Monday, October 12, 2009

Season of LOVE

အချစ်ရာသီ အချိန်သမယ အခါ၀ယ်
ရင်ထဲမှာ ဟာတာတာ ဖြစ်
လွမ်းဆွတ် တမ်းတ ချစ်ရံှုးနိမ့်ကာ
စိတ်တွေကို ပန်ကာလေ ခံရင်း
ဟိုဒီပျံလွှား လေလွှင့် အထီးကျန်ဆန်လွန်းသည့်
အရသာသည်.............
ဤလောကမှာ ပြားရည်ဆမ်းသည့် အချိုမြိန်ဆုံးသောအရာ တစ်ခု ဖြစ်နေပါလားဆိုတာ ကျနော်သိခဲ့ပါပြီ။

ရင်ထဲမှာ မီးရထားကြီး ခုတ်မောင်းသွားသလို တ.ဒုန်း.ဒုန်း. တ.ဒိုင်း.ဒိုင်း တုန်ပြီး...
အချစ် မျက်နှာတော်ဦးကို မော်ဖူးရတဲ့ အချိန်တွေမှာ...
ကျနော်အဖို့ ဆားမစိမ်ခဲ့တဲ့ ကြောင်လျှာသီးကို စားလိုက်တဲ့ အရသာလို ပါလားကွယ်...

ဪ..စိတ်တည်ငြိမ်သက်ရာ၊ ဆက်သွယ်မှုဧရိယာပြင်ပ အရပ်များဆီသို့ ပြေးထွက်လိုက်ချင် ပါဘိဗျာ.....

1 comments:

အဥ္ဇလီ said...

အင်း ... ခုတလော ကိုစိုင်းစိုင်းကြီး အချစ်ရောဂါ စွဲကပ်နေပါရောလား ... သူငယ်ချင်းတို့ရေ ... ဝိုင်းဝန်းကူညီကြပါစို့ ...