Tuesday, November 3, 2009

Loy Krathong




ထိုင်းပြက္ခဒိန်ရဲ့ ၁၂ လ လပြည့်နေမှာ လွိုင်းကထုန်းပဲွ တော်ကိုကျင်းပကြတယ်။အင်္ဂလိပ်ပြက္ခဒိန် အခုနိုဝင်ဘာလပေါ့၊ ကျနော်တို့မြန်မာပြက္ခဒိန်မှာဆိုတော့ တဆောင်တိုင်လပြည့်နေပေါ့။ တောင်ကြီး တဆောင်တိုင်ဆိုရင် အရမ်းကို စည်ကားသလို အခု လွိုင်းကထုန်းပဲွတော်လည်း ထိုင်းမှာအရမ်းစည်ကားတဲ့ ပဲွတော်ပါ၊

လွိုင်း ကို ထိုင်းဘာသာလို မျှော (float) ပေါ့။ ကထုန်း ကိုတော့ ငှက်ပြော ဖက်တွေ ခေါက်ပြီး ၆ လက်မ ၈ လက်မ ၀န်းကျင်ခန့် ဖောင်ငယ်ငယ်လေး လုပ်ထားတာကို ဆိုလိုတယ်။

လွိုင်းကထုန်းပဲွတော်က ငှက်ပြောဖက် ဖောင်လေးတွေပေါ်မှာ ဖယောင်းတိုင်မီးတွေထွန်း၊အလှတန်ဆာ ဆင်ပြီး မြစ်တလျှောက်မျှော်တဲ့ပဲွတော်ဖြစ်တယ်။ မူလ ပထမတော့ အိန္ဒိယ၊ ဟိန္ဒူလူမျိုးတွေက နေ ဆင်းသက်လာ တယ်လို့သိရတယ်။

အဲဒီပဲွကို သွားပြီး ရိုက်ခဲ့တဲ့ပုံလေးတွေတချို့ပါ။

2 comments:

အဥ္ဇလီ said...

ဟေး ကိုစိုင်းစိုင်း ... Loy Krathong ပုံတွေ မိုက်တယ်ဗျာ ... ခင်ဗျားက ကောင်းကောင်း ရိုက်တတ်နေမှကိုး ... ကျနော်လဲ သွားရိုက်ခဲ့ပါတယ် ... ကင်မရာရော လူကြောင့်ပါ ပုံတွေ အဆင်မပြေဘူး ... :(

စိုင်းစိုင်း said...

inzali ပြောတာလည်း မှန်တယ်ဗျ. အဲဒီနေ့က လူတွေများလိုက်တာ တိုးဝှေ့ပြီး ရိုက်ရတာ အဆင် မပြေဘူး။ ကျေးဇူးပါ