Saturday, May 12, 2007

ကျနော်သုံးတဲ့ Firefox အကြောင်း ၁

Firefox Screen ကိုကျယ်ကျယ်ဝန်းဝန်းမြင်နိုင်ဖို့အတွက် ကျနော်က View ထဲကနေ Toolbars>Coustomize>Use Small Icons ကို Click လုပ်ထားပါတယ်။ ဒါဆိုရင် Toolbars မှာပေါ်နေတဲ့ Icons တွေ ငယ်သွားပါတယ်။

Keyboard shortcuts လေးတွေကို ကျနော်ဒီလိုအသုံးပြုတယ်လေ။

Spacebar (page down)
Shift+Spacebar (page up)
Ctrl+F (find)
Alt-N (find next)
Ctrl+D (bookmark page)
Ctrl+T (new tab)
Ctrl+= (increase text size)
Ctrl+- (decrease text size)
Ctrl+K (go to search box)
Ctrl+L (go to address bar)
Ctrl+R or F5 (reload)
Ctrl-W (close tab)
Alt-Home (go to home page)

Mouse Shortcuts လေးတွေကို ဒီလိုသုံးပါတယ်။

Middle click on a tab (closes tab)
Middle click on link (opens in new tab)
Ctrl-scroll up (decrease text size)
Ctrl-scroll down (increase text size)
Shift-scroll down (previous page)
Shift-scroll up (next page)

ကျနော်က ခပ်ပျင်းပျင်းဆိုတော့ website တွေရဲ့ URL ကိုအပြည့်မရိုက်ချင်ပါဘူး။

တကယ်လို့ ကျနော် www.google.com ကိုသွားမယ်ဆိုရင်... "google" လို့ရိုက်
လိုက်ပြီး Control-Enter ခေါက်တယ်လေ။ ဒါဆိုရင် www.google.com ကိုရောက်
သွားပါလေရော။ တကယ်လို့များ .net ကိုသွားမယ်ဆိုရင် Shift-Enter, .org ဆိုရင်
တော့ Control-Shift-Enter ကိုရိုက်လေ့ရှိတယ်လေ။

Tab တခုနဲ့တခုသွားချင်ရင် Ctrl+Tab နှိပ်ပါတယ်။ Tab တွေကိုနောက်ပြန်လာချင်
တယ်ဆိုရင် Ctrl+Shft+Tab နှိပ်တယ်။ Tab တခုစီကိုအတိအကျသွားချင်တယ်ဆိုရင်
Ctrl+ 1-9 နှိပ်ရင်ရပါတယ်။ ဥပမာ ဒုတိယ Tab ကိုဖွင့် ချင်ရင် Ctrl+2 ဆိုရင် ဒုတိယ
Tab ပွင့်လာပါတယ်။

နောက်အချိန်ရမှ ကျနော်သုံးတဲ့ Firefox configuration လေး
တြွေပင်ထားတာဆက်ရေးအုံးမယ်။

0 comments: