Monday, November 5, 2007

My weekend

ဒီအပတ် weekend ကတော့ ကျနော့်အဖို့ သောက်သလဲွ ဖြစ်ယုံတင်မက တယ်ရင်းများပါ ခံစားသွားရတယ်။ ဖြစ်ပုံက သောကြာနေ့ည တယ်ရင်းတယောက် အော်စီက ပြန်လာတော့ ၀ီစကီ ၃ လုံး ၀ယ်လာတယ်။ ၁ လုံးတော့ သူ့ တယ်ရင်း နဲ့ သောက်လို့ကုန်သွားခဲ့ပြီတဲ့။ ကျန်တဲ့ ၂ လုံးကို ကျနော့်တို့ ၄ ယောက်လိုက်တာ လောက်တောင်မလောက်ဘူး။

၀ီကီကလည်း ၁၆ နှစ် ၂၁ နှစ် (သက်တမ်း) သောက်ရတာလည်း ကောင်းတယ်လေ။ ဒါကို မလောက်လို့ Black Label တစ်လုံး ထပ်သောက်လိုက်တယ်။ လူကို ပြန်လှန်သွားတာဘဲ။ ဒါကို ချစ်တယ်ရင်းတွေက တော်သေးဘူးတဲ့ဗျ။ မနိုင်ဘူး တကယ့် ကြွက်တွင်းတွေ။ အိမ်အပြန် လမ်းမှာ နောက်ထပ် Black Label တစ်လုံးထပ်ဝယ်ပြီး တယ်ရင်း အခန်းအောက် က ဆိုင်မှာ ထိုင်သောက်ကြတယ်။ မနက် ၃ နာရီခဲွသွားတယ်ထင်ပါရဲ့ပါ။ ၀ီစကီ ၄ပုံ ၃ ပုံလောက်ကုန် သွားတော့ အားလုံးလည်း Give up ဖြစ်ပြီး အိမ်ပြန်အိပ်ပါလေရဲ့။

မနက်က မိုးမလင်းသေးဘူး ဖုန်းကလည်း တကွမ်ကွမ်လာ။ သောက်မြင်ကပ်တာနဲ့ ဖုန်းပိတ်လိုက် တယ်။ ဖုန်းဖွင့်တော့ အား ခေါ်ထားလိုက်တဲ့ Call တွေ အများနည်းပါလား။ Call တွေကို ကြည့်တော့ အိုမိုင်ဂွတ် အဥ္စလီ ခေါ်ထားတဲ့ Call တွေက ၅ Call ။ တခြားလူတွေရဲ့ Call တွေကျန် သေးတယ်။

ကျနော် အဥ္စလီ ကို ဂတိတွေ ပေးထားတာ မေ့နေတာ။ သူက စနေနေ့မှာ ဘဝခရီး အခန်းမှာ တခုခုချက်ပြုတ် စားသောက်ဖို့ ခေါ်ထားတယ်လေ။ ကျနော်လည်း ဘဝခရီး အခန်းကို ခရီးဆက်ရတာပေါ့။ မိုးကလည်း ရွာ ရာသီဥတုက လည်းအေး၊ လူကလည်း အမူးမပြေသေးနဲ့ ဘဝခရီးအခန်းရောက်တော့ အဥ္စလီက နည်းနည်းကောင်းပြီး Galk ကနေ သူ့ညီနဲ့ပွား နေပေါ့ဗျာ။ ဘဝခရီးက တော့ မီးဖိုခန်းမှာ ဒုန်းဒုန်းဒိုင်းဒိုင်းနဲ့ချက်ပြုတ်နေ လေရဲ့။ ခွန်လင်း ချစ်သူ ဆိုတဲ့ လူက နည်းနည်းစသောက်နေပြီ အဥ္စလီနဲ့အတူ။

ခွန်လင်းချစ်သူက ခွက်ထဲ ရေခဲ နဲ့ ဘရမ်ဒီ ထည့်လိုက်တယ် ရော့သောက် စိုင်းစိုင်းတဲ့။ မိုးမိလာတဲ့ ကျနော်လည်း ဘရမ်ဒီ အေးအေးလေးကို တကြိုက်ထဲသောက်လိုက်တာ။ ပူထူ သွာ ပြီး မနေ့က မူးနေတဲ့ ၀ီစကီ အရှိန်တောင် လှန့်ပြီး ပြေးသွားတယ်။ ခွန်လင်းချစ်သူက တော့ သွားစရာရှိတယ်ဆိုပြီးလှစ်သွားတယ်။

နောက်တနာရီလောက် ကြာတော့ ဘရမ်ဒီ တလုံးလည်း ပုလင်းများ ပေါက်သလားလို့ ထင်ရအောင် ခမ်းသွားတယ်။ ဒါနဲ့ အဥ္စလီတို့ ဇတ်လမ်းက စပြီလေ။ ထမင်းစားမယ် လုပ်တော့ မစားဘူး အိမ်ထုပ်သွားပြီး သူ့အိမ်မှာ သွားစားမယ်တဲ့။ ဘဝခရီးရဲ့ အောင်မြင်တဲ့ ဖောင်းပြမှုကြောင့် မကြေမနပ်တဲ့ အဥ္စလီ ခမျာ ထမင်းစားချင် မစားချင်တဲ့နဲ့ စားတာ ၁ ပန်းကန် အမောက်ကြီး ကုန်ပါလေရော။

အဥ္စလီအိမ်ကို ချီတက်ကြပါလေရော။ အဥ္စလီက ဘရမ်ဒီထပ်ဝယ်လာတယ်။ ကျနော်တော့ မသောက်နိုင်တော့ဘူးလေ။ ကာလာအိုကေ ဆိုမယ်ပေါ့။ အဥ္စလီနဲ့ စိုင်းစိုင်း တို့ ကာလာ အိုကေ ဟစ်လိုက်တာ ဘဝခရီးတော့ ရေရေလည်လည် အီးအီးမှန်သွားတဲ့ မျက်နှာနဲ့ ထိုင်နား ထောင်နေရရှာတယ်။

အဥ္စလီ တို့ဟစ်တာက မျိုးကြီး၊ လေးဖြူတဲ့ အားပါးပါး.. လေးစား လောက်တယ်။ သိချင်ရင် ဘဝခရီးကို သာမေးကြည့်လိုက်တော့ဗျို့။ (ဟစ်တာနဲ့ ရစ်တာကို) ကျနော်တော့ မရေးတော့ ဘူး။ ကျနော်ရေးရင် သူတိုက်တဲ့ ဘရမ်ဒီ၊ သူအခန်းက ကာလာ အိုကေ သွားဆိုတဲ့ ကျနော် ကျေးဇူးကန်းရာရောက် သွားမှာဆိုးလို့ပါ..ဟဲ...ဟဲ... ရေးတော့ ဘူးနော် အကိုကြီးအင်... တော်ဘီ.. ချိတ်စိုးနဲ့နော် ချတာ.ချတာ..

0 comments: