Tuesday, October 30, 2007

မဖြစ်စလောက် passwords အကြောင်း တစေ့တစောင်း

ကျနော်တို့ ကွန်ပြူတာနဲ့ user အကောင့် တွေကို ပထမဦးဆုံး အကာအကွယ်ပေးတာက passwords ပဲလေ။ ကျနော်တို့ အများစုမှာ passwords ထည့်ရာမှာ များသောအားဖြင့် အဓိက သတိမထားမိတဲ့ အချက် ၂ ခု ပြုလုပ်တတ်တတ်ကြတယ်။

၁။ လွယ်လွယ်ကူကူနဲ့ မှတ်ရလွယ်တဲ့ passwords ပြုလုပ်လေ့ရှိတယ်။ (ကိုယ်နဲ့ပတ်သက်တဲ့ အချက်အလက်)
၂။ passwords များကို စာအုပ်၊ စာရွက် Microsoft word, Notepad မှာ ရိုက်ပြီး မြင်လွယ်တဲ့နေရာမှာ သိမ်းထားတတ်တဲ့အလေ့ရှိတယ်။

Hacker များဟာ password များကို ခန့်မှန်းပြီး (သို့) password-cracking software များ အသုံးပြုပြီး ကွန်ပြူတာများ၏ system ထဲကို ထိုးဖောက်ဝင် ရောက်လာ နိုင်ပါတယ်။ အဲဒီ password-cracking software က password ကို လွယ်ကူစွာ မရှာနိုင်အောင် password ကို mnemonics and numbers များကို အသုံးပြုသင့်ပါတယ်။

password သည်လည်း သော့ ပါဘဲ။ ကျနော်အိမ်မှာ လူရှိတဲ့ညအချိန် အိမ်တခါး၊ ပြူတင်း ပေါက်များအား သော့မခတ်ဘဲထားရင် စဉ်းစားကြည့်ပါ။ သူခိုးဝင်လို့ သူခိုးကနည်း တယ်လို့ တောင် ပြောသွားအုံးမယ်။ ဟုတ်ပြီ ဒါဆိုရင် ကျနော်တို့ အိမ်ကိုခတ်ထားတဲ့ သော့က ဘယ်လောက်ကောင်းလဲ။ ကျနော်တို့ကွန်ပြူတာကို သော့ကောင်းကောင်းခတ်နိုင်တဲ့ Creating strong passwords ကို ဤနေရာတွင်ဖတ်နိုင်ပါတယ်

0 comments: