ်တွင်အခက်အခဲများ ရှိလိမ့် မည်ဟု ကျနော်နားလည်ခဲ့တယ်။ ဒါဟာ လူတယောက်၏ကျင့်ဝတ်ရဲ့မရှိမဖြစ်အလွန်ရေးကြီးတဲ့အခန်းဏ္ဍတရပ်ဖြစ်တယ်လို့လည်း လက်ခံယုံ ကြည်တယ်။ ဂတိဆိုသော အရာကို လွယ်လွယ်ကူကူ မပေးသင့်ပေ။ ကျနော် လွန်စွာ မုန်းသောသူမှာ ပေးထားသော ဂတိကိ ုဖျက်သူ ဖြစ်သည်။

ထိုအရာနှင့် ပတ်သက်၍ ကျနော်စိတ်မကြည်မလင်ဖြစ်သည်သာမက မပျော်ရွင်နိုင်ခဲ့ပေ
ဂတိဆိုသော စကားလုံးကို ကျနော် ဒီကနေ့ ဖောက်ဖျက်ခဲ့သည်။ အလွန်တရာမှ မုန်းတီး သော အရာကိုမှ ကျနော် ကျူးလွန်ခဲ့လေပြီ။ ထိုအရာကား ဖေဖေ မေမေထံ ပေးထားတဲ့ မသောက်ပါဘူး ဆိုတဲ့ ယမကာကို ကျနော် ဒီနေ့မှာဘဲ မလဲွမရှောင်သာ သောက်သုံး ခဲ့ပြီ။ ဖေဖေ မေမေ ထံပေးထားခဲ့တဲ့ ဂတိတွေ ပျက်စီးကုန်လေ၏။

နောက်နှောင်များတွင် ဂတိဆိုသော အရာကို သေသေချာချာ စဉ်းစားသုံးသပ်ခြင်းမရှိဘဲ မပေးအံ့ပေ။ ကျနော် ပေးထားသော ဂတိကိုဖောက်ဖျက်သောကြောင့် စိတ်ထဲတွင် ကို်ယ့်ကိုကိုယ် အင်မတန်မှပင် မပျော်ရွင်၍ အမှားကြီးတခုကိုကျူးလွန်ခဲ့သည်ဟု ခံစားရ ပါသည်။

တောင်းပန်ခြင်းဆိုသည် မှားယွင်းသောအချက်ဖြစ်ပါသည်ဟုလက်ခံသည်။ ထို့ကြောင့် ကျနော် သည် တောင်းပန်ခြင်းဆိုသည့် စကားလုံးကိုဆိုရပါတော့သည်။တောင်းပန်ခြင်း ဆိုသည်မှာ ကောင်းသောအရာမဟုတ်ပေ။ အလုပ်တခုကိုလုပ်မည်ဆိုပါက ကြိုတင်ပြီး တွေးတောကြံဆသင့်ပါသည်။ ထိုသို့မဟုတ်ခဲ့ပါက ရင့်ကျက်သောသူ မဖြစ်နိုင်သေးပေ။

ထိုအချက်များကြောင့် ကျနော်ဆိုသော စိုင်းစိုင်းသည် ပေးခဲ့သာ ဂတိများကြောင့် တောင်း ပန်ခြင်းဆိုသော စကားလုံးများကို ဆိုရပါလေပြီ။ နှောင်အချိန်များတွင် ကျနော်အလွန် အမင်း တန်ဖိုးထားသော ဂတိကို တည်နိုင်အောင် ဆက်လက်ကြိုးစားမည်။

Friday, July 27, 2007

Self evaluation (2)

ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ကာ ၂ လတာကြာမြင့်ချိန်တွင် ပြောင်းလဲမှုများ ရှိခဲ့ပါသည်။

(၁) တရက်လျှင် ၂ မိုင်ခဲွ ပြေးရာ ၂ လအတွင်း ပေါင်ချိန် ၈ ပေါင်ကျသွားသည်။
(၂) တနေ့ ကော်ဖီ ၃-၄ ခွက် သောက်နေကြ ယခု ၁ ခွက်သာ သောက်တော့သည်။
(၃) နေဖင်ထိုုးအောင် အိပ် သောအကျင့်ကို ဖျောက်နိုင်ခဲ့သည်။
(၄) အရမ်းကြိုက်ပါသည် ဆိုသည့် ဘီယာ၊ အရက် များကိုလည်း စွန့်လွတ်နိုင်ခဲ့လေပြီ။
(၅) သောကြာ၊ စနေ ညတိုင်းနီးပါး သွားနေကြ Club,Pub များသွားကာ မိုးလင်းအောင်
လည်တက်သော အကျင့်လည်းစွန့်ခဲ့ပြီ။

ပြောင်းလဲရန် ကျန်ရှိသော အချက်များ
(၁) စိတ်ရှည်ဆေးရှိပါက ထိုဆေးကို အမြန်ဆုံးရှာဝယ်၍ မှီဝဲရန်။ (စိတ်ကိုမရှည်နိုင်)
(၂) အလုပ်လုပ်ကို တက်နိုင်သမျှ အာရုံစိုက် လုပ်ရန်။ (အမှားကင်းအောင်)
(၃) ကျောင်းတော့ မပြီးသေး၊ Master ရနိုင်ဖို့ ဝေးပါသေး။ (၀ါးတားတား)
(၄) အလုပ်တခုကို မယ်မယ်ရရ ဇောက်ချ မလုပ်နိုင်သေး။ ( ယောင်ခြောက်ဆယ်)
(၅) ပျင်းရိသော အကျင့်ဆိုးကို ဖျောက်ဖျက်ရန်။
(၆) ရံဖန်ရံခါ အတွေးလွန်၍ စိတ်ဓါတ်ကျသည့် ရောဂါကို ကုသရန်။ (စိတ်ရောဂါ)
(၇) အလုပ်မရှိဘဲ ကွန်ပြူတာရှေ့တွင်ထိုင်၍ Chatting လုပ်ကာအချိန်ဖြုန်းခြင်း။

အဘယ်ကြောင့် ပြန်လည်သုံးသပ်မိပါသနည်းဟု ဆိုလျှင် လွန်ခဲ့သော ၂ လ ကျော်က ကျနော့် ငယ်ပေါင်း သူငယ်ချင်းများနှင့် တွေ့ဆုံဖြစ်ရာ ၎င်းတို့၏ ကျေးဇူးများကြောင့်ဟု ပြောနိုင်ပါသည်။ (ထိုသူများမှာ ယခုတွင် အောင်မြင်သော စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်သည်) 2007 မေလ နောက်ဆုံးပတ် အတွင်း ကျနော့်ဆီသို့ အချိန်လုကာ ၄ ရက် တာ အလည်လာ သွားခဲ့သော ငယ်ပေါင်း (အိုက်လား) ၏ စကားများလည်းပါသည်။ ၎င်း သူငယ်ချင်း များအား ကျေးဇူးအထူးတင်လိုပါသည်။

အချုပ်အားဖြင့်ဆိုလျှင် ကျနော့် ဖေဖေ ပြောသော " ငါ့သား အရာရာတိုင်းဟာ စိတ်ဘဲ၊ စိတ်ကို အလို မလိုက်ပါနဲ့ ကိုယ့်စိတ်ကိုနိုင်မှ အောင်မြင်မှု ဆိုတာဖြစ်မှာကွ " ဆိုသော စကားကို ကျနော် ယခုလက်ခံကျင့်သုံး နေလေပြီ။

Thursday, July 26, 2007

Show Search from the Start Menu

ကျနော့် ဘလောက်မှာ ဘာတွေတင်ရမလဲလို့. စဉ်းစားရင်း. ကိုအဥ္စလီကြီးနဲ့ ချက်တင်မှာ ချက် ဖြစ်တယ်။ သူက ပြောတယ် ကွန်ပြူတာအကြောင်းရေးတဲ့..အဟီး " inzali: ကောင်းတယ် ... ကွန်ပျူတာ သင်ရတာပေါ့ ... နောက်တာ မဟုတ်ဘူးနော် " ဆိုပြီး ကိုအဥ္စလီ ကအခုလိုပြန်ဖြေပါသည်။

ကျနော်လည်း ကွန်ပြူတာကို ကျွမ်းကျင်စွာတက်မြောက်သူမဟုတ်ပါ။ ဒီမနက်လေးတင် အလုပ်က မမ တယောက် သူ့ကွန်ပြူတာရဲ့ Start Menu Bar က Search ဆိုတဲ့ menu ပျောက်နေလို့တဲ့ စိုင်းစိုင်း လာလုပ်ပေးပါဦးဆိုပြီး. ကျနော်အပေါ်ထပ်ကို သူ့ကွန်ပြူတာရှိ ရာသို့ချီတက်သွားခဲ့ပါတယ်။ အို..ကျနော်လည်း ဘယ်လိုလုပ်ရမှန်းကို မသိတာနဲက.. ထုံးစံ အတိုင်း Google ကိုသွားပါတယ်။

Start Menu Bar မှာ Search ဆိုတဲ့ menu ကိုပေါ်စေချင်ရင် Window ရဲ့ Policy ကိုပြင်ပေးရတယ် လို့ဆိုပါတယ်။

Run>>regeidt လုပ်ပြီး registry ဖိုင်ကိုဖွင့်လိုက်ပါတဲ့။

အဲဒီမှာ User Key က
[HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\
Explorer] ပါ။

System Key: က
[HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\
Explorer] ပါ၊

အဲဒီမှာ Value Name: NoFind လုပ်ပြီ်:Data Type ကို REG_DWORD (DWORD Value)
Value Data: (0 = disabled, 1 = enabled) လို့ဆိုထားပါတယ်။

For more detail: Please visit here

ကျနော်လည်း အဲဒီအတိုင်းလုပ်လိုက်တယ်။ Window ကိုလည်း restart လုပ်ပြီး ဟော... Search ဆိုတဲ့ menu က Start Menu bar မှာပေါ်လာပါတော့သည်။ ဒါနဲ့က မမကလည်း ကျနော့်ကို လောကွတ်တရားကို ချောမွတ်ပါသလားဟုပင် မေးယူရလောက်အောင် ကျေးဇူးတင်ကြောင်းဘာညာကွိကွပေါ့ဗျာ..ကျနော်လည်း ကျေးဇူးတင်တယ် ဆိုရေ.. မွေးမွေး ပေးလို့ပြောလိုက်ရော..။ အဲလေသံက..ရုတ်ချည်း ကောင်စုတ်လေး... ဘာဖြစ်ညာဖြစ်.. * * % $ @.^ ... စုံနေအောင်ပင်.. $ % ^ & * # ^ ပါတော့သည်။


Wednesday, July 25, 2007

အတိတ်ကို ပြန်လည်တူးဆွမိခြင်း

ဪဒီနေ့ တိုက်တိုက်ဆိုင်ဆိုင်ဗျာ ကျနော်ရေးနေကြ Calendar ထဲက မှတ်စုများ ကိုတခုပြီးတခု ဖွင့်ဖတ်နေရင်း ငယ်စဉ်အခါတုံးက အကြောင်းလေးတွေ ရေးထားတဲ့ နေ့ရက်ကို သွားဖတ်ဖြစ်တယ်။ ဖတ်လို့တောင် မပြီးသေးဘူး ကျနော်ရေးထားတဲ့ အကြောင်းအရာထဲက ငယ်သူငယ်ချင်း က Gtalk ကနေ လှမ်းခေါ်တယ်ဗျာ။ အဲဒီ သူငယ်ချင်းက တခြားမဟုတ်ပါ ကျနော် ငယ်ငယ်ကတည်းက စာအတူတူ ကျက်မှတ် ခဲ့ကြတဲ့သူပါ။ ကျောင်းဆိုရင်လည်း အမြဲတန်း ပြေးတယ်။ ကျောင်းကသင်တဲ့ စာတွေ သူလိုက်မမှီခဲ့ တဲ့စာတွေကို ကျနော့်ဆီက ပြန်ကူးတယ် ပြန်မေးတယ်ဆိုပါတော့။ ဆယ်တန်းမှာ သချင်္ာနဲ့ ပတ်သက်ခဲ့ရင် ကျနော်ကဘဲ သူ့ကို တော်တော် ရှင်းပြခဲ့ရပါ တယ်။ ဆယ်တန်းဖြေတော့လည်း အတူတူ၊အောင်တော့ လည်း အတူတူပါ။ အမှတ်စာရင်း ထွက်တော့ သူ့ရဲ့ သချင်္ာအမှတ်က 97 ကျနော်က 94 ပါ။ ကျနော်က တိကျမှု မရှိတဲ့သူ တယောက်ပါ။ ဆယ်တန်းဖြေပြီးတော့လည်း ကျနော်က မန္တလေးမှာ GTI ဆက်တက် ဖြစ်တယ်။ သူကတော့ သူ့အိမ်အလုပ် ဆက်လုပ်ပြီး အဝေးသင် တက်တယ်လေ။

သူ့နဲ့ ကျနော် ဆယ်တန်းဖြေပြီး ကတည်းက အလာပ သလာပ မပြောဖြစ်ခဲ့တာ ကြာပါပြီ သူက လည်း Busy Man, ကျနော်အချိန်ကလည်း Tide Schedule ဆိုတော့ အခုမှဘဲ Gtalk ကနေ အလာပ သလာပ အစုံ ငယ်ကြောင်း နှောင်းဖြစ်တွေ ပွားဖြစ်တော့သည်။ သူသည်ယခု လက်ရှိတွင် အောင်မြင်သည့်စီးပွားရေး လုပ်ငန်းရှင်ကြီး တယောက်ဖြစ်နေပါပြီလို့ဆိုလျှင်ရ သည်။ ကျနော်တော့ ယခုအချိန်အထိ သင်လေချာလေ..ပေါင်း၊ နုတ်၊ မြောက်၊ စား(+,-,x,%) ဘဝ ကနေ မလွတ်သေး။

Tuesday, July 24, 2007

ဒီနေ့ကံမကောင်းပါ

ဒီနေ့ဘာတြွေဖစ်နေပါသနည်းဟု ကိုယ့်ကိုကိုယ် ပြန်လည်မေးမြန်းနေရပါသည်။ အကြောင်း မူကား ယနေ့တနေ့လုံး နေရထိုင်ရသည်မှာလည်း အဆင်ပြေမှုမရှိ သလို အလုပ်လုပ်ရသည် မှာလည်း ကထိကအောင့် ဟစ်ထစ်ထစ် ဖြစ်နေသည်။ မနက် ၆ နာရီလောက်ကတည်း က အိမ်ရာထကာ ယမန်နေ့ညကတည်းက မပြီးပြတ်နိုင်သော လက်ကျန်အလုပ်များဆက်လက် ရှင်းလင်း နေရပါတော့သည်။ ၈ နာရီခွဲကျော်တော့ ထုံးစံအတိုင်း အလုပ်သို့ ချီတက်ရတော့ သည်။ အလုပ်ရောက်ပြန်တော့လည်း ငွေစာရင်း ဌာနမှ စာရင်ကိုင် မမက ကျနော်လွန်ခဲ့တဲ့ ၅ တုံးက စရင်းရှင်းခဲ့သောငွေစာရင်း ဘောက်ချာများရှာမတွေ့ဟုဆိုကာ. ကျနော်မှာသြကာသ ကို "ဟောဘာဗျ" လို့သလိုက်မိပါသည်။ ၄င်းစာရင်းဘောက်ချာများမှာ ၁ ရွက် ၂ ရွက်တည်းမဟုတ် ဖိုင်တတဲွစာလောက်နည်းပါရှိသည်။ အဘယ်ကြောင့်များ ကြံကြံဖန်ဖန် အတောင်ပေါက်ကာ မြေရိှုး မိုးပြံသွားပါလိမ့်။ ပျောက်ခြင်းပျောက် ဖိုင်တတဲွလုံး ပျောက်လျှင်တည်း ရုတ်တိရှိလှပါသည်၊ ယခုကိစ္စမှာ ကျနော် ရှင်းလင်းထားတဲ့ ဖောက်ချာများသာ ပျောက်ချင်း မလှ ပျောက်နေလေသည်။ မှားယွင်းမှု တစုံတရာတော့ ရှိနေဟန်တူပါသည်။

Monday, July 23, 2007

Be careful talking on your Moblie

ကြက်ဥတလုံးနှင့် မိုဘိုင်းဖုန်းနှစ်လုံးကို ပုံ (၁) ပါတဲ့ အတိုင်းထားပြီး အဲဒီမိုဘိုင်းဖုန်း တလုံး ကနေ မျက်နှာချင်းဆိုင်ရှိ မိုဘိုင်းဖုန်းတလုံးကိုခေါ်လိုက်ပါ။ ၁၅ မိနစ်ကြာလျှင် မည့်မျှအကျိုး ဖြစ်ထွန်းမည်ကိုမသိရသေးသော်လည်း၊ ၂၅ မိနစ်ကြာလျှင် မိုဘိုင်းဖုန်းနှစ်လုံးကြားကကြက်ဥ သည် စတင်ပြီးပူနွေးလာပါလိမ့်မည်။ ၄၅ မိနစ်ကြာသော် ထိုကြက်ဥသည် အလွန်ပူလာသည် ကိုတွေ့ရပြီး၊ ၆၅ မိနစ်ကြာချိန်တွင် ထိုကြက်ဥမှာ ပုံ (၂) တွင်ပြထားသည့်အတိုင်းပြုတ်စရာ မလိုတော့ဘဲ ကျက်သွားပါလိမ့်မည်။

When you try to call someone through mobile phone, Don’t put your mobile closer to your ears. Mobile phone would use it’s maximum signaling power 2 Watts=33 DBI, (4-6 DBI is Harmless)

ပုံ (၁)

ပုံ (၂)

Sunday, July 22, 2007

မဝယ်နိုင်သောပန်းချီကားများ

ကူမင်းကသူချင်းတွေနဲ့ ချင်းမိုင်က အနုပညာပြတိုက်ကို ရောက်ခဲ့တယ်။ ဖြစ်ချင်တော့ အဲဒီပြတိုက်မှာ မြန်မာပြည်က ထိပ်တန်း ပန်းချီဆရာတွေရဲ့ ပန်းချီကားတွေကို ပြသထားတာတွေ့ခဲ့ရပါတယ်။ ပန်းချီကားတွေ တော်တော့ကို လက်ယာမြောက်ပါတယ်။ ပန်းချီကား တော်တော် များများကို ပြသထားတာတွေရသလို ပန်းပု တွေလည်း ရ ခုပါတာတွေခဲ့ရတယ်။ ပန်းချီကား စုစုပေါင်း ၁၁၉ ခုရှိတယ်လို့ သိရတယ်လေ။ ပန်းချီကားတွေရဲ့ တန်ဖိုးကအောက်ထစ် အမေရိကန်ဒေါ်လာ ၁၀၀၀ ရှိပြီး အမြင့်ဆုံးစျေးက အမေရိကန်ဒေါ်လာ ၁၇၀၀၀ အထိရှိတယ် ကျနော့်အဖို့ အဲဒီလောက် တန်ဖိုးကြီးမားတဲ့ ပန်းချီကားတွေကိုဝယ်ဖို့ အခွင့်အလမ်း ကျနော့်မှာမရှိလို့ အဲဒီထဲက ကြိုက်ပါတယ်ဆိုတဲ့ ပန်းချီကား တွေကို ဓါတ်ပုံရိုက်ယူခဲ့ရတယ်။





Thursday, July 19, 2007

၁၉ ဇူလိုင် ဒို့မမေ့နိုင်

Wednesday, July 18, 2007

အဖြေလေးရှိရင်ပေးခဲ့ပါ

ကျနော် ဒီနေ့ တော်တော်လေးကို စိတ်မကောင်းဖြစ်ရပါတယ်။ ကျနော်က ကျနော့်ဦးကြီးနဲ့ နေတယ်လို့ ဆိုရမယ်လေ။ အိမ်မှာက အိမ်အလုပ်တွေကို ကူလုပ်ပေးနေတဲ့ အိမ်ဖော် တယောက် ရှိတယ်။ သူက တော့ အိမ်မှာ အလုပ်လုပ်တာ ၁ နှစ်ကျော် လောက်ရှိပါပြီ။ ဖြစ်ချင်တော့..ကျနော့် ဦးကြီး အသိမိတ်ဆွေတစ်ယောက်ရဲ့ အိမ်က ကလေးထိန်းတယောက် လိုလို့ဆိုပြီး...ကျနော့် ဦးကြီးက.. အိမ်ကအိမ်ဖော်ကို ရှာခိုင်ထားတယ်လို့သိရတယ်လေ။ ဒါနဲ့ ဒီနေ့ဘဲ အဲဒီရှာခိုင်းထား တဲ့ကလေးထိန်း အိမ်ဖော်လေး တစ်ယောက်ရောက်လာ ပါ တယ်။ အသက်က ၁၅ နှစ်ဝန်းကျင်လောက်လို့ခန်းမှန်းရတယ် လေ။ အဲဒီကလေးထိန်း လေး က.. ကျနော်တို့အိမ်မှာအလုပ်လုပ်နေတဲ့ အိမ်ဖော်ရဲ့ တူမတဲ့..

အသက်ငယ်ငယ်နဲ့ဘာဖြစ်လို့..အလုပ်လာလုပ်သလဲလို့ ကျနော့်စိတ်ထဲမှာ..မကောင်းသလို ခံစားမိတယ်။ သူ့အရွယ်က ပညာသင်၊ ပညာရှာရဲ့ မယ့်အရွယ်မဟုတ်လား။ ဒါနဲ့ ကျနော့် အမ (ကလေးမဆရာမသူငယ်ချင်း) တစ်ယောက်ရဲ့ ပြောပြချက်အရ ..အဲဒီကလေးမလေးက ကျောင်းတက်နေပါတယ်တဲ့.. စာလည်း အင်မတန်တော်ပါတယ်တဲ့...အဲဗျာ... ဒါဆိုရင်ဘာဖြစ် လို့အလုပ်လာလုပ်သလဲ ဆို တော့ သူအိမ်ကလာလုပ်ခိုင်းတာတဲ့ဗျ..ဒါဆိုကျောင်းကကော.. ဆိုတော့ ကျောင်းထွက်ပြီးလာတာတဲ့..ဘယ်လိုလုပ်ကြ မလဲ..သူလေးကကျောင်းဆက်တက် ချင်သေးတယ်တဲ့... သူကျောင်းမထွက်ချင်တဲ့ အကြောင်းကိုလည်း သူရဲ့ ဆရာမ ကို ငိုပြီး ပြောပါတယ်တဲ့.... အခုညနေလည်း သူဆရာမနဲ့သူလေးဖုန်းပြောတာ မိနစ် ၂၀ လောက် ကြာတယ်လေ။

ဪ...ပညာသင်တဲ့အရွယ်မှာ ပညာမသင်နိုင်ရှာတဲ့ သူ့လိုကလေးတွေ.. ကျနော်တို့ ဆီမှာ ဘယ်လောက် များရှိနေပြီ လဲ.. ခက်လိုက်တာနော်.. ခက်တယ်.. အဲဒီကလေးလေးတွေရဲ့ အနာဂတ်က ဘာလဲ..သူတို့ရဲ့ မျှော်လင့်ချက်တွေ...မျှော်မှန်းချက်တွေ... ရည်မှန်းချက်် တွေ... ကဘာလဲ..ဗျာ... အားလုံး..အားလုံး.... ပျက်စီးကုန်ပါပြီ.. အဓိက က စီးပွားရေးကြပ် တည်းတာပါလို့ဘဲ ကျနော့်ရဲ့ မဖြစ်စလောက် အသိကလေးနဲ့ သုံးသပ်ပါတယ်။ အဲဒီလို ဖြစ်ရတာ..လည်း ဘယ်သူ့ကိုသွားပြီးအပြစ်တင်ရမှာလဲ.. အဖြေရှိရင်.. ကျနော့်ကို အဖြေ လေး တခုလောက်ပေးခဲ့ပါဗျာ..ကျနော် ချစ်ခင်လေးစားသော သူငယ်ချင်းများ ခင်ဗျား....

Friday, July 13, 2007

My Super Mom

Mom, you're a wonderful mother in this world
So gentle, yet so strong.
The many ways you show you care
Always make me feel I belong.

You're patient when I'm foolish;
You give guidance when I ask;
It seems you can do most anything;
You're the master of every task.

You're a dependable source of comfort;
You're my cushion when I fall.
You help in times of trouble;
You support me whenever I call.

I love you more than I can express;
You have my total respect.
If I had my choice of mothers,
You'd be the one I'd select!

Joanna Fuchs

Happy Birthday Mom!

ဒီနေ့ ဇူလိုင် ၁၃ မှာ ကျနော့် မေမေ ၄၆ နှစ်ပြည့်တဲ့နေ့ဖြစ်လို့ကျနော် နံနက်စောစော ထ ကာ ဘုရားမှာဆုတောင်းဖြစ်လိုက်တယ်။ မေမေဆီကိုဖုန်းဆက်ဖြစ်ပေမယ့်လည်း မေမေ ခရီးထွက်နေတာနဲ့.. ကျနော် အမြင်အကပ်ဆုံး မမတယောက်ရဲ့"လူကြီးမင်းခေါ်ဆိုသော... ......ဆက်သွယ်မှု ဧရိယာပြင်ပရောက်ရှိနေပါ......" ဆိုတဲ့ အသံကို ဘဲကြားလိုက်ရပါတယ်။ မေမေအမြဲပြောလေ့ရှိတဲ့ "ငါ့သားတဲ့ မင်းနောက်ကျပြီလို့ မင်းကိုယ်မင်းသိတဲ့ အချိန်မှာ မင်းဟာ နောက်မကျသေးဘူးတဲ့" ဆိုတဲ့စကား ကိုကျနော်အမြဲအမှတ်ရနေပါသည်။

Sunday, July 8, 2007

7.7.07

ဘလောက်တွေကို လျှောက်မလည်ဖြစ်တာ ကြာသွားပါပြီ။ ပိုဒ့်အသစ်တွေ ကိုလည်းမရေးဖြစ်၊ အရှုပ်တွေ ကလည်းများနေ တော့ ကွန်ပြူတာရှေ့မှာကိုမထိုင် ဖြစ်တဲ့ ရက်ကို ၂ ပတ် နီးပါးလောက်ရှိသွားပါလေရဲ့ ကျနော့်ဘလောက်လည်း တချိန်တုံးက ဦးသိန်း ပြောသလို ဖုန်တွေအလိပ်လိပ်တက်နေ ပါပြီ။ တိုက်ချွတ်ရတော့မယ်လို့ဆိုပြီး.....

7 ရက် 7 လ 2007 က ...စိုင်းစိုင်းတယောက် တောရောက်တောင်လည် ယောင်လည် လည် နဲ့ ချင်းမိုင်က လေယာဉ် show ပဲွတခုကို ရောက်ခဲ့လေရဲ့ဗျာ။ လေယာဉ်တွေ ပြထားတာ တော်တော့ကို စုံစုံလင်လင်ရှိတယ်လို့ ပြောရမယ် ထင်ပါတယ်။

စစ်သုံး လေယာဉ်တွေရော ပါလေရဲ့။ စစ်သုံး Helicopter တွေလည်း 5 စင်းပါ တယ်လေ။ လေ ယာဉ်တွေရဲ့ ခေါင်းခန်းထဲက Pilot တွေထိုင်နေရာမှာ ထိုင်ပြီး ခေါင်းခန်းထဲက စက် ပစ္စည်းတွေကိုလည်း လေ့လာခွင့် ပေးထားပါတယ်။ စိုင်းစိုင်းအတွက် တော်တော်လေးကို အဖိုးတန်တဲ့ အချိန်လေးတွေလို့ဆိုရလောက်ပါပေတယ်။ ညပိုင်းတော့့ ၃ ကျော်လောက်က ခဲွခွာခဲ့တဲ့ သူငယ်ချင်းတွေနဲ့ ပြန်ဆုံဖြစ်ပြီး ခေါင်းမရှောင်သာ ကောင်းအောင်သာ ပါ၀င်မယ်ဟေ့ ဆိုပြီး ညစာ အတူတူစား ဖြစ်ကြပါတယ်။ ညစာကိုလည်း သူတို့ကဘဲ Take care လုပ်သွားတယ် လေ။ ချစ်ဖို့ ကောင်းတဲ့ သူငယ်ချင်းတွေဗျာ။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါလေရဲ့။

By the way..... ညစာစားနေတုံး မမ တယောက်ကလည်းဖုန်းဆက်ပြီး...နောက်တနေ့ နေ့လည်စာ ထမင်းစားဖို့ကျနော်တို့ သူငယ်ချင်းတွေကို ဖိတ်ပါတယ်။ ဒါမေမယ့် မ သွားဖြစ် လိုက်ဘူးလေ..အဲဒီအတွက်လည်းစိတ် မကောင်း ဖြစ်မိကြောင်း ဒီကနေဘဲ... ပြော လိုက်ပါရစေဗျာ...

ဪ.. ဒါကြောင့် 7.7.07 နေ့ဟာ စို်င်းစိုင်းအဖို့ မမေ့နိုင်တဲ့ နေ့တနေ့ ဖြစ်ခဲ့သလို မမေ့နိုင်တဲ့ အကြောင်းလေးတွေ ရှိခဲ့လေပြီ လို့ ပြောရင် လည်းမှန်ပါလိမ့်မယ်။