Monday, May 21, 2007

Self evaluation

ကျနော့်၏အချို့လုပ်ရပ်များကို ပြင်ချိန်တန်ပါပြီ။ တနေ့တနေ့ Computer ရှေ့တွင်ထိုင်ကာ Coffee ကို ၃-၄ ခွက်သောက်ပြီး အချိန်တွေကုန်ခဲ့သည်မှာလည်းမနည်းတော့ပြီ။ယခုအချိန် အထိ ဘာကိုမှ ဖြစ်ဖြစ်မြောက်မြောက်တတ်လာသည်ဟူ၍ မရှိသည်သာမကယောင်တောင် ပေါင်တောင် ယောင် ၆၀ ဖြစ်နေဆဲပါ။ စာထဲတွင်လည်းသိပ်စိတ်မဝင်စား..ဘာတွေကို စိတ်ဝင်စားသနည်းဟု ကိုယ့်ကိုကိုယ် ပြန်လည်မေးမြန်းကြည့်သော်လည်း တိတိကျကျ အဖြေမထွက်။ ၁၀၉-၁၁၀ များဖြစ်နေပြီလားဟု ကိုယ့်ကိုကိုယ်ရံဖန်ရံခါစိတ်ထဲတွင်ကြိတ်မှိတ် တွေးတောနေမိသည်။

ကျနော်၏ ငယ်ပေါင်းသူချင်းများဆိုလျှင် Master တန်းပြီးတဲ့သူတြွေပီး၊ ဆရာဝန်ဖြစ်တဲ့ သူတြွေဖစ်၊ Millionaire ဖြစ်တဲ့ သူတြွေဖစ်ကုန်ကြပါပြီ။ တချို့သောသူများ ဆိုလျှင်ပင်သားသမီးရတနာများတောင် ထွန်းကားနေလေရဲ့။ သို့တွင်မူ ကျနော် စိုင်းစိုင်းတယောက်ယခု ဤအချိန်ကာလအထိ ကျောင်းမပြီးသေး၊ Millionaire ဖြစ်ဖို့ဝေးပါသေးသည်။ ရတာလေးနှင့် မနည်းခြစ်ချုတ်ချွေတာသုံးစဲွနေရသည့် ဘဝမျှသာ ဗလာနတ်ထိ ဘာမှမရှိသေးသည်မှာ ဧကန်ဖြစ်၏။ ကိုယ့်အသက်ကို ပြန်ရေတွက်ကြည့် သော်လည်း ၂ရ တောင် စွန်း လာလေပြီ။ Middle age သို့ရောက်နေပါလျှက်နှင့် ဤအချိန်ထိစမ်းတဝါးဝါး ဖြစ်နေသေးသည်။ မည့်သည့်အရာမဆို စမ်းသပ်ချင်နေသေးသည်။ ကျနော့် သူငယ်ချင်းတယောက်ပြောခဲ့သည့် စကားကို ပြန်လည်အမှတ်ရလိုက်သည်။ "ဟေးကောင် ကြီးကျော့ မင်းအခုအချိန်မှာ တခုခုကို ဇောက်ချပြီးတော့ လုပ်သင့်နေပြီ" တဲ့။ (ကြီးကျော့သည် ကျနော့် ငယ်နာမည်) ကျနော့်အားပြောသွားသည့်သူမှာ ယခု Millionaire တယောက်ဖြစ်နေပါပြီ။

ထို့ကြောင့် ယနေ့မှစ၍ ကိုယ့်ကိုကိုယ် ပြန်လည်စမ်းစစ်ကာ ဆုံးဖြတ်ချက်တစုံတခုတော့ ချသင့်နေပြီဟူ၍........

0 comments: