Monday, July 20, 2009

ကျောင်းက ကျွေးတဲ့ နေ့လည်စာ

မနေ့က ကျောင်းက ကျွေးတဲ့ ၀က်သားလုံး နဲ့ ထမင်း။ စားကောင်းစားနဲ့ ၂ ပန်းကန် စားလိုက် တယ်။

Saturday, July 18, 2009

Joke of the week

ရုပ်ရည်ချောမောလွန်းသည့်မိန်းမ = သင်အား အလှဗန်းပြပြီးတစ်သက်လုံး ညှဉ်းပန်း နှိပ်စက်မည်ဖြစ်သည်။

ရုပ်ဆိုးသောမိန်းမ = ရုပ်ရည် မလှလှအောင် ကြိုးပမ်းနေခြင်းဖြင့့် သင့်အားနှိပ်စက်မည် ဖြစ်သည်။

ပညာတတ်လွန်းသောမိန်းမ = တတ်သည့်ပညာများကို အကုန် ထုတ်ပြနေခြင်းဖြင့် သင့်အား နှိပ်စက်မည် ဖြစ်သည်။

ပညာမတတ်သောမိနိန်းမ = ပညာတတ်ဟန်ဆောင်၍ တစ်ဇွတ်ထိုးလုပ်ခြင်းများဖြင့် သင့်ကို နှိပ်စက်မည်ဖြစ်၏။

ဥစ္စာကြွယ်ဝသောမိန်းမ = အတောမသတ်နိုင်သည့် ၎င်း၏လောဘ၊ မောဟများနှင့် သင့်အား နှိပ်စက် နေမည်ဖြစ်၏။

ဥစ္စာနည်းသောမိန်းမ = ဥစ္စာဓနအလိုရှိသရွေ့တိုးပွားမလာခြင်းကို အကြောင်းပြုကာ သင့်ကို နှိပ်စက်မည် ဖြစ်သည်။

မိန်းမများနှင့် ကင်းအောင်နေခြင်း = သင်သည် အလကားလူဖြစ်၏။

မိန်းမများနှင့်သာ နေထိုင်ခြင်း = သင်သည် အလွန်မိုက်မဲသူဖြစ်၏။

ဇူလိုင်လ ၂၀-၂၆ ရက် The Voice (Vol.5/No.37) မှ