Thursday, August 28, 2008

ငါ့မိုးတိမ်

မနက်တိုင်းစိုနေကျငါ့ပါးပြင်ဟာ
မျက်ရည်တွေလား
နှင်းတွေလား
တကယ်တော့
ခံစားခွင့်မရှိ တဲ့အာရုံခင်းတွေမှာ
နှင်းတွေစွန် ့ခွာသွားတာကြာလှပေါ့
လွမ်းလွန်းလို ့ပေးဆပ်ခဲ့ရတဲ့မျက်ရည်တွေလည်း
နောက်ထပ်ကျဖို ့မရှိတော့

ဒီလိုနဲ ့
မစိုစွတ်မခြောက်တွေ ့တဲ့ငါ့ဘဝဟာ
လေနှင်ရာလွင့်ပါလို ့
ရေစီးရာမျှောပါလို ့
ဘယ်ကမ်းတင်လို ့ဘယ်ရင်ခွင်မှာနားရမလဲ
ဘယ်တောင်တင်လို ့ဘယ်ခြေရင်းမှာခစားရမလဲ

မရေမရာနဲ ့
တစ်ချက်တစ်ချက်ရိှုက်လိုက်တဲ့အသက်ငင်သံတွေ
ငါ့ဝိဉာဉ်ကိုလန် ့နိုးစေပြီ
အေးစက်စက်နဲ ့နေခြည်တွေ
ငါ့ဥယျာဉ်ကိုရှုပ်ထွေးစေပြီ
အစိမ်းသက်သက်နဲ ့လေပွေတွေ
ငါ့စိတ်ငြိမ်ကိုလွင့်စင်စေပြီကော။

တကယ်တော့
မငိုချင်ပဲ ရွာနေရတဲ့မိုးတိမ်ဟာ
ငါဖြစ်နေရတာပါ။

နွေသစ်ခွ(၂၂၊သြဂုတ်၊ ၀၈) တစ်လပြည့်အမှတ်တရ

0 comments: