Showing posts with label Privacy. Show all posts
Showing posts with label Privacy. Show all posts

Friday, June 8, 2007

Privacy

ဘန်ကောက်၊ချင်းမိုင် ကကျနော့် သူငယ်ချင်းတွေအပြောအရ ကျနော် တော်တော် စိတ်မကောင်း ဖြစ်ရတယ်။ ကျနော့်တို့ဘလောက် ကို ကြည့်မရဘူးတဲ့ဗျ။ ဘလောက်တွေအားလုံးကို ဘန်းထားတဲ့ ပုံပါဘဲ ကျနော်တို့လက်ရှိ သုံးနေတဲ့ Cbox ကိုလည်းဘန်းထားလိုက်တာလွန်ရော ထိုင်းမှာ ရှိတဲ့ ISP တွေအားလုံး ကဘန်းထားတာဖြစ်လိမ့်မယ်။ ကျနော်တို့ဘလောက်ကို တော့..TOT ဆိုတဲ့ ISP ကိုသုံးတဲ့ သူတိုင်း Access လုပ်လို့ကိုမရဘူးတဲ့ဗျ။ ဒါကတော့ သူများတွေရဲ့ Privacy ကိုချိုးဖောက် တာဘဲ။ သူများတွေရဲ့ privacy ကိုချိုးဖောက်တာလောက် အောက်တန်းကျတာမရှိပါ.. ကျနော်တော်တော်ရွံမုန်းတယ်..စိတ်လည်း လေတယ်..တကယ်.. တကယ်ပါ။ လွန်ခဲ့တဲ့ ၂ လလောက်တုံးကလည်း www.youtube.com ဆိုတဲ့ ဆိုဒ်ကြီးကိုလည်း ဘန်းလိုက် တယ်လေ။...

ကျနော့်သူငယ်ချင်းများ...ကိုတောင်းပန်ပါတယ်။ ကျနော် မတတ်ခေါက်နဲ့စိတ်ထဲထင်တာ တွေ လျှောက်ရေးထားတဲ့ ကျနော့်ဘလောက်ကို ဖတ်တဲ့သူတိုင်းကိုလည်းကျေးဇူးတင်ပါ တယ်။ ကျနော့်အရေးအသားများလွန်သည်ဟုသတ်မှတ်ခဲ့ရင်လည်းခွင့်လွတ်ပါ။

ကျနော့် ဘလောက်က Cbox ကို မမြင်ရရင်...ဒီမှာ.. Click ပြီးတော့ ကြည့်နိုင်ပါတယ်။