Friday, October 26, 2007

သီတင်းကျွတ်အမှတ်တရ

သီတင်းကျွတ် လပြည့်ညတွေဆို ငယ်စဉ်အခါက အလွန်မှပျော်ပါတယ်။ ဖောက်အိုးတွေ တဗျောင်းဗျောင်း ဖောက်ရသကိုး။ ညအချိန်မှာ ကျနော်တို့ အလည်မပေးသွားပါဘူး။ အခုလို သီတင်းကျွတ် လပြည့်ည ဆိုရင် ညဖက် အလည်သွားရပါတယ်။ ညဖက်လည်မသွားခင် အဖိုးအဖွားများကို သွားကန်တော့ လေ့ရှိတယ်။

အခုများတော့ အဖိုးအဖွားများနှင့် ဝေးကွာနေတဲ့ စိုင်းစိုင်းဟာ ကျနော့်အား တူလို၊ သားလို သဘောထားပြီး ချစ်ခင် သော အန်ကယ်နှင့် အန်တီ တို့ကို သွားကန်တော့ လိုက်ပါတယ်။

0 comments: