Friday, October 30, 2009

ယနေ့အတွက်မှတ်စုများ

လက်ရှိလုပ်နေတဲ့ အလုပ်ကို ဒီ ၂၀၀၉ ဒီဇင်ဘာလကုန်ရင်မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီး ဒီမနက်မှာပဲ အလုပ်က ဒါရိုက်တာကို နှုတ်ထွက်စာတင်ဖြစ်ခဲ့တယ်။ လက်ရှိလက်တဲ့အလုပ်ကို လုပ်လာတာ ၅ နှစ်ခဲွရှိပြီ မို့ငြီးငွေ့ လာတာလည်းပါတယ်။ လူရယ်လို့ဖြစ်လာတာ အပြောင်း အလဲကိုတော့ လိုလားတယ်။ ဒါကြောင့်မို့ လာမယ့် ၂၀၁၀ နှစ်သစ်မှာ ကိုယ်ကြိုက် နှစ်သက်တဲ့ အလုပ်ဘဲ ရှာလုပ်တော့ မယ်လို့ဆုံးဖြတ်ချက်ချလိုက် တယ်။

စဉ်းစားထားတာလေးတွေတော့ အများကြီးရှိတယ်လေ။ ရွေ့ပြောင်းအလုပ်သမားတွေကို စာလိုက်သင်ပေးမယ်။ ကိုယ်သိထားတတ်ထားတဲ့ ပညာလေးတွေကို မျှဝေပေးမယ်ပေါ့၊ ပညာဒါနပြုမယ်။ ဗော်လန်တီယာ လုပ်ဖို့တော့ စိတ်ကူးထားတာရှိတယ်။ ဓါတ်ပုံရိုက်လည်း ၀ါသနာပါတယ်ဆိုတော့ နယ်ထွက်ပြီး ဓါတ်ပုံလိုက်ရိုက်မယ်ပေါ့။

Thursday, October 22, 2009

How a beauty of English?

Please try to fill Yes or No below the blank.

______ , I am not a human.

Gook luck :-)

Our teamwork

How brilliant our teamwork is? :-P

Thursday, October 15, 2009

တိမ်များကို ဆေးခြယ်ခြင်း





Wednesday, October 14, 2009

လောင်ကျွမ်းသူရဲ့ သီအိုရမ်..

နာမည်ကိုတည်ကိန်းလုပ်ပြီး
စကားလုံးချိုချိုတွေနဲ ့စား
ကျန်နေတဲ့အကြွင်းကို
အချစ်ပါ ဆိုပြီးလှည့်ဖြား
မင်းလေး..
သိပ်မှားတာပေါ့.........။
ငါမက်မောသမျှမှာ
နင့်နာမည်တွေ..
ဂုဏ်သိက္ခာတွေမပါဘူးဆိုတာ
နင်တကယ်မသိတာလား??
မေးပါရစေ..
နင်တကယ်ချစ်ခဲ့တာလား??
ဟန်နီဆိုတဲ့..................
ငါ့ရင်ထဲက
မေတ္တာတွေကို
နင်တကယ်မမြင်နိုင်ခဲ့ပါလား..
ဖြစ်နိုင်ရင်..
နင်သွားတဲ့နောက်
တစ်ကောက်ကောက်လိုက်နိုင်တဲ့
ဖိနပ်လေးတစ်ရံ (သို့) ကျောပိုးအိတ်
ဖြစ်ချင်ခဲ့သူပါ..
နင့်အတွက်ဆို
မာရ်နတ်ကပေးတဲ့
အမုန်းကိုတောင်
ကျေကျေနပ်နပ်
ခံမယ့်သူပါ...........
မာနဆိုတဲ့စကားလုံးနဲ ့
ငါ့နှလုံးကို
ရက်ရက်စက်စက်
ခွဲသွားတော့လည်း
နင်ဖန်ဆင်းတဲ့
မနက်ဖြန်မှာ
သေနေတဲ့ အသိစိတ်တွေနဲ ့
ငါ....
နင်ပေးတဲ့အမုန်းတွေစားသုံးရင်း
ဆက်လက်ရှင်သန်နေဦးမယ်.......။
သူ့နာမည်က - လေပြေမြူး တဲ့

Monday, October 12, 2009

Season of LOVE

အချစ်ရာသီ အချိန်သမယ အခါ၀ယ်
ရင်ထဲမှာ ဟာတာတာ ဖြစ်
လွမ်းဆွတ် တမ်းတ ချစ်ရံှုးနိမ့်ကာ
စိတ်တွေကို ပန်ကာလေ ခံရင်း
ဟိုဒီပျံလွှား လေလွှင့် အထီးကျန်ဆန်လွန်းသည့်
အရသာသည်.............
ဤလောကမှာ ပြားရည်ဆမ်းသည့် အချိုမြိန်ဆုံးသောအရာ တစ်ခု ဖြစ်နေပါလားဆိုတာ ကျနော်သိခဲ့ပါပြီ။

ရင်ထဲမှာ မီးရထားကြီး ခုတ်မောင်းသွားသလို တ.ဒုန်း.ဒုန်း. တ.ဒိုင်း.ဒိုင်း တုန်ပြီး...
အချစ် မျက်နှာတော်ဦးကို မော်ဖူးရတဲ့ အချိန်တွေမှာ...
ကျနော်အဖို့ ဆားမစိမ်ခဲ့တဲ့ ကြောင်လျှာသီးကို စားလိုက်တဲ့ အရသာလို ပါလားကွယ်...

ဪ..စိတ်တည်ငြိမ်သက်ရာ၊ ဆက်သွယ်မှုဧရိယာပြင်ပ အရပ်များဆီသို့ ပြေးထွက်လိုက်ချင် ပါဘိဗျာ.....

Sunday, October 11, 2009

No tittle!

On Friday night I met some friends who I haven't seen for a couple of months. We could talk a lot of things. The interesting thing that we talked about was using Shan Unicode 5.1. Regarding on our discussion, we surely gather our Shan people who are using Shan Unicode and discuss about it very soon.

Do you know why male model are not okay with car ads?









Tuesday, October 6, 2009

My heart was shaken by a couple of things

လွန်ခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က ပါတီပဲွတခုမှာ ယိမ်းနဲွ့ပြီး ကတဲ့ မင်းရဲ့ဟန်အမူအရာလေးတွေ...

မွေးနေ့ပဲွ တခုမှာ ကိတ်မုန့် Cream ကိုယူပြီး မင်းလက်ချောင်းလေးတွေနဲ့ ငါ့ပါးပြင်ကို ပွတ်သပ်ခဲ့တာ လေးတွေ

ဓါတ်ပုံရိုက်တိုင်း ဟန်ပန် အမျိုးမျိုး (Acting) နဲ့ ကင်မရာ မှန်ဘီလူးကို ဆူးရှတဲ့အကြည့် တွေနဲ့ ကြည့်တဲ့ မင်းမျက်ဝန်းအစုံလေးတွေ.....

ဖုန်းထဲမှာ အဟင့်..ဟင့်... နဲ့ ငိုရှိုက်တဲ့မင်းရဲ့ ငိုသံတွေလေးတွေဟာ "တည့်တည့်ဘဲပြောမယ်ဆို သိလား" ဆိုတဲ့ (မင်းအကိုလို့သတ်မှတ်တဲ့) အကို့ နှလုံးသားထဲမှာ မေ့အရနိုင်လောက်အောင် ညှိတွယ်စဲွကပ် နေပြီလားကွယ်။

Monday, October 5, 2009

Joke of this week

သာဓု - “အိမ်ထောင်ဆိုတာဘာလဲ”
ပါပု - “အိမ်ထောင်ဆိုတာ အဝိုင်းခံထားရတဲ့ ရဲတိုက်နဲ့တူတယ်။ အထဲရောက်နေတဲ့ လူတွေကအပြင်ကိုထွက်ချင်တယ်။ အဲ အပြင်ကလူတြွေကတော့ အထဲဝင်ဖို့ အားခဲနေကြတယ်”

သာဓု - “လူငယ်တွေဟာ မိန်းမယူပြီးတဲ့နောက်မှ ဆင်ခြင်ဉာဏ် ပိုလာသလား”
ပါပု - “ဆင်ခြင်ဉာဏ်ရှိရင် သူတို့ မိန်းမ မယူဘူး”

သာဓု - “လူပျိုနဲ့ လူအို ဘာကွာသလဲ”
ပါပု - “လူပျိုက အိမ်အလုပ်ကို သူ့ဟာသူလုပ်တယ်၊ လူအိုကတော့ မိန်းမခိုင်းလို့ လုပ်ရတယ်”

သာဓု - “မိန်းမဆိုတာဘာလဲ”
ပါပု - “မိန်းမဆိုတာ နှင်းဆီပန်းပဲ၊ ပွင့်ချပ်တွေကို ချစ်သူ ရည်းစားတွေက ခူးသွားကြတယ်၊ သူယူတဲ့ ယောကျ်ားအတွက် ဆူးပဲ ကျန်တယ်”

သာဓု - “မယားငယ်ဆိုတာ ဘာလဲ”
ပါပု - “အိမ်ခန်းထဲမှာ ထားစရာ နေရာမရှိတဲ့ အဖိုးတန် ပရိဘောဂ”

သာဓု - “မိန်းမတစ်ယောက်ထဲ ယူတဲ့စနစ်နဲ့ မိန်းမနှစ်ယောက် ယူတဲ့စနစ် ဘာကွာသလဲ”
ပါပု - “ဘာမှ အကွာဘူး၊ နှစ်ခုစလုံးမှာ မိန်းမတစ်ယောက် ပိုနေတယ်”

သာဓု - “မိုက်တွင်းနက်ပြီး မိန်းမနဲ့ ကွာရှင်းနိုင်သလား”
ပါပု - “မသိဘူး၊ ဒါပေမယ့် မိုက်တွင်းနက်ပြီး မိန်းမတွေကို တစ်ယောက်ပြီးတစ်ယောက် ကောက်ယူနို်င်တာတော့ အမှန်ပဲ”

သာဓု - “မိန်းမကိုဘာနဲ့ နှိုင်းလို့ ရမလဲ”
ပါပု - “စောင်နဲ့ ၊ ခြုံလိုက်ရင် အိုက်တယ်၊ ဖယ်လိုက်ရင် ချမ်းတယ်”

သာဓု - “အလွန်အကျွံ သတိမေ့ခြင်းဆိုတာ ဘာလဲ”
ပါပု - “နယ်ကပြန်လာတဲ့ ယောကျ်ားက ရွှေဆွဲကြိုးကို မယားကြီးကိုပေးပြီး ညစ်ပတ်နေတဲ့
အဝတ်အစားကို လျှော်ဖွတ်ဖို့ မယားငယ်ကိုပေးခြင်း”

သာဓု - “အကောင်းမြင်သမားဆိုတာ ဘယ်လိုလူမျူိးလဲ”
ပါပု - “အိမ်မှာ ဆေးပေါ့လိပ်တိုကို မြင်တဲ့အခါ မိန်းမလုပ်တဲ့သူ စီးကရက် ဖြတ်လိုက်ပြီလို့ ကောက်ချက်ချတဲ့ ယောကျ်ား”

သာဓု - “ယောကျ်ားနဲ့ မိန်းမ သူတို့ရဲ့ပါတနာတွေကို ဘာကြောင့်လဲသလဲ”
ပါပု - “အမျိုးမျိုးခံစားချင်တဲ့အခါ ယောကျ်ားဟာ မိန်းမကိုလဲတယ်၊ အဲမိန်းမကတော့ ဘာမှမခံစားရတဲ့အခါမှာ ယောကျ်ားကိုလဲတယ်”

သာဓု - “မိန်းမတစ်ယောက်ဟာ မိချောင်းနဲ့ အတူတူနေနိုင်သလား”
ပါပု - “မိချောင်းမှာ ပိုက်ဆံရှိရင်နေမှာပေါ့”

သာဓု - “ငွေသာ ပဓာနဆိုတာ အမှန်ပဲလား”
ပါပု - “မဟုတ်ဘူး၊ အဲဒီငွေရဲ့ အရေအတွက်ကသာ ပဓာန”

သာဓု - “ဘယ်အရာက မိန်းမတစ်ယောက်ကို အလှတိုးစေသလဲ”
ပါပု - “ယောကျ်ားတစ်ယောက်ရဲ့ အစာအိမ်ထဲက ၀ီစကီနှစ်ခွက်”

သာဓု - “ယောကျ်ားတစ်ယောက်ဟာ ဘယ်အချိန်မှာ အင်အားချိနဲ့တဲ့ သဘောကို ခံစားရသလဲ”
ပါပု - “မိန်းမချောတစ်ယောက်က ရှင်အင်မတန်တော်တဲ့ လူပါလားလို့ ချီးကျုးတဲ့အခါမှာ”

သာဓု - “ယောကျ်ား ယူတဲ့မိန်းမတစ်ယောက်ရဲ့ လုပ်ရပ်ကိုဘယ်လို အကဲဖြတ်နိုင်သလဲ”
ပါပု - “ယောကျ်ားအများကြီးရဲ့ အာရုံစိုက်မှုကို ခံရတဲ့ဘဝကို ယောကျ်ားတစ်ယောက်ထဲရဲ့ အာရုံစိုက်မှုကိုခံရတဲ့ဘဝနဲ့ လဲလိုက်ခြင်းပဲပေါ့”

သာဓု - “မိန်းမတစ်ယောက်ရဲ့ ချို့ယွင်းချက် မှန်သမျှကို သိအောင် ဘယ်လိုရမလဲ”
ပါပု - “သူ့ရဲ့အချစ်ဆုံး သူငယ်ချင်းရှေ့မှာသူ့ကို ချီးမွမ်းကြည့်”

သာဓု - “မိန်းမဖြစ်တဲ့သူကို အံ့သြအောင် ဘာလုပ်ရမလဲ”
ပါပု - “သူ တစ်ချိန်လုံးပူဆာနေတဲ့ စိန်နားကပ်အစား လက်ကိုင်ပဝါတစ်ထည် ၀ယ်ပေးလိုက်”

သာဓု - “မိန်းမဟာ ဓားပြထက်ပိုကြောက်စရာ ကောင်းတယ်လို့ ပြောကြတယ်၊ ဘာကြောင့်လဲ”
ပါပု - “ဓားပြဟာ ပိုက်ဆံအိတ်ကိုပေးမလား၊ ဒါမှမဟုတ် ဘဝကို အဆုံးခံမလားလို့မေးတယ်၊
မိန်းမကတော့ နှစ်ခုစလုံးကို တောင်းတယ်”

သာဓု - “ခြောက်လုံးပြူး နဲ့ စက်သေနတ် ဘာကွာသလဲ”
ပါပု - “စကားပြောနေကြတဲ့အခါမှာ ယောကျ်ားနဲ့မိန်းမ ကွာသလဲလိုပဲပေါ့”

သာဓု - “ဘီယာနဲ့မိန်းမ ဘာကွာသလဲ”
ပါပု - “ဘီယာက ခင်ဗျားဘယ်အချိန် အိမ်ပြန်မလဲဆိုတာ စိတ်မပူဘူး”

သာဓု - “ရုပ်ချော၊ ဉာဏ်ကောင်း၊ ဂရုစိုက်တတ်ပြီး ပိုက်ဆံလည်း ချမ်းသာတဲ့ ယောကျ်ားကို ယူချင်ရင် ဖြစ်မလား”
ပါပု - “ဖြစ်ပါတယ် ဒါပေမယ့် လင်လေးခါယူရမယ်”

သာဓု - “ ဒါနဲ့ ခင်ဗျားရဲ့ ခွေးကို ဘာဖြစ်လို့ ငထုံကြီး”လို့ နာမည်ပေးရတာလဲ”
ပါပု - “လမ်းမှာ ဒီကောင့်ကို ငထုံကြီးခေါ်လိုက်ရင် ယောကျ်ားတွေ အတော်များများ လှည့်ကြည့်ကြတာ အရသာရှိလွန်းလို့”

သာဓု - “ကိုယ့်မိန်းမနဲ့စကားများကြရာမှာ ကိုယ်က အနိုင်ရတယ်ဆိုရင် ဘာလုပ်ရမလဲ“
ပါပု - “ရှင်းရှင်းလေးပဲ သူ့ကို တောင်းပန်လိုက်”

သာဓု - “ဆင်းရဲတဲ့မိန်းကလေးကို ပျော်ရွင်အောင် လုပ်နိုင်သလား”
ပါပု - “လုပ်နိုင်တယ်၊ ဒါပေမယ့် ချမ်းသာတဲ့ မိန်းကလေးကို စိတ်ဆင်းရဲအောင်လုပ်တာ ပိုကောင်းတယ်”

သာဓု - “ပညာနဲ့ အသပြာ ဘယ်ဟာကို ယူသင့်သလဲ”
ပါပု - “ကိုယ့်ဆီမှာ မလုံလောက်တာကို ယူ”

သူငယ်ချင်းတစ်ယောက်ပို့လိုက်တဲ့ မေးလ် ထဲက နှစ်သက်တာနဲ့ပိုစ့်လိုက်တယ်။

Sunday, October 4, 2009

Our Gang


Today we went to a couples of places and took hundreds of photos. These photos were taken at Royal Flora Ratchaphruek Chiang Mai.

Thursday, October 1, 2009

Kart Laung

ပြီးခဲ့တဲ့အပတ် September 25 က ချင်းမိုင်စျေးကြီး(Kart Laung) နားက သူငယ်ချင်း တစ်ယောက်အိမ်သွားလည်ရင်း ရိုက်ခဲ့တဲ့ပုံတွေပါ။ ပုံတွေရိုက်နေတုံး ကျောင်းက သူငယ်ချင်းစုံတဲွတွေ့ခဲ့သေးတယ်။



စျေးက အပြန်မှာ ညီမလေးကြိုက်တဲ့ သစ်တော်သီးနဲ့စပျစ်သီး ၀ယ်ခဲ့တယ်။