Wednesday, May 2, 2007

“မ တဝေထိုး ကကြီးရေးချ ငါ့သတ် ရှေ့ကပေါက်”

အလုပ်ဟူသမျှဂုဏ်ရှိစွတဲ့…အလုပ်တွေတော့လုပ်နေတာပါဘဲ.. ဒါပေမယ်လို့ ကိုယ်ကြိုက် နှစ်သက် တဲ့အလုပ်၊ ကိုယ်မြတ်နိုးတဲ့အလုပ် လုပ်ခြင်းသာလျှင်အကောင်းဆုံးဖြစ်ပါလိမ့်မယ် လို့ ကျနော်ယူဆပါတယ်။

ကျနော်အမြဲနှင့်အမျှစဉ်းစားခဲ့တာလေးတွေရှိပါတယ်။ အဲဒါလေးတွေကို ချရေးပါရစေ… အစိုးရမဟုတ်တဲ့အဖဲွ့အစည်းတွေမှာအလုပ်လုပ်ကိုင်နေကြတဲ့လူတချို့များဆိုလျှင်… ကိုယ့်လူမျိုးက ဘယ်လိုဘယ်ညာ၊ ကိုယ့်လူမျိုးကိုဘယ်လိုချစ်တာ၊ ကိုယ့်လူမျိုးမှကိုယ်လူမျိုး၊ ကိုယ့်နိုင်ငံကဘာဖြစ်တာ စသဖြင့် ဘာညာကွိကွ ဘလာဘလာနဲ့နောက်ဆုံးတော့ ကိုယ် ကျိုးအတွက်၊ ကိုယ့်ကိုကိုယ်အမည်နာမရဖို့အတွက်သာလျှင်အလုပ်လုပ်နေကြခြင်း သာ ဖြစ်၏။

ဒီလိုသာလုပ်နေမယ်ဆိုရင် စီးပွားရေးသမားလုပ်ပါလားဗျ။ ဘာကိစ္စနဲ့ဒီအလုပ်တွေကိုလုပ် နေတာလဲ? စီးပွားရေးလုပ်ရင် တစ်ကျပ်နဲ့ဝယ်တဲ့ပစ္စည်းကို နှစ်ကျပ်နဲ့ရောင်းချင်ရောင်း မှာပေါ့… ဒါက သူ့အလုပ် လေဗျာ။ အခုတော့မဟုတ်ပါဘူး၊ဒီလိုအစိုးရမဟုတ်တဲ့ အဖဲွ့ အစည်း တွေမှာအလုပ်လုပ်နေကြပြီး ဟိုဟာဒီဟာတွေကိုခုတုံးလုပ်ပြီးကိုယ့်ဖက်ကိုယ်ယက် နေကြတာတော့ “မ တဝေထိုး ကကြီးရေးချ ငါ့သတ် ရှေ့ကပေါက်” မကောင်း……

2 comments:

Anonymous said...

I really agree!!!!!!!! good writing,

စိုင်းစိုင်း said...

Thank you so much for your reading my writing. Please come and visit again.