အငွေ့ပျံသွားတဲ့အခါ
ရောင်နီတွေကငါ့မျက်လုံးအိမ်ကိုအလည်ဝင်လာတယ်။
လိှုင်းလုံးကြီးလိုစီးမျှောနေတဲ့ငါ့ဆံပင်တွေထိုးဖွရင်း
လောကကြီးကိုနှုတ်ဆက်တော့
မင်္ဂလာပါငါ့ချစ်သူများလို့။
တကယ်တော့
ရှုစားဖို့ကောင်းတဲ့ မနက်ခင်းမှာ
ငါ့ကောင်မလေးမပါလို့
သူ့ခမျာ အကျည်းတန်သွားရခဲ့။
ငိုမဲ့မဲ့ တိမ်တစ်ပွင့်လည်း
လောကကြီးကို နမ်းခွင့်ရဖို့
စီးကျလာတော့
လိပ်ပြာတွေ အိမ်နားခိုရပေါ့။
ဒေါသထွက်တဲ့ လေညှင်းတွေလည်း
စိုစွတ်တဲ့ငါ့ပါးပြင်ကို မပြောင်းစေနိုင်ခဲ့။
ဒါဟာ
ငါငိုတာလား
မိုးစိုတာလား မသဲကွဲခင်မှာ
လွမ်းဆွေးမှုတွေသင်းပျံ့နေတဲ့
ကော်ဖီတစ်ခွက်ကြိုဆိုလေရဲ့။
0 comments:
Post a Comment