Wednesday, May 30, 2007

မျက်ရည်အပြုံးရဲ့ လျှို့ဝှက်ချက်

အထင်သေးပေါ့ ရပါတယ်
ငါ့ကိုယ်ငါလည်း အထင်မကြီးခဲ့
ငါ့အတ္တတွေ ငါ့အတွက်မဟုတ်ဘူးဆိုတာ သိသင့်ပါတယ်
မာနမရှိလည်း နေနိုင်ခဲ့တယ်
ဒါပေမယ့်
ဆူးမရှိရင်ခူးလွယ်တယ်ဆိုတဲ့
ပန်းပွင့်မျိုးမဖြစ်ချင်လို့
ငါ့အိပ်မက်တွေကို ဆူးခတ်ထားတာပါ။

လောဘကြီးတာ ပိုင်ဆိုင်ဖို့အတွက်မဟုတ်သလို
သောကကြီးရတာလည်း အားငယ်တတ်လို့မဟုတ်
ဒါဟာ ၀ိဉာဉ်မဲ့သူအတွက် ငါ့လိပ်ပြာကို ပြန်ပေးဆပ်ခြင်းသက်သက်ပါ။
နားမလည်လည်းနေပါစေ
နင့်မျက်ရည်တွေနဲ့ ငါအဖော်ဖွဲ့နေတတ်ခဲ့ပြီ
ဒါပေမယ့်
ပြုံးလက်စနဲ့ အမုန်းခန်းစီး မဖွင့်လိုက်ပါနဲ့
ကျရံှုးမှုကိုရင်ဆိုင်နိုင်ပေမယ့် ဆုံးရံှုးမှုကိုလက်မခံနိုင်တာ
နင့်မျက်ရည်ကသက်သေတည်မှာပါ။

နွေသစ်ခွ(၁၃။ ၃။ ၀၇)

0 comments: