Wednesday, October 24, 2007

ဘော်လံဒီယာ လုပ်တော့မယ်

တခါတခါ အတွေးတွေဝင်ပြီး တော်တော်လေးကို စဉ်းစားခန်းဝင်ဖြစ်တယ်။ လူရယ်လို့ ဖြစ်လာရင် အလုပ် လုပ်ရတယ်။ အလုပ်များ မလုပ်ရရင် ဘယ်လောက်များ ကောင်းမလဲ မသိလဲ၊ အဲလိုစဉ်းစား ပြန်တော့လည်း လူရယ်လို့ဖြစ်တာ အဓိပ္ပါယ် မရှိဘူး။ အလုပ်ဟူ သမျှ ဂုဏ်ရှိစွလို့ ဆိုကြတယ် မဟုတ်လား။

တချို့လူတွေက ကိုယ်ကြိုက်တဲ့၊ ကိုယ်ဝါသနာပါတဲ့ အလုပ်တွေကို ရှာလုပ်ကြပါတယ်။ တချို့များတော့ ကြုံရာ ကျပန်း အလုပ်တွေကို လုပ်ကြရတာ တွေရှိတာပေါ့။

ကျနော်တော့ ကိုယ်ပျော်တဲ့ ၀ါသနာပါတဲ့ အလုပ်တွေလုပ်ရတာ နှစ်သက်တယ်။ ကိုယ်ဝါသနာပါတဲ့အလုပ် များလုပ်ရရင် ကိုယ့်အိပ်စိုက်ပြီး တောင်လုပ်ပေးတဲ့ အကျင့်ရှိပါတယ်။ မအိပ်မနေ လုပ်ပေးတယ်။ ဗော်လန်ဒီယာ အလုပ်ပေါ့ဗျာ။ ငွေ အကြောင်းကြီးဘဲ ပြောတဲ့ သူတွေကို အမြင်ကပ်တယ်။ အထူးသဖြင့် မလိမ့်ဘဲနဲ့ ၂ ပတ်လုပ် သူတွေကို အင်မတန် သောက်မင်ကပ်တယ်။

အခုတော့ ကျနော် ပိုက်ဆံလက်ခံပြီး လုပ်နေရတဲ့ အလုပ်တခုမှာ လုပ်တာ စိတ်ကုန်လာပြီ။ ပိုက်ဆံတော့ အတော် အတင့်ရပါရဲ့ဗျာ။ ဒါပေမယ့် အလုပ်က အဆင်မပြေဘူးလားဆိုတော့ ရှင်းရှင်းပြောရရင် မပြေဘူး။ အလုပ်များလို့လား လို့မေးရင် ပုံမှန်ပါဘဲ။ အလုပ်များတာကို ကျနော် မငြီးညူပါ၊ အလုပ်ထဲက တချို့လူတွေ အပြောင်းအလဲ မြန်တယ်လေ။ (အထူးသဖြင့် ခေတ်စကားအရ ဆိုရင် Bossy ပေါ့) အခုတမျိုးတော်ကြာနေ ၂ မျိုး ၃ မျိုး။ စည်းစည်းလုံးလုံး မရှိတာရယ်၊အလုပ်က သိပ်ရှင်းရှင်း လင်းလင်း မရှိတာရယ်၊ ကြာလာတော့လည်း အလုပ်မှာ အပျော်တော့ဘူး။ အလုပ်မှာ မပျော်မဲ့ အခြေအနေ ရောက်မှတော့ အဲဒီအလုပ်ကို မလုပ်ရုံသာ ကျန်တော့တယ်။ ဖြေရှင်းချက်တွေ ပေးစရာ လိုနေသေးလို့လား။ အလုပ်လုပ်ရပြီး စိတ်မချမ်းသာဘူး။ စိတ်ဖိစီးမှု တွေများတယ်။ တချို့တချို့သော လူများက ကိုယ့် အလုပ်ကို မလုပ်ဘူး သူများကိစ္စတွေကို ၀င်ရှုပ်တယ်။ တချို့က ဆိုးတယ် ကိုယ့်အလုပ်ကို တောင် မလုပ်ဘူး။ အဲဒါတွေကို လိုက်လုပ်ပေး နေရတယ်။ ဒါတောင် သောက်သလဲွ ပြောခံရသေးတယ်။ ဘယ်လောက်များ လေဖို့ ကောင်းလဲဗျာ.. လေတယ်.. တကယ်ပါ.. တကယ်ပါ..ဗျာ... လေတယ်..

ဒီတခါတော့ ကိုယ့်လှေကိုထိုး ပဲခူးရောက်ရောက်၊ ကိုယ်မြင်းကိုဆိုင်း စစ်ကိုင်းဘဲ ရောက်ရောက်၊ ဖြစ်ချင်တာဖြစ် မောင်ဘချစ် ဆိုသလို လုပ်လိုက် ချင်ပါဘိဗျာ။

0 comments: