သံဝေဂဉာဏ်နဲ့ကြည့်ပြီး ဒုက္ခပေးတဲ့ခန္ဓာ၊ အိုတဲ့ခန္ဓာ၊ နာတဲ့ခန္ဓာ၊သေတဲ့ခန္ဓာလို့မြင်နေမှ တရားရပါလိမ့် မယ်။ ခန္ဓာကိုယ်ကြီးဟာ ကုန်ခန်းပျက်စီးခြင်းသဘောသာရှိတဲ့ ခန္ဓာပါ။ နဂိုမူလတုန်းက အင်အားတွေ အခုအချိန်မှာ ကုန်လာပါပြီ။ တစ်စတစ်စနဲ့ အသိဉာဏ်ပညာတွေ တဖြည်းဖြည်းနှေးကွေးလာ ခဲ့ပါပြီ။ အကြားအမြင်၊ အထိအတွေ့အာရုံတွေလည်း တဖြည်းဖြည်းဆုတ် ယုတ်လာနေပါပြီ။ အပျက်ဆီကိုဦးတည် နေတာပါ။ပျက်တော့မယ်လို့ ပြနေတာပါ။ ဒီခန္ဓာကြီးနဲ့ တစ်ရက်လည်းမဟုတ်၊ တစ်လလည်းမဟုတ်၊ တစ်နှစ်လည်းမဟုတ်၊ နှစ်ပေါင်းများစွာ အတူနေလာကြတာတောင် ခန္ဓာကြီးက ပြတဲ့တရားကိုမမြင်ကြတာ မကြည့် ကြလို့ပဲဖြစ်တယ်။ တရားမမြင်ကြတဲ့သူတွေကတော့ ဒီခန္ဓာကြီးကို အကြောင်းပြုပြီး လောဘတွေထွက်၊ ဒေါသတွေထွက်၊ မောဟတွေ ဖုံးလွှမ်းပြီး အကုသိုလ်တွေသာ တိုးပွား လာကြပါတယ်။
ကိုယ့်ကိုယ်ကိုယ် ချမ်းသာရာချမ်းသာကြောင်း ရှာဖွေရင်းနဲ့ပဲ ဒုက္ခရောက်ကြောင်းတွေ၊လောဘ၊ ဒေါသ၊ မောဟတွေနဲ့ နေကြမယ်ဆိုရင် တရားနဲ့ဝေးကွာကြလိမ့်မယ်။