Wednesday, May 16, 2007

Firefox အကြောင်း တစေ့တစောင်း

ကျနော်သုံးတဲ့ Firefox ရဲ့ Configuration လေးတွေကို ဒီလိုပြင်ထားပါတယ်။

Firefox browser သုံးပြီး Webpage တွေကို မြန်မြန်ဒေါင်းလုပ်လုပ်နိုင်အောင် လည်း ကျနော် ဒီလိုပြင်လိုက်တယ်။ Address Bar မှာ "about:config" လို့ရိုက်ထဲ့လိုက်ပြီး filter field မှာ "netwrok.http" လို့ရိုက်ထဲ့ပါတယ်။ ပြီးရင် "network.http.pipelining" နဲ့“network.http.proxy.pipe lining” နှစ်ခုလုံးကို Doulbe Click နှပ်တယ်။ false ကနေ trueသို့ပြောင်းသွားလိမ့် မယ်။ ပြီးတော့“network.http.pipelining.maxrequests” ရဲ့ value ကို 30လို့ပြောင်း လိုက်ပါ။ ဒါက တပြိုင်နက်ထဲမှာ စာမျက်နှာ 30ကို တချိန်တည်း မှာ ဒေါင်းလုပ်နိုင်အောင် ပြင် လိုက်တာပါ။ အဲဒီ စာမျက်နှာမှာဘဲ Right click နှိပ်ပြီး New> Interger တခုလုပ်ပြီး Name ကို “nglayout.initialpaint.delay” ပေးတယ်။ သူရဲ့ Value ကို "0"လို့ထားလိုက် တယ်လေ။

ဒါက Firefox browser ကနေ information တွေကို လက်ခံမရရှိခင်browserကနေစောင့် ရတဲ့အချိန်ကိုသတ်မှတ်တာဖြစ်တယ်လေ။

Firefox က ကျနော့်ကွန်ပြူတာရဲ့ memory ကိုတော်တော်အသုံးပြုတယ်လေ။ အဲဒီ memory သုံးစဲွမှုကိုကန့်သတ်ထားရလေအောင် Address Bar မှာ about:config လို့ပြီ်း၊ filter field မှာ "browser.cache.disk.capacity" လို့ရိုက်လိုက်တယ်။ သူ့ရဲ့ Defult Value က 50000 လေ။ ကျနော်က 15000 လို့ပြင်လိုက်တယ်။

Firefox browser ကို minimized လုပ်ထားချိန်မှာလည်း memory သုံးစဲွမှုကိုလျော့ချ နိုင်အောင် Address Bar မှာ about:config ရိုက်တယ်။ ပြီတော့ Right Click နှိပ်ပြီး New> Boolean လုပ်၊ Name ကို “config.trim_on_minimize” ထားပြီး Value ကို True လို့ထားလိုက်တယ်လေ။ ဒီ Setting တွေက Firefox ကို restart လုပ်ပြီးချိန်မှာ အကျိုးသက်ရောက်မယ်လေ။

Firefox browser ရဲ့ Tab ပေါ်က close buttom လေးတွေကို ဖျောက်ချင်ရင်ဘဲဖြစ် ဖြစ် ရွေ့ချင်တယ်ဘဲဖြစ်ဖြစ် about:config ကိုသွား ပြီးရင် “browser.tabs.closeButtons” ရဲ့ Value ကိုပြင်လို့ရပါတယ်။

Value "0" ဆိုရင် Active ဖြစ်နေတဲ့ Tab မှာဘဲ Close buttom ရှိပါတယ်။
Value "1" ဆိုရင်တော့ Tab တွေတိုင်းမှာ Close buttom ရှိပါတယ်။
Value"2" ဆိုရင်တော့ Tab တွေမှာ Close buttom တခုမှရှိမှာမဟုတ်ဘူး။
Value"3" ဆိုရင် Tab တိုင်းမှာ Close buttom တွေရှိနေပါလိမ့်မယ်။

network.http.sendRefererHeader မှာ လည်း "0" လို့ထား ထားပါတယ်။

အားတဲ့တနေ့ကြရင် ကျနော်သုံးတဲ့ Addons အကြောင်းလေးတွေထပ်ရေးအုံးမယ်ဗျာ။..
အိပ်ချင်လာပြီ...

1 comments:

ByN said...

ဗဟုသုတရတယ်ဗျာ။ ဆက်ရေးပါအုံး။