Friday, September 21, 2007

လှော်ကြမယ်ဟေ့ တူပျော်ပျော်

ယနေ့တနေကုန် ရန်ကုန်မြို့တွင် မိုးများ အဆက်မပျက်ရွာ သွန်းမှုကြောင့် မြေနီကုန်း ပလာဇာ၊ ဂမုန်းပွင့်နှင့် ဒဂုံစင်တာရှေ့ လမ်းမများတွင် ရေလွမ်းမိုးကာ ရေများဒူးဆစ် ကျော်ကျော်ရှိ နေလေပြီ။ ဒဂုံစင်တာ မြေအောက်ခန်း ကားပါကင်တွင် ရေဝင်ကာ ကားများအလျှင် အမြန်ပြန် ထုတ်ကာ နိုင်ခဲ့ပြီး ယခု ၄င်းရှေ့တွင် သဲအိပ်များဖြင့်ပိတ်ကာ ထားလေပြီဖြစ်သည်။ မြေနီကုန်းပလာဇာ မြေအောက်ကား ပါကင်ထဲတွင် ရေမဝင်သေး ပါ..သဲအိပ်များဖြင့် ပိတ်ကာထားပြီးဖြစ်သည်။

ရွှေတောင်တန်းလမ်း၊ ၁၅ လမ်း များတွင်လည်း လှေလှော်ချင် သူများ လှော်နိုင်ကြပြီ။

ဒဂုံစင်တာမြေအောက်ခန်းရှိကားပါကင်မှ ကား များ အလျှင်အမြန်မောင်းထွက်နေပြီ

မြေနီကုန်းပလာဇာနှင့် ဂမုန်းပွင့်ရှေ့လမ်းမရှိကားများ လှော်ခတ်နေပြီ

ဒဂုံစင်တာအရှေ့ဖက်

မြေနီကုန်းပလာဇာနှင့် ဂမုန်းပွင့်ရှေ့လမ်းမရှိ ကားများ လှော်ခတ်နေကြပြီ

ပုံများကိုတင်ခွင့်ပေးခဲ့သော tzm အားကျေးဇူးကမ္ဘာ

0 comments: