Friday, August 31, 2007

Happy the 3rd Blog Day

Blog Day 2007

Tuesday, August 28, 2007

ဆောင်းအကြောင်း ရေးဖို့ Don't forget

Sai: အကို့ (ကုလားသံနဲ့) ပြန်သေးဝူးလားဗျ ...ကြိုးစားတယ်ဗျာ.

inzali: အလုပ်အခုမှ ပီးတော့တယ် (ဟူး ...)

Sai: ဟတ်..လားဂျ..

inzali: မဟတ်လားနဲ့ ခင်ဗျားကိုလဲ Tag ထားတယ် ... ရေးရမှာနော် ... ဟဲ ဟဲ

Sai: ကွန်းမန့်တောင်ပွတ်လိုက်ဘီ ရေးမှာပေါ့ဗျာ.အခုတောင် ချမ်းအောင် အင်္ကျီချွတ်ပြီး အဲယားကွန်းတွေ အသားကုန် လွတ်ထားတယ်..ဟဲ ဟဲ.. ခံစားရအောင်လို့လေ. ဒါမှပိုစ့်ကောင်း ကောင်းထွက်မှာဗျ.. ဟတ်.ဟတ်..........

inzali: သြော် ... အဲယားကွန်းအေးကြောင်း ကြွားတယ်ပေါ့ ... ကျနော်ဆီက အဲယားကွန်းက မအေးဘူးဗျ ... ဖွင့်လိုက်ရင် မအေးဘဲ ပူနေတယ် ... ဒွတ်ခပဲ...ဒွတ်ခ..

Sai: ခင်ဗျားအဲယားကွန်းကြီးက..ရာသီဥတုနဲ့..ထပ်တူထပ်မျှ ဖြစ်ပါလိမ့်မယ်ဗျာ.. မဟုတ်ရပါဗျာ..အထင်တွေ မလဲွပါနဲ့..ပိုစ့်ကောင်းကောင်းခံစားနိုင်အောင်လို့ပါ.

inzali: နောက်တာပါ ... Tag လုပ်ထားတဲ့ လူတွေ အတော်များများ ပြန်ရေးမယ်လို့ မျှော်လင့်ပါတယ််

Sai: အင်းပါဂျာ...

inzali: ပြန်မရေးရင် Blacklist ထဲ ထည့်လိုက်မှာနော် ... ဘာမှတ်လဲ :D

Sai: ရေးဝူးဗျာ...ထည့်ချင်ထည့်..ဘာလုပ်ချင်လဲ...ဒန့်ဒန့်..

inzali: ဟာဟ ... မရေးရင် ဘဝခရီးဆီမှာ အောက်လမ်းပညာနဲ့ တစ်သက်လုံး ဘလော့ ရေးလို့မရအောင် လုပ်ပစ်မှာ ... ဒန် ဒန့် ဒန်......

Sai: အိုး...ဟိုး.....ဟိုး..ဟိုး.....

ဒီလိုနဲ့ ..... ကိုဘဝ ရဲ့ အောက်လမ်းပညာကို ကြောက်လို့... အဥ္စလီ ရဲ့ တက်ကို..ရေးနေရပြီ..လေဗျာ..

ခိုက်ခိုက်တုံအောင် အေးလှတဲ့ ရှမ်းပြည်မြောက်ပိုင်းက ဆောင်းတွင်းကြီးမှာ မနက် ၅ နာရီခဲွလောက်ထ ပြီး တရုတ်ကျောင်းသွားရတဲ့ အဖြစ်လေးများကို မြင်ယောင်တုံး။ လမ်းသွားရင် ရှေ့ ၅ ပေလောက်ဆိုရင် ဘာကိုမှ မမြင်ရဘူး နှင်းတွေဖုုံးလို့ပါ။ နှင်းတွေကျ ပုံများ အိမ်ရှေ့က မြက်ပင်တွေ၊ ခေါင်မိုးပေါ်က သက်ကယ်တွေ ဆိုရင် ဖွေးဖွေးကို ဖြူလို့ပါ။ ကျောင်းရောက်တော့လည်း လက်တွေတောင့်လို့ ဘောပင်ကိုတောင်မှ ကိုင်နိုင် စွမ်းမ ရှိဘူး။

ဆောင်းတွင်းဆိုလျှင် အိမ်ကိုအမြဲလွမ်းတမ်းလွမ်းရတဲ့.....

ညဆိုရင် အိမ်ရှေ့ ဓါတ်မီးတိုင် အောက်မှာ ပုရစ်လေးတွေ ဖမ်းကြတဲ့ အဖြစ် လေးတွေ...............

မီးဖိုဘေးမှာဝိုင်းထိုင်ပြီး.. မေမေက အရသာရှိလှတဲ့ နှမ်းထောင်းခေါပုတ် ထဲမှာ ပဲပြုတ်ညှပ်ပြီး ကင်ကြွေးတာ လေးတွေ...............

စနေနေ့ မနက်တိုင်း မေမေ ပြုတ်ကြွေးတဲ့ ဘဲသား ဆန်ပြုတ်လေးနဲ့..နံပြားတွေ စားရတာလေးတွေ.......

ညအိပ်ရင် ဂွမ်းစောင် ၃ ထပ်လောက်ခြုံပြီး အိပ်ရတယ်.. ဒါတောင်အေးတုံး..

ဪ ၁၀ အောင်ပြီး.. မန္တလေးမှာ ဂျီတီအိုင် တက်တော့ မန်းတုန်အောင် လမ်းဆုံက ဟစ်ချင်တော့ ဆိုတဲ့.. အတိုင်း.. အခြားဒေသက ဆောင်းနဲ့ မတူအောင်..အရိုးထိအောင် စိမ့်ပြီးအေးတယ်.....

ရန်ကုန်ဆောင်းတော့...ပန်ကာဖွင့်အိပ်တယ်...

ဪ..... ယပလက် ဆောင်းကတော့..............လွမ်းစရာဟူ၍ မရှိသလောက်... တော်ဘီဗျာ.. ကျေနပ်ပြီ မဟုတ် လား ..ကိုအဥ္စလီရေ.....

မည်သူတွေကို Tag လုပ်ရမည်နည်း? တယ်ရင်းတွေကလည်း များများမရှိတော့..ဟုတ်ပြီ.. တချိန်တုံးက.. ကျနော့်ကို Tag လုပ်တဲ့လူတွေကို ပြန်ပြီး..
၁။ ယူဆဂိ
၂။ သန့်ဇော်မင်း

Tag လုပ်ထားတဲ့ တယ်ရင်း ၂ ယောက် ဆောင်းအကြောင်းလေးကို ရေးပေး ကြမယ်လို့မျှော်လင့်ပါတယ်ဗျာ...

အဥ္စလီ (ဂျင်းဘောင်းဘီအပြာရောင် ဆံပင်ဂုတ်ထောက်နှင့် ပရိုဖိုင်းမှာတော့ ကျောင်းအုပ်ကြီး စတိုင်နဲ့ သူတယောက်)
ဘဝခရီး (ဗေဒင်၊ ယတြာ၊ အောက်လမ်း၊ အထက်လမ်း ပညာများကို 911 သို့ခေါ်စရာမလိုဘဲ အခကြေးငွေယူ ကာ အလားကား ဟောပေးနေသူတယောက်)

Secure email

SSL connections have been built into email services on the Internet. This applies to webmail as well as to hosted email. Some webmail accounts offering such security measures free of charge are:

These webmail services allow you to enter your email account and communicate with it on an encrypted connection. Even though this data can still be captured by any filtering or surveillance mechanism, it will be next to impossible to make sense of it or decrypt it. Notice how the address is deliberately written with ‘https:’ in the beginning.

Essentially, this creates a much more private method for reading and writing email. Used with a good password it will pave the way to securing your Internet communications. Registering one of these email accounts does not differ at all from registering with Yahoo or Hotmail. The reason is that the majority of webmail providers do not offer SSL connections to their clients.

Sunday, August 26, 2007

လေတယ်ဗျာ

သိပ်ပြီးနေမကောင်းချင် သလိုဖြစ်တာ နဲ့ မနေ့က ဆေးရုံသွားပြီး တကိုယ်လုံးကို စစ်လိုက်တယ်။ အဖြေထွက်လာတယ် သွေးထဲမှာ အဆီနဲ့ Glucose တွေများနေတယ်တဲ့ ဟာ ဒါဆိုရင် ဆီးချိုပေါ့။ ဆရာဝန်က ပြောတယ်.. ဟိုဟာမစားနဲ့..ဒီဟာကိုရှောင်ပါ. ဟိုဟာကို ဒီလိုစား လေ့ကျင့်ခန်းကို တရက်ကို ၂ နာရီ လောက်လုပ် ဆိုပြီး ညွန်ကြား ချက်တွေ ပေးသွားတာ စုံလို့။ ၂၀ ကျော်ဘဲဆိုတော့ ကိုယ့်ကိုကိုယ်ထိန်းလို့ ရတယ်တဲ့. သောက်ဆေး တော့ မပေးလိုက်ဖူး။ နောက်သုံးလ ပြန်လာခဲ့ပါလို့ ချိန်းလိုက်တယ်။

အိမ်ပြန်ရောက်တော့ ညစ်တာနဲ့ ဖြစ်ချင်တာဖြစ် မောင်ဘချစ် ဆိုပြီး မစားပါနဲ့ဆိုတဲ့ အစာတွေကို ထိုင်ထား ပစ်လိုက်တယ်။ မသောက်တာလည်း ကြာပြီဖြစ်တဲ့ ဘီယာကို သောက်လိုက်တယ် ၆ လုံးကုန်သွားတယ်။ အဲဒါ ဘာဖြစ်လဲ.. တကယ် တကယ်ပါ ဘဲ..လေတယ်ဗျာ..လေတယ်..

Saturday, August 25, 2007

ဪ..သံယောဇင်

မိုးအုံ့မှိုင်းမိှုင်း အင်္ဂါနေ့ မနက်ခင်းမှာ နှစ်နှစ်ချိုက်ချိုက် ငါ့အိပ်နေတုံး မန္တလေး ဗန်းမော်တိုက် လမ်းကြားထဲက အဆောင်ရှေ့မှာ မင်းရဲ့ ခေါ်သံကြောင့် လန့်နိုးခဲ့ရတာ ဒီနေ့ဆိုရင် ကိုးနှစ်ကြီးများတောင် ရှိခဲ့ပြီ ရောလား။ မင်းရဲ့ မင်္ဂလာပဲွကို လိုက်ခဲ့ဖို့ လာခေါ်တာ မင်းမှတ်မိပါလိမ့်မယ်။ ငါတို့တတွေ တနှစ်ကျော်နီးပါး အဆက်အသွယ် ပြက်ပြီး အဲဒီ မနက်ခင်းမှ ဆိုင်းမဆင့် ဗုံမဆင့် ဘဲ မင်းရဲ့ ခေါ်သံတွေဟာ ငါ့ကို အင်မတန့်မှ အံ့အားသင့် စေခဲ့တာ အမှန်ပါ။ အချိန်တွေကလည်း ကုန်လွန်မြန်ဆန်လွန်းပါဘိ။ ဪ..... ဒီနေ့ဆို မင်း အိမ်ထောင်ကျတာ 9 နှစ်တောင် ပြည့်သွားပြီ ရောလား။

မင်္ဂလာပဲြွပီးတော့ ငါတို့တတွေ ကိုယ့်နေရပ်ကို ကားတွေနဲ့ ညနေခင်းမှာ ဒို့တွေအတူ ပြန်ကြပြီး သြဂုတ်လ 27 ရက် အတွက် ဒို့သူငယ်ချင်းတွေနဲ့အတူ မင်္ဂလာပဲွ ပြင်ဆင်ကြတာ ကိုလည်း မမေ့နိုင်ဘူးကွာ။ မင်းရဲ့ 27 ရက်နေ့ မင်္ဂလာပဲွမှာ ငါမြိုချခဲ့တဲ့ အရက်ဟာ အာခေါင်ကစပြီး အတွင်းထိအောင် ပူပြီးဆင်းသွားတယ်။ မင်္ဂလာပွဲပြီးတဲ့ ည ၁၀ နာရီလောက်မှာ မင်းရယ်၊ ငါရယ် မူးပြီး မြို့ထဲ ကားပတ်မောင်းကာ အကြောင်းများ စုံလင်အောင် ပြောခဲ့ ကြတာကိုလည်း ငါအမှတ်ရ ပါတယ်။ ဒါတွေကို မင်း မှတ်မိကောင်း မှတ်မိပါလိမ့်မယ် ငါ့အတွက်တော့ မေ့နိုင်စရာ အကြောင်း မရှိတော့ပါ။ ဘာကြောင့်လဲ ဆိုတာ မင်း အသိဆုံး ဖြစ်ပါလိမ့်မယ်။ ကြိုးတွေထဲမှာ သံယောဇင် ဆိုတဲ့ ကြိုးက အင်မတန် ဖြတ်ရခက်တဲ့ ကြိုးတမျှင်ပါ။

နောင်နှစ်ပေါင်းများစွာ တိုင်အောင် ပေါင်းသင်း၍ ချမ်းသာသုခအပေါင်းနှင့် ပြည့်စုံပါစေလို့........၊ အချစ်ဆုံး သူငယ်ချင်း......မှသည်.......

Friday, August 24, 2007

CD Recovery Toolbox


CD Recovery toolbox သည် CD, DVD, HD DVB တွင် အစင်းကြောင်းများ (သို့) ပေါက်၍ ဖတ်မရ။ ပျက်စီးသွားသည့် File များကို 90 % နီးပါးလောက် recovery လုပ်ပေးနိုင်တဲ့ freeware လေးတခုပါ။ သုံးရတာလည်း လွယ်ကူပါတယ်။ File size လည်း 662 KB သာရှိပါတယ်။ အဆင့်လေးဆင့် လုပ်ရုံနဲ့ ကိုယ်လိုချင်တဲ့ Files တွေကို ပြန်ရနိုင်ပါတယ်။ 4 Gb ထက် ကျော်တဲ့ File အရွယ်အစား တွေကိုတောင် recovery လုပ်ပေးနိုင်စွမ်း ရှိပါတယ်။ ကျနော်ရဲ့ နှစ်ချို့ CD တွေ ဖတ်မရတဲ့ အခါ CD recovery toolbox ဘဲကျနော့်ကို ကူညီပေးပါတယ်။

Windows 98, Windows Me, Windows NT 4.0, Windows 2000, Windows XP, Windows XP SP2, Windows 2003, Windows Vista တွေမှာ အသုံးပြုနိုင်ပါတယ်။

[Download]

Wednesday, August 22, 2007

CGI proxy list

ဟူးမ လွယ်ပါလား....အခုတလော ဘန်းထားတဲ့ ဆိုဒ်တွေများ နေတယ်။ ဘန်းထားတဲ့ ဆိုဒ်တွေကို ကျနော် ဒီကနေ ကြည့်ဖြစ်ပါတယ်။ ဒီ www.cgiproxylist.com/ မှာ ထောင်ပေါင်း များစွာသော porxy list တွေရှိပါတယ်။ Free လည်း အသုံးပြုလို့ ရတယ်လေ။ ဪ.....ဒီလောကကြီးမှာ privacy ဆိုတာ ဘယ်အချိန်ကြမှရှိမလဲ မသိတော့ဘူး။


Tuesday, August 21, 2007

ဪ....မိုး...

တနှစ်မှ တခေါက်လောက် မိုးစက်တွေ ပေါက်ကျလာသော်လည်း တသက်မှာ တခါတခေါက် လောက်တောင့်မှ အချစ်တွေရောက်မလာ။ မတည်မြဲတဲ့ ဒီ လောကဓံ တရားတွေမှာ မိုးပြီးရင် ဆောင်းဆိုတဲ့ရာသီ၊ ဪ ချစ်ပြီးရင် မုန်းသွားတာမျိုးတော့ ဘယ်လိုချင်မလဲဗျာ။

ဗလောင်ဆူပြီး ပူပြင်းတဲ့ ရာသီမျိုးရှိသလို ခံပြင်းပြီး ခက်တဲ့အချစ်တွေလည်း ရှိနေမှာဘဲနော် မိုးတွေမှာ အမှုန် အစက် အပြောက်တွေ များလွန်းလို့ အချစ်မှာ မိုးတွေလို အစက်တွေများပြီး. ရောနှောထြွေပား တာကိုတော့ မည်သူက လက်ခံနိုင်မလဲဗျာ။

မိုးတွေရွာရင်၊ မိုးတွေညိုရင်၊ တိမ်တြွေပိုကျရသလို အချစ်တွေငိုရင်၊ အချစ်တွေညိုရင် တိမ်တြွေပိုသလိုတော့ ကိုယ်မဖြစ်ပါရစေနဲ့ကွာ။