Friday, May 18, 2007

Gabbly Chat အကြောင်းတပိုင်းတစ

ကျနော့်ဘော်ဒါ သူငယ်ချင်း ပေါင်းအပါများအုံးလုံး.. Gabbly Chat အကြောင်း သိကောင်းသိပါ လိမ့်မည်။ Gabby Chat ရဲ့ အလုပ်လုပ်ပုံက ဒီလိုပါ။ http://www.gabblychat.com/www.your domain name ဆိုရင်အဲဒီမှာရှိနေတဲ့ User နဲ့Chat လို့ရပါတယ်။ ဥပမာ ကျနော်..စိုင်းစိုင်း..နဲ့Chat မယ်ဆိုရင်ပေါ့ဗျာ....... http://www.gabbly.com/sailashio.blogspot.com ဆိုရင် ကျနော်နဲ့တိုက်ရိုက်ချက် လို့ရပါတယ်....အဟီ..ဟီး... (ကြော်ငြာဝင်နေပြီလို့တော့ မထင်လိုက်ပါနဲ့ဂျ) ..။ ကျနော် online ပေါ်မှာရှိနေသမျှ... Gabbly Chat မှာကျနော် Available ပါဗျာ။

Template edited

မနေ့ညက ခေါင်းတော်တောင်ကိုက်သွားပါတယ်။ ညစာတောင် မစားဖြစ်လိုက်ပါဘူး။ တညနေလုံး ကျနော့် ဘလောဒ့်ကာရဲ့ Template ကိုထိုင်ပြင်နေမိတယ်လေ။ HTML အကြောင်းနားလည်လားဆိုတော့လည်း ..အဟိ.. ပြောရမှာ ခတ်ရှက်ရှက်ရယ်... နားမလည်ပါဘူး။ နားမလည်ဘဲနဲ့ အဲဒီ ကုတ်ဒင်းတွေကိုသွားကလိတယ်လေ။ ဘာ Command တွေမှားကုန်မှန်းမသိဘူး Save လို့ကို....မရတော့ဘူး။

ကျနော့် Template ထဲမှာ Rate this... ဆိုတဲ့ Script တွေထည့်ဖြစ်လိုက်တယ်။ Post တခုချင်းစီကို Rate ပေးလို့ရအောင်ဆိုပြီး ထည့်ထားလိုက်တယ်။ ပြီတော့ Comments တွေကိုလည်း Pop up နဲ့တက်လာအောင် ပြင်လိုက်တယ်လေ။ ကျနော်စမ်းတဝါး ၀ါးနဲ့လိုက်ပြင်လိုက်တာ Ok သွားတယ်လို့ထင်တာဘဲ။ ဖြစ်နိုင်ရင် ဘော်ဒါတို့ရေ.. Rate this နဲ့ Comments တွေကို စမ်းကြည့်ကြပါလား...အလုပ်ကောင်းကောင်းလုပ်မလုပ်။

Thursday, May 17, 2007

Earthquake on the Myanmar- Laos border

မေလ ၁၆ ရက် နေ့ မနေ့က မြန်မာစံတော်ချိန် ၄ နာရီ ၂၆ မိနစ်မှာ 5.7 Richter-scale နဲ့ ၄ နာရီ ၂ရ မိနစ်မှာ 6.1 Richter-scale ရှိတဲ့ ငလျှင်လှူပ်သွားခဲ့တယ်။ အဲဒီငလျှင်က မြန်မာနဲ့ လာအို ၂ နိုင်ငံကြားက ထိုင်းနိုင်ငံ မြောက်ပိုင်းချင်းရိုင်းမြို့နယ် ချင်းခေါင်ဒေသနဲ့ ၃ရ မိုင် အကွာ နေရာကနေဗဟိုပြုပြီးလုပ်သွားတယ်လို့ဆိုတယ်လေ။

ငလျှင်လုပ်တော့ ဘန်ကောက်က ကျနော့်သူငယ်ချင်းတွေ တိုက်ပေါ်ကနေအကုန်ပြေး ဆင်းကြတယ်လို့ဆိုတယ်။ "ဟေးကောင် မလွယ်ဘူးဟေး..... ၄၃ ထပ်ပေါ်ကပြေးဆင်း လိုက်ရတာ နာရီဝက်လောက်ကြာတယ်ကွ။ ဓါတ်လေကားတွေ ပေးမသုံး ဘူးလေ..တဲ့" ဆိုပြီး အီးမေးလ်ပို့လာတယ်လေ။အင်းပေါ့...မြို့ကြီးပြကြီးကတိုက်ကြီးတာကြီးတွေနေတဲ့ သူတွေခံကြ ပေါ့...ဆိုပြီး စိတ်ထဲမှာ....ကြိမ်းလိုက်မိတယ်။ ..ဆော်ရီးနော်...ဘော်ဒါရေး...

ကျနော်လည်း အဲဒီအကြောင်းကို လိုက်ရှာတော့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းဒေသက နှစ်ပေါင်း ၁၀၆ရ ရှိတဲ့ ရှေးဟောင်းစေတီရဲ့ ထီးတော်တောင်မြေခသွားတယ်လို့ သိရ တယ်လေ။ ရှေးဟောင်းအမွေအနှစ်တွေပျက်စီးကုန်တဲ့အတွက် စိတ်မကောင်းစရာပါလား နော်...

ရန်ကုန်မှာတော့ ဘာသံမှမကြားလိုက်မိဘူး.....ဘာမြှဖစ်တဲ့ပုံလည်းမပေါ်ဘူး...သူများတွေ ဆီမှာတော့ Aftershocks တြွေဖစ်ကုန်ပြီတဲ့.......

Wednesday, May 16, 2007

Firefox အကြောင်း တစေ့တစောင်း

ကျနော်သုံးတဲ့ Firefox ရဲ့ Configuration လေးတွေကို ဒီလိုပြင်ထားပါတယ်။

Firefox browser သုံးပြီး Webpage တွေကို မြန်မြန်ဒေါင်းလုပ်လုပ်နိုင်အောင် လည်း ကျနော် ဒီလိုပြင်လိုက်တယ်။ Address Bar မှာ "about:config" လို့ရိုက်ထဲ့လိုက်ပြီး filter field မှာ "netwrok.http" လို့ရိုက်ထဲ့ပါတယ်။ ပြီးရင် "network.http.pipelining" နဲ့“network.http.proxy.pipe lining” နှစ်ခုလုံးကို Doulbe Click နှပ်တယ်။ false ကနေ trueသို့ပြောင်းသွားလိမ့် မယ်။ ပြီးတော့“network.http.pipelining.maxrequests” ရဲ့ value ကို 30လို့ပြောင်း လိုက်ပါ။ ဒါက တပြိုင်နက်ထဲမှာ စာမျက်နှာ 30ကို တချိန်တည်း မှာ ဒေါင်းလုပ်နိုင်အောင် ပြင် လိုက်တာပါ။ အဲဒီ စာမျက်နှာမှာဘဲ Right click နှိပ်ပြီး New> Interger တခုလုပ်ပြီး Name ကို “nglayout.initialpaint.delay” ပေးတယ်။ သူရဲ့ Value ကို "0"လို့ထားလိုက် တယ်လေ။

ဒါက Firefox browser ကနေ information တွေကို လက်ခံမရရှိခင်browserကနေစောင့် ရတဲ့အချိန်ကိုသတ်မှတ်တာဖြစ်တယ်လေ။

Firefox က ကျနော့်ကွန်ပြူတာရဲ့ memory ကိုတော်တော်အသုံးပြုတယ်လေ။ အဲဒီ memory သုံးစဲွမှုကိုကန့်သတ်ထားရလေအောင် Address Bar မှာ about:config လို့ပြီ်း၊ filter field မှာ "browser.cache.disk.capacity" လို့ရိုက်လိုက်တယ်။ သူ့ရဲ့ Defult Value က 50000 လေ။ ကျနော်က 15000 လို့ပြင်လိုက်တယ်။

Firefox browser ကို minimized လုပ်ထားချိန်မှာလည်း memory သုံးစဲွမှုကိုလျော့ချ နိုင်အောင် Address Bar မှာ about:config ရိုက်တယ်။ ပြီတော့ Right Click နှိပ်ပြီး New> Boolean လုပ်၊ Name ကို “config.trim_on_minimize” ထားပြီး Value ကို True လို့ထားလိုက်တယ်လေ။ ဒီ Setting တွေက Firefox ကို restart လုပ်ပြီးချိန်မှာ အကျိုးသက်ရောက်မယ်လေ။

Firefox browser ရဲ့ Tab ပေါ်က close buttom လေးတွေကို ဖျောက်ချင်ရင်ဘဲဖြစ် ဖြစ် ရွေ့ချင်တယ်ဘဲဖြစ်ဖြစ် about:config ကိုသွား ပြီးရင် “browser.tabs.closeButtons” ရဲ့ Value ကိုပြင်လို့ရပါတယ်။

Value "0" ဆိုရင် Active ဖြစ်နေတဲ့ Tab မှာဘဲ Close buttom ရှိပါတယ်။
Value "1" ဆိုရင်တော့ Tab တွေတိုင်းမှာ Close buttom ရှိပါတယ်။
Value"2" ဆိုရင်တော့ Tab တွေမှာ Close buttom တခုမှရှိမှာမဟုတ်ဘူး။
Value"3" ဆိုရင် Tab တိုင်းမှာ Close buttom တွေရှိနေပါလိမ့်မယ်။

network.http.sendRefererHeader မှာ လည်း "0" လို့ထား ထားပါတယ်။

အားတဲ့တနေ့ကြရင် ကျနော်သုံးတဲ့ Addons အကြောင်းလေးတွေထပ်ရေးအုံးမယ်ဗျာ။..
အိပ်ချင်လာပြီ...

Tuesday, May 15, 2007

Teacher Tube! (Teach the World)

Thailand မှာ www.youtube.com ကိုကြည့်မရဘူးဖြစ်နေတယ်တဲ့ ကိုကို မမ တို့ အားမငယ်နဲ့ www.teachertube.com ကိုတော့ ကြည့်လို့ရတယ်တဲ့... teachertube က youtube နဲ့က ခပ်ဆင်ဆင်လေးဘဲဗျ....

Monday, May 14, 2007

How can we Hide Drives in our Computer?

ကွန်ပြူတာရဲ့ Drives တွေကိုဖျောက်ထားခြင်းအားဖြင့် အခြား User တွေ ကိုယ့်ကွန်ပြူတာ ကိုလာသုံးတဲ့အခါ လုံခြုံစိတ်ချရတယ်လို့ဆိုနိုင်ပါတယ်။ ဒီလို Drives တွေဖျောက်ထားချင် ရင်အောက်မှာပြထားတဲ့ Windows ရဲ့ Policies ၂ နေရာမှာဝင်ပြင်ရတယ်လေ။

HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\
Explorer

HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\
Explorer

Drives တွေအားလုံး A to Z ရှိသလို အဲဒီ Drives တခုချင်းမှာလည်း သူ့ရဲ့ decimal numbers တွေရှိတယ်လေ။ သူ့ numbers တွေပါ......

A: 1, B: 2, C: 4, D: 8, E: 16, F: 32, G: 64, H: 128, I: 256, J: 512, K: 1024,
L: 2048, M: 4096, N: 8192, O: 16384, P: 32768, Q: 65536, R: 131072,
S: 262144, T: 524288, U: 1048576, V: 2097152, W: 4194304, X: 8388608,
Y: 16777216, Z: 33554432, ALL: 67108863

ပထမ Window Policies ပြင်ရာမှာ

ဦးဆုံး Start>Run ပေါ့.



Run Open: ထဲမှာ regedit လို့ ရိုက်ထဲ့လိုက်။ Registry Editor ပေါ်လာပါလိမ့်မယ်။



HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\
Explorer အောက်မှာ Right Click နှိပ်ပြီး New>DWORD value တခုလုပ်၊ Name ကို NoDrives လို့ပေး။ ပြီးရင် NoDrives ကို Double Click နှိပ်ပြီး Decial ကိုရွေး၊ Value data ကို ကိုယ်ဖျောက်ချင်တဲ့ Drvies ရဲ့ Value data ကို ထည့်လိုက်ရုံပါဘဲ။ ဥပမာ.. Drive "E" ကို ဖျောက်ထားချင်ရင် Drive "E" ရဲ့ Value data က 16 ဖြစ်တယ်။ (အထက်တွင်ဖော်ပြ ထား) REG_SZ (Value not set) ကို Double Click လုပ် "0" = visable, "1"= hidden.



ဒုတိယ Window Policies

HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\
Explorer
ဒုတိယ Window Policies ပြင်တာလည်း ပထမ Windows Policies ပြင်တဲ့အတိုင်းပါဘဲ။
To disable all the drives set the value to "67108863"
Note: After editing the policies need to restart your computer.

Registry Settings:
User Key: [HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\
Explorer]
System Key: [HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\
Explorer]
Value Name: NoDrives
Data Type: REG_DWORD (DWORD Value)

Saturday, May 12, 2007

ကျနော်သုံးတဲ့ Firefox အကြောင်း ၁

Firefox Screen ကိုကျယ်ကျယ်ဝန်းဝန်းမြင်နိုင်ဖို့အတွက် ကျနော်က View ထဲကနေ Toolbars>Coustomize>Use Small Icons ကို Click လုပ်ထားပါတယ်။ ဒါဆိုရင် Toolbars မှာပေါ်နေတဲ့ Icons တွေ ငယ်သွားပါတယ်။

Keyboard shortcuts လေးတွေကို ကျနော်ဒီလိုအသုံးပြုတယ်လေ။

Spacebar (page down)
Shift+Spacebar (page up)
Ctrl+F (find)
Alt-N (find next)
Ctrl+D (bookmark page)
Ctrl+T (new tab)
Ctrl+= (increase text size)
Ctrl+- (decrease text size)
Ctrl+K (go to search box)
Ctrl+L (go to address bar)
Ctrl+R or F5 (reload)
Ctrl-W (close tab)
Alt-Home (go to home page)

Mouse Shortcuts လေးတွေကို ဒီလိုသုံးပါတယ်။

Middle click on a tab (closes tab)
Middle click on link (opens in new tab)
Ctrl-scroll up (decrease text size)
Ctrl-scroll down (increase text size)
Shift-scroll down (previous page)
Shift-scroll up (next page)

ကျနော်က ခပ်ပျင်းပျင်းဆိုတော့ website တွေရဲ့ URL ကိုအပြည့်မရိုက်ချင်ပါဘူး။

တကယ်လို့ ကျနော် www.google.com ကိုသွားမယ်ဆိုရင်... "google" လို့ရိုက်
လိုက်ပြီး Control-Enter ခေါက်တယ်လေ။ ဒါဆိုရင် www.google.com ကိုရောက်
သွားပါလေရော။ တကယ်လို့များ .net ကိုသွားမယ်ဆိုရင် Shift-Enter, .org ဆိုရင်
တော့ Control-Shift-Enter ကိုရိုက်လေ့ရှိတယ်လေ။

Tab တခုနဲ့တခုသွားချင်ရင် Ctrl+Tab နှိပ်ပါတယ်။ Tab တွေကိုနောက်ပြန်လာချင်
တယ်ဆိုရင် Ctrl+Shft+Tab နှိပ်တယ်။ Tab တခုစီကိုအတိအကျသွားချင်တယ်ဆိုရင်
Ctrl+ 1-9 နှိပ်ရင်ရပါတယ်။ ဥပမာ ဒုတိယ Tab ကိုဖွင့် ချင်ရင် Ctrl+2 ဆိုရင် ဒုတိယ
Tab ပွင့်လာပါတယ်။

နောက်အချိန်ရမှ ကျနော်သုံးတဲ့ Firefox configuration လေး
တြွေပင်ထားတာဆက်ရေးအုံးမယ်။

Glassy Button နဲ့ အလှဆင်

Glassy Button လေးတွေကိုလွယ်လွယ်နဲ့Ready Made လုပ်ချင်ရင်တော့.............. http://www.glassybuttons.com/glassy.php ဆိုတဲ့ ဆိုဒ်ထဲဝင်ပြီး ကိုယ်လိုချင်တဲ့ Button အရွယ်အစား၊ အရောင်၊ ပုံစံတွေကို ကိုယ်ကြိုက်နှစ်သက်ရာပြုလုပ်နိုင်ပါတယ်။ သူပေးထားတဲ့ Font တွေကို မကြိုက်ဘူးဆိုရင် ကိုယ်လိုချင်တဲ့ Font ကို upload လုပ် နိုင်ခြင်းအားဖြင့် ကျနော်တို့လို မြန်မာဘာသာအသုံးပြုလိုသူများအတွက် အတော့်ကို အဆင်ပြေတယ်လို့ဆိုနိုင်ပါတယ်။ ဒါတင်မကဘူး ကိုယ်လုပ်ပြီးသွားတဲ့ Button တွေကို လည်း File type ၃ မျိုး (jpeg,png,gif) download ပေးလုပ်တော့ ပိုအဆင်ပြေတာပေါ့။ စမ်းကြည့်ကြအုံးမလားဗျို့...…