Saturday, June 28, 2008

ပေါက်ပေါက်ဆုပ် နဲ့ မိုဘိုင်းဖုန်း

Sunday, June 1, 2008

ဇွန်လ ၁ ရက် မှတ်စု

ပိုစ့်အသစ်တွေ မတင်ဖြစ်သလို မရေးဖြစ်တာလည်း ကြာသွားခဲ့ပါပြီ။ စာရေးရတာ သိပ်ပြီး ဖီလင် မလာဘူးဖြစ်နေတယ်။ ရေးမယ်ရေးမယ်ဆိုပြီး မရေးဖြစ်ခဲ့ပါ။

လွန်ခဲ့တဲ့ မေလ ကလည်း အိမ်ပြန်ဖြစ်ခဲ့တယ်။ အိမ်ပြန်ရောက်တော့လည်း နာဂစ် နဲ့ကြုံလို့ ဘယ် သူငယ်ချင်းတွေနည်း အဆက်အသွယ် မရလိုက်ပါဘူး။ ဖုန်းလည်း ဆက်မရ။ စိုးဇီယျ နဲ့တော့ ဖုန်းရလိုက်တယ်။ မယ်လိုဒီမောင် ကိုတော့ ဖုန်းတဂွမ်ဂွမ်ခေါ်ပါတယ် မရပါ။ အီးမေးပို့လိုက်မှ စိုင်းစိုင်းရေ အဲဒီဖုန်း ခေါ်မရတော့ဘူးတဲ့။ တေဘီ.....

မှတ်မှတ်ရရ ကျနော်တို့ မိတ်ဆွေ ၄ ယောက် စူပါမားကက်စ် သွားဖြစ်တယ်။ ဒီကနေ့က ကျနော့် သူငယ်ချင်း သိန်းဟန်မွေးနေ့ပါ။ သူကြိုက်တဲ့ Mc Jean ဘောင်းဘီ လက်ဆောင် ပေးဖြစ်တယ်။

ဒီညတော့ ဘီယာတလုံးသောက်ဖြစ်တယ်။ ပြီးတော့ What a wonderful world နားထောင် ပြီး ဒီပိုစ့်ကိုရေးဖြစ်တယ်။

Friday, March 21, 2008

တပေါင်းလပြည့်

တပေါင်းလပြည့်နေ့ မှာ အလုပ်က လူတွေနဲ့ ဘုရားသွားဖြစ်ပါတယ်။ ဘုရားမှာ လူတွေ တော်တော်များတယ်လေ။

ငယ်ငယ်က တပေါင်းလပြည့်ဆိုရင် ဘော်ကြို ဘုရားပဲွကို အမြဲသွားလည်လေ့ရှိပါတယ်။
ဘော်ကြို က ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲနဲ့ သီပေါ ကြားမှာရှိပါတယ်။ အဲဒီဘုရားပဲွ က အင်မတန် စီကားပါတယ်။ ဘော်ကြိုဘုရားပဲွ ကိုမရောက်တာ ၁၀ နှစ်ကျော်ရှိသွားပြီလေ။

Thursday, March 20, 2008

Be careful charging your mobile!

အခုတလော မအားတာနဲ့ ဘလောဂ့်ဖက်ကိုတောင် မလှည့်နိုင်ပါ။ လာလည်တဲ့ တယ်ရင်း များ လားလုံးကိုလည်း ရေရေလည်လည် ပက်ပက်စက်စက် ကျေးဇူးတင်ပါတယ်။

အောက်ကပုံတွေက တယ်ရင်းတယောက်က ပို့လာလို့ ဘလောဂ့်ကာ တယ်ရင်းများ သတိထားနိုင်အောင်လို့ မျှဝေ လိုက်ခြင်းဖြစ်ပါတယ်။

ဘက်ထရီ အားသွင်းရင်း ပေါက်ကွဲသွားသော မိုဘိုင်းဖုန်း

ဘက်ထရီ အားသွင်းရင်း ပေါက်ကွဲသွားသော မိုဘိုင်းဖုန်း

မိုဘိုင်းဖုန်းဘက်ထရီအားသွင်းရင်း ပေါက်ကွဲသွားသော မိုဘိုင်းဖုန်း ကြောင့် ဒဏ်ရာရသွားသည့်လက်

မိုဘိုင်းဖုန်းဘက်ထရီ အားသွင်းရင်း ပေါက်ကွဲသွားသော မိုဘိုင်းဖုန်း ကြောင့် ဒဏ်ရာရသွားသည့်လက်

Monday, December 31, 2007

မုသားမပါ ၂၀၀၈ မှစ၍...

နတ်ပြည်မှအပ် လူ့ပြည်အပ်နှင့်
ထပ်ဖို့ရေး ထက် လူဖြစ်ခတ်၏။

လူဖြစ်ခတ်လည်း လူ့သက်အလို
အလွန်တို၏။

လူ့သက်အလို အလွန်တိုလည်း
ကိုယ်ရွေးသည့်ဝိုင်း ကိုယ့်သမိုင်းသည်ကား........

အတိုင်းမရှိ ရှည်လျှား၏ ဟု
သတိနှင့်ကူပြီး လူမှုမှန်သမျှ
ချင့်ချိန်က ၍ ယနေ့မှစပြီး...
ဘဝမှတ်တမ်း ယှဉ်ပြိုင်နိုင်ဖို့
အလှဇတ်လမ်းခင်းပြီး
မုသားမပါ
လှလှပပဖြစ်အောင် တင်ဆက်ကြစို့..လေ............

Monday, December 24, 2007

နှစ်သစ်ဆီသို့

အဟောင်းမှအသစ် အသစ်မှအဟောင်း
မှန်မှန်ပြောင်း၍ အဟောင်းအသစ်
အဖြေစစ်သော် အနှစ်မမြင်
နှစ်စဉ်သည်ခါ ဆုမွန်ဖြာသည်
သူ ငါ ချမ်းမြေ့ လူ့ဓလေ့။

ပိန်းကြာရွက်အား ရေမနားသို့
ငါးမျိုးရန်ဘေး အစဉ်ဝေး၍
အေးအေးလူလူ ချစ်ရသူနှင့်
တူနေ တူသွား အတူနားပြီး
စီးပွားလည်းတက် အသက်လည်းရှည်
အမည်လည်းသင်း ရောဂါကင်းကာ
ပြည်တွင်းပြည်ပ (မြန်မာ) ပြည်သူ သားတို့
သိကြားနတ်ပွေ့၍ ကျော်စေသော်....
တရားမြတ်တွေ့၍ ပျော်စေသော်....

Friday, December 21, 2007

Green Label and Me....

မနေ့က ဘာဖြစ်မှန်းမသိ၊ တော်တော့ကိုအိပ်ချင်နေသည်။ ညနေ ၆ နာရီလောက်ဘဲရှိအုံးမည် ထင်ပါရဲ့ အိပ်လိုက်သည်။ အိပ်နေတုံး ဖုန်းပိတ်ထားဖို့မေ့နေခဲ့သည်။ ဒါနဲ့ ည ရ ကျော်တော့ ကူမင်းက ပြန်လာတဲ့ သူငယ်ချင်း ဖုန်းလာပါသည်။

စိုင်းစိုင်း ဘယ်မှာလဲတဲ့။ ငါ့ကိုလေဆိပ်ကိုလာကြိုပါဦး ဆိုလို့ ကမန်းကတန်းထပြီး လေဆိပ်ကိုသွားပါတယ်။ သူနဲ့တွေ့တော့ ရော့ မင်းတွက်တဲ့ ဘာများပါလိမ့်။ ဖွင့်ကြည့်တော့ ဟိုက်... Green Label 1 liter ကြီး။ ကျေးဇူးပါ တယ်ရင်း

အိမ်ရောက်တော့ သူပေးတဲ့ Green ကိုဖွင့်ပြီး သောက်လိုက်တာ လက် ၄ လုံးလောက် ကုန်သွားတယ်။

Sunday, December 16, 2007

Shan New Year pictures

ဘလောက်ကို အလည်လာခဲ့ကြတဲ့ တယ်ရင်းများ အားလုံး ဆောရီးပါဗျာ။ ကျနော် ဘလောက် မရေးဖြစ်တာ လည်း ကြာလှပါပြီ။ လျှောက်လည်နေတာနဲ့ ဘလောက်ဖက်ကို မလှည့်နိုင်။ တယ်ရင်းတွေရဲ့ ဘလောက်တွေလည်း မလည်ဖြစ်ပါ။

ဒီနှစ် ရှမ်းနှစ်သစ်ကူးပဲွကို ပိင်းလုံ ဆိုတဲ့ရွာ ကိုရောက်ခဲ့ပါ။ ယိုးဒယားနယ်စပ်က ရွာဖြစ်ပြီး ရှမ်းပြည် လဲချားနှင့် နီးပြီး ချင်းမိုင်ကနေ သွားရင် ၄ နာရီလောက်သွားရပါတယ်။ အဲဒီပဲွမှာ လူတွေအတော့ကို စည်ကား လှပါတယ်။

မီးပုံးပျံ လွတ်ရန် ပြင်ဆင်နေကြသည်

မီးပုံးပျံ လွတ်ရန် ပြင်ဆင်နေကြသည်

အကများဖြင့် ဖျော်ဖြေနေကြသော ကလေးသူငယ်များ

ရှမ်းနှစ်သစ်ကူးပဲွသို့ အလည်လာကြသော ကလေးသူငယ်များ

ရှမ်းနှစ်သစ်ကူးပဲြွမင်ကွင်း