Thursday, May 31, 2007

Rainbow Dream

As evening comes,
I race,
already hungry
for your face
your hand
your touch

So much you have
to give,
and lavish on me
with such style….

I think of you….
I see your smile…
my heart dances,
prances,
runs, cavorts,
and preens,
as quickly

I do my face,
my hair,
and wait for you
with a myriad of rainbow dream.

Wednesday, May 30, 2007

မျက်ရည်အပြုံးရဲ့ လျှို့ဝှက်ချက်

အထင်သေးပေါ့ ရပါတယ်
ငါ့ကိုယ်ငါလည်း အထင်မကြီးခဲ့
ငါ့အတ္တတွေ ငါ့အတွက်မဟုတ်ဘူးဆိုတာ သိသင့်ပါတယ်
မာနမရှိလည်း နေနိုင်ခဲ့တယ်
ဒါပေမယ့်
ဆူးမရှိရင်ခူးလွယ်တယ်ဆိုတဲ့
ပန်းပွင့်မျိုးမဖြစ်ချင်လို့
ငါ့အိပ်မက်တွေကို ဆူးခတ်ထားတာပါ။

လောဘကြီးတာ ပိုင်ဆိုင်ဖို့အတွက်မဟုတ်သလို
သောကကြီးရတာလည်း အားငယ်တတ်လို့မဟုတ်
ဒါဟာ ၀ိဉာဉ်မဲ့သူအတွက် ငါ့လိပ်ပြာကို ပြန်ပေးဆပ်ခြင်းသက်သက်ပါ။
နားမလည်လည်းနေပါစေ
နင့်မျက်ရည်တွေနဲ့ ငါအဖော်ဖွဲ့နေတတ်ခဲ့ပြီ
ဒါပေမယ့်
ပြုံးလက်စနဲ့ အမုန်းခန်းစီး မဖွင့်လိုက်ပါနဲ့
ကျရံှုးမှုကိုရင်ဆိုင်နိုင်ပေမယ့် ဆုံးရံှုးမှုကိုလက်မခံနိုင်တာ
နင့်မျက်ရည်ကသက်သေတည်မှာပါ။

နွေသစ်ခွ(၁၃။ ၃။ ၀၇)

Sunday, May 27, 2007

Golden Eye spyware

ကျနော်လက်ရှိအသုံးပြုတဲ့ နေတဲ့ spyware က Golden Eye Spyware လို့ခေါ်တယ်လေ။ Golden Eye ကို သုံးခြင်းအားဖြင့် User တယောက်ယောက် ကိုယ်မသိဘဲကိုယ့် Computer ကိုလာသုံးတဲ့ အခါ သူဘာ File တွေကိုဖွင့်သွားခဲ့သလဲ၊ ဘယ် Website တွေကိုကြည့်သွား ခဲ့သလဲ Chat ထဲမှာ ဘာတွေပြောခဲ့သလဲ ဆိုတာတွေကို ထောက်လှမ်းပေးတဲ့ keylogger sofware တမျိုးပါဘဲလေ။

keylogger ကတော့ Computer ကို ၀င်ရောက်အသုံးပြုသွားတဲ့ အရာအားလုံးကို screem short တွေနဲ့ဖမ်းယူမှတ်သားထားပေးတဲ့ Software တမျိုးပါဘဲ။ ကျနော်တော့ ဒီ Software ကိုတော် တော် လည်းနှစ်ခြိုက်မိပါတယ်။ Download load လုပ်ချင်ရင် ဒီမှာ Click ရင်ရပါ တယ်။ သူက တော့ Trial Version ဘဲလေ။ ၁၅ ရက်ပေးသုံးပါတယ်။သုံးပြီးလို့ကြိုက်ရင် ၀ယ်သုံးကြပေါ့ဗျာ.တယ်ရင်း..

Tuesday, May 22, 2007

Firefox Addons (Tab effect)

ကျနော် ဒီနေ့ နေ့လည် ထမင်းစားပြီးတော့ ကျနော့် Firefox က Addons လေးတွေကို Update လုပ်မယ်ဆိုပြီး Update လုပ်ဖြစ်လိုက်ပါတယ်။ Update လုပ်ရင်းနဲ့ Get More Extensions ကိုသွားလိုက်မိပါတယ်..ဒါနဲ့ ကျနော် Extensions အကြောင်းလေးတွေကို လျှောက်ဖတ်မိရင်း Tab Effect ဆိုတဲ့ Extension ကိုတွေ့တော့ Install လုပ်လိုက်တယ်။ ဒီ Extension က Tab တခုကနေတခုပြောင်းတဲ့အခါ ၂ ဖက်မြင် (2 D) ပြောင်းပေးတယ်။ သုံးရတာတော့...Fancy ဖြစ်ပါတယ်။ ဒီ extension က DirectX 8 ကိုအသုံးပြုထားတယ်လို့ ဆိုပါတယ်။ Firefox 1.5 Version အထက်ပဲ Support လုပ်ပါတယ်။ သုံးကြည့်မယ်ဆိုရင် ဒီမှာ Downlaod လုပ်နိုင်ပါတယ်။


Tab effect ကဒီလိုပါ

Monday, May 21, 2007

Self evaluation

ကျနော့်၏အချို့လုပ်ရပ်များကို ပြင်ချိန်တန်ပါပြီ။ တနေ့တနေ့ Computer ရှေ့တွင်ထိုင်ကာ Coffee ကို ၃-၄ ခွက်သောက်ပြီး အချိန်တွေကုန်ခဲ့သည်မှာလည်းမနည်းတော့ပြီ။ယခုအချိန် အထိ ဘာကိုမှ ဖြစ်ဖြစ်မြောက်မြောက်တတ်လာသည်ဟူ၍ မရှိသည်သာမကယောင်တောင် ပေါင်တောင် ယောင် ၆၀ ဖြစ်နေဆဲပါ။ စာထဲတွင်လည်းသိပ်စိတ်မဝင်စား..ဘာတွေကို စိတ်ဝင်စားသနည်းဟု ကိုယ့်ကိုကိုယ် ပြန်လည်မေးမြန်းကြည့်သော်လည်း တိတိကျကျ အဖြေမထွက်။ ၁၀၉-၁၁၀ များဖြစ်နေပြီလားဟု ကိုယ့်ကိုကိုယ်ရံဖန်ရံခါစိတ်ထဲတွင်ကြိတ်မှိတ် တွေးတောနေမိသည်။

ကျနော်၏ ငယ်ပေါင်းသူချင်းများဆိုလျှင် Master တန်းပြီးတဲ့သူတြွေပီး၊ ဆရာဝန်ဖြစ်တဲ့ သူတြွေဖစ်၊ Millionaire ဖြစ်တဲ့ သူတြွေဖစ်ကုန်ကြပါပြီ။ တချို့သောသူများ ဆိုလျှင်ပင်သားသမီးရတနာများတောင် ထွန်းကားနေလေရဲ့။ သို့တွင်မူ ကျနော် စိုင်းစိုင်းတယောက်ယခု ဤအချိန်ကာလအထိ ကျောင်းမပြီးသေး၊ Millionaire ဖြစ်ဖို့ဝေးပါသေးသည်။ ရတာလေးနှင့် မနည်းခြစ်ချုတ်ချွေတာသုံးစဲွနေရသည့် ဘဝမျှသာ ဗလာနတ်ထိ ဘာမှမရှိသေးသည်မှာ ဧကန်ဖြစ်၏။ ကိုယ့်အသက်ကို ပြန်ရေတွက်ကြည့် သော်လည်း ၂ရ တောင် စွန်း လာလေပြီ။ Middle age သို့ရောက်နေပါလျှက်နှင့် ဤအချိန်ထိစမ်းတဝါးဝါး ဖြစ်နေသေးသည်။ မည့်သည့်အရာမဆို စမ်းသပ်ချင်နေသေးသည်။ ကျနော့် သူငယ်ချင်းတယောက်ပြောခဲ့သည့် စကားကို ပြန်လည်အမှတ်ရလိုက်သည်။ "ဟေးကောင် ကြီးကျော့ မင်းအခုအချိန်မှာ တခုခုကို ဇောက်ချပြီးတော့ လုပ်သင့်နေပြီ" တဲ့။ (ကြီးကျော့သည် ကျနော့် ငယ်နာမည်) ကျနော့်အားပြောသွားသည့်သူမှာ ယခု Millionaire တယောက်ဖြစ်နေပါပြီ။

ထို့ကြောင့် ယနေ့မှစ၍ ကိုယ့်ကိုကိုယ် ပြန်လည်စမ်းစစ်ကာ ဆုံးဖြတ်ချက်တစုံတခုတော့ ချသင့်နေပြီဟူ၍........

Sunday, May 20, 2007

Doing By Leaning.....Leaning By Doing

စနေဆိုတော့ အလုပ်လည်းပါး.အတန်းတွေကလည်းမရှိတော့ တနေ့လုံးလုံး အိပ်ရာထ ကတည်းက ကွန်ပြူတာရှေ့မှာ ငုတ်တုတ်ထိုင်ပြီး ကျနော့် ဘလောဒ့်က Banner လေးကို မတတ်တခေါက် တတ်ထားတဲ့ Graphic ပညာနဲ့ကမြင်းလိုက်တယ်။ Side bar ကိုလည်း လက်ယားပြီး ဘယ်ဖက်အခြမ်းကို ဇွတ်အတင်းတွန်းပို့လိုက်တယ်။ Side bar icon လေးတွေ ကိုလည်း ဖျစ်ညစ်ပြီး မရမက သိပ်ထည့်လိုက်ပါတယ်။

Side bar ဘယ်ဖက်ကို ပြောင်းတာ ကျနော့်အဖို့တော်တော်လေး လက်ပေါက်ကပ်ကပ် လုပ်လိုက်ရပါတယ်။ ညာနဲ့ဘယ် ပြောင်းတာတော့ပြောင်းလို့ရသွားပါရဲ့....ဘယ်ဖက်ကို Side bar ရောက်လာတော့လည်း Side bar က အထက်မှာမနေတော့ဘဲ အောက်ဖက် footer ကိုပြေးကပ်ပါလေရော..အမှုကြီးက အခုမှစတက်တာ...ပြင်သွားပြင်လာနဲ့ နောက်ဆုံးရသွား တယ်..ဟူး...

ဘာကြောင့်ကျနော့်အဖို့ ဒီလောက်ခက်ခဲသလဲမသိပါ.. ဖြစ်နိုင်တာက..CSS အကြောင်း မကျွမ်းကျင်တာရယ်...Html လည်း လည်လည်ဝယ်ဝယ် နားမလည်လို့ဖြစ်ရတယ်လေ။ အော် ဒီအကြောင်းပြောမှဘဲ.. တနေ့က သူငယ်ချင်းတယောက်ရဲ့Graphic လက်ရာကို ကြိုက်လို့...ဘယ် Application သုံးပြီး လုပ်တာလဲလို့ မေးလိုက်မိတော့၊ သူက ဘာပြန်ပြော တယ်မှတ်လည်း ခင်ဗျားဗျာ...Blogger တယောက် ဖြစ်နေပြီး.. တော်တော်နောက်ကျတာဘဲ တဲ့... ကျနော်က ပြန်ပြောလိုက်တယ်.. "Doing By Learning.....Learning By Doing" လို့..

Friday, May 18, 2007

Gabbly Chat အကြောင်းတပိုင်းတစ

ကျနော့်ဘော်ဒါ သူငယ်ချင်း ပေါင်းအပါများအုံးလုံး.. Gabbly Chat အကြောင်း သိကောင်းသိပါ လိမ့်မည်။ Gabby Chat ရဲ့ အလုပ်လုပ်ပုံက ဒီလိုပါ။ http://www.gabblychat.com/www.your domain name ဆိုရင်အဲဒီမှာရှိနေတဲ့ User နဲ့Chat လို့ရပါတယ်။ ဥပမာ ကျနော်..စိုင်းစိုင်း..နဲ့Chat မယ်ဆိုရင်ပေါ့ဗျာ....... http://www.gabbly.com/sailashio.blogspot.com ဆိုရင် ကျနော်နဲ့တိုက်ရိုက်ချက် လို့ရပါတယ်....အဟီ..ဟီး... (ကြော်ငြာဝင်နေပြီလို့တော့ မထင်လိုက်ပါနဲ့ဂျ) ..။ ကျနော် online ပေါ်မှာရှိနေသမျှ... Gabbly Chat မှာကျနော် Available ပါဗျာ။

Template edited

မနေ့ညက ခေါင်းတော်တောင်ကိုက်သွားပါတယ်။ ညစာတောင် မစားဖြစ်လိုက်ပါဘူး။ တညနေလုံး ကျနော့် ဘလောဒ့်ကာရဲ့ Template ကိုထိုင်ပြင်နေမိတယ်လေ။ HTML အကြောင်းနားလည်လားဆိုတော့လည်း ..အဟိ.. ပြောရမှာ ခတ်ရှက်ရှက်ရယ်... နားမလည်ပါဘူး။ နားမလည်ဘဲနဲ့ အဲဒီ ကုတ်ဒင်းတွေကိုသွားကလိတယ်လေ။ ဘာ Command တွေမှားကုန်မှန်းမသိဘူး Save လို့ကို....မရတော့ဘူး။

ကျနော့် Template ထဲမှာ Rate this... ဆိုတဲ့ Script တွေထည့်ဖြစ်လိုက်တယ်။ Post တခုချင်းစီကို Rate ပေးလို့ရအောင်ဆိုပြီး ထည့်ထားလိုက်တယ်။ ပြီတော့ Comments တွေကိုလည်း Pop up နဲ့တက်လာအောင် ပြင်လိုက်တယ်လေ။ ကျနော်စမ်းတဝါး ၀ါးနဲ့လိုက်ပြင်လိုက်တာ Ok သွားတယ်လို့ထင်တာဘဲ။ ဖြစ်နိုင်ရင် ဘော်ဒါတို့ရေ.. Rate this နဲ့ Comments တွေကို စမ်းကြည့်ကြပါလား...အလုပ်ကောင်းကောင်းလုပ်မလုပ်။

Thursday, May 17, 2007

Earthquake on the Myanmar- Laos border

မေလ ၁၆ ရက် နေ့ မနေ့က မြန်မာစံတော်ချိန် ၄ နာရီ ၂၆ မိနစ်မှာ 5.7 Richter-scale နဲ့ ၄ နာရီ ၂ရ မိနစ်မှာ 6.1 Richter-scale ရှိတဲ့ ငလျှင်လှူပ်သွားခဲ့တယ်။ အဲဒီငလျှင်က မြန်မာနဲ့ လာအို ၂ နိုင်ငံကြားက ထိုင်းနိုင်ငံ မြောက်ပိုင်းချင်းရိုင်းမြို့နယ် ချင်းခေါင်ဒေသနဲ့ ၃ရ မိုင် အကွာ နေရာကနေဗဟိုပြုပြီးလုပ်သွားတယ်လို့ဆိုတယ်လေ။

ငလျှင်လုပ်တော့ ဘန်ကောက်က ကျနော့်သူငယ်ချင်းတွေ တိုက်ပေါ်ကနေအကုန်ပြေး ဆင်းကြတယ်လို့ဆိုတယ်။ "ဟေးကောင် မလွယ်ဘူးဟေး..... ၄၃ ထပ်ပေါ်ကပြေးဆင်း လိုက်ရတာ နာရီဝက်လောက်ကြာတယ်ကွ။ ဓါတ်လေကားတွေ ပေးမသုံး ဘူးလေ..တဲ့" ဆိုပြီး အီးမေးလ်ပို့လာတယ်လေ။အင်းပေါ့...မြို့ကြီးပြကြီးကတိုက်ကြီးတာကြီးတွေနေတဲ့ သူတွေခံကြ ပေါ့...ဆိုပြီး စိတ်ထဲမှာ....ကြိမ်းလိုက်မိတယ်။ ..ဆော်ရီးနော်...ဘော်ဒါရေး...

ကျနော်လည်း အဲဒီအကြောင်းကို လိုက်ရှာတော့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းဒေသက နှစ်ပေါင်း ၁၀၆ရ ရှိတဲ့ ရှေးဟောင်းစေတီရဲ့ ထီးတော်တောင်မြေခသွားတယ်လို့ သိရ တယ်လေ။ ရှေးဟောင်းအမွေအနှစ်တွေပျက်စီးကုန်တဲ့အတွက် စိတ်မကောင်းစရာပါလား နော်...

ရန်ကုန်မှာတော့ ဘာသံမှမကြားလိုက်မိဘူး.....ဘာမြှဖစ်တဲ့ပုံလည်းမပေါ်ဘူး...သူများတွေ ဆီမှာတော့ Aftershocks တြွေဖစ်ကုန်ပြီတဲ့.......

Wednesday, May 16, 2007

Firefox အကြောင်း တစေ့တစောင်း

ကျနော်သုံးတဲ့ Firefox ရဲ့ Configuration လေးတွေကို ဒီလိုပြင်ထားပါတယ်။

Firefox browser သုံးပြီး Webpage တွေကို မြန်မြန်ဒေါင်းလုပ်လုပ်နိုင်အောင် လည်း ကျနော် ဒီလိုပြင်လိုက်တယ်။ Address Bar မှာ "about:config" လို့ရိုက်ထဲ့လိုက်ပြီး filter field မှာ "netwrok.http" လို့ရိုက်ထဲ့ပါတယ်။ ပြီးရင် "network.http.pipelining" နဲ့“network.http.proxy.pipe lining” နှစ်ခုလုံးကို Doulbe Click နှပ်တယ်။ false ကနေ trueသို့ပြောင်းသွားလိမ့် မယ်။ ပြီးတော့“network.http.pipelining.maxrequests” ရဲ့ value ကို 30လို့ပြောင်း လိုက်ပါ။ ဒါက တပြိုင်နက်ထဲမှာ စာမျက်နှာ 30ကို တချိန်တည်း မှာ ဒေါင်းလုပ်နိုင်အောင် ပြင် လိုက်တာပါ။ အဲဒီ စာမျက်နှာမှာဘဲ Right click နှိပ်ပြီး New> Interger တခုလုပ်ပြီး Name ကို “nglayout.initialpaint.delay” ပေးတယ်။ သူရဲ့ Value ကို "0"လို့ထားလိုက် တယ်လေ။

ဒါက Firefox browser ကနေ information တွေကို လက်ခံမရရှိခင်browserကနေစောင့် ရတဲ့အချိန်ကိုသတ်မှတ်တာဖြစ်တယ်လေ။

Firefox က ကျနော့်ကွန်ပြူတာရဲ့ memory ကိုတော်တော်အသုံးပြုတယ်လေ။ အဲဒီ memory သုံးစဲွမှုကိုကန့်သတ်ထားရလေအောင် Address Bar မှာ about:config လို့ပြီ်း၊ filter field မှာ "browser.cache.disk.capacity" လို့ရိုက်လိုက်တယ်။ သူ့ရဲ့ Defult Value က 50000 လေ။ ကျနော်က 15000 လို့ပြင်လိုက်တယ်။

Firefox browser ကို minimized လုပ်ထားချိန်မှာလည်း memory သုံးစဲွမှုကိုလျော့ချ နိုင်အောင် Address Bar မှာ about:config ရိုက်တယ်။ ပြီတော့ Right Click နှိပ်ပြီး New> Boolean လုပ်၊ Name ကို “config.trim_on_minimize” ထားပြီး Value ကို True လို့ထားလိုက်တယ်လေ။ ဒီ Setting တွေက Firefox ကို restart လုပ်ပြီးချိန်မှာ အကျိုးသက်ရောက်မယ်လေ။

Firefox browser ရဲ့ Tab ပေါ်က close buttom လေးတွေကို ဖျောက်ချင်ရင်ဘဲဖြစ် ဖြစ် ရွေ့ချင်တယ်ဘဲဖြစ်ဖြစ် about:config ကိုသွား ပြီးရင် “browser.tabs.closeButtons” ရဲ့ Value ကိုပြင်လို့ရပါတယ်။

Value "0" ဆိုရင် Active ဖြစ်နေတဲ့ Tab မှာဘဲ Close buttom ရှိပါတယ်။
Value "1" ဆိုရင်တော့ Tab တွေတိုင်းမှာ Close buttom ရှိပါတယ်။
Value"2" ဆိုရင်တော့ Tab တွေမှာ Close buttom တခုမှရှိမှာမဟုတ်ဘူး။
Value"3" ဆိုရင် Tab တိုင်းမှာ Close buttom တွေရှိနေပါလိမ့်မယ်။

network.http.sendRefererHeader မှာ လည်း "0" လို့ထား ထားပါတယ်။

အားတဲ့တနေ့ကြရင် ကျနော်သုံးတဲ့ Addons အကြောင်းလေးတွေထပ်ရေးအုံးမယ်ဗျာ။..
အိပ်ချင်လာပြီ...

Tuesday, May 15, 2007

Teacher Tube! (Teach the World)

Thailand မှာ www.youtube.com ကိုကြည့်မရဘူးဖြစ်နေတယ်တဲ့ ကိုကို မမ တို့ အားမငယ်နဲ့ www.teachertube.com ကိုတော့ ကြည့်လို့ရတယ်တဲ့... teachertube က youtube နဲ့က ခပ်ဆင်ဆင်လေးဘဲဗျ....

Monday, May 14, 2007

How can we Hide Drives in our Computer?

ကွန်ပြူတာရဲ့ Drives တွေကိုဖျောက်ထားခြင်းအားဖြင့် အခြား User တွေ ကိုယ့်ကွန်ပြူတာ ကိုလာသုံးတဲ့အခါ လုံခြုံစိတ်ချရတယ်လို့ဆိုနိုင်ပါတယ်။ ဒီလို Drives တွေဖျောက်ထားချင် ရင်အောက်မှာပြထားတဲ့ Windows ရဲ့ Policies ၂ နေရာမှာဝင်ပြင်ရတယ်လေ။

HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\
Explorer

HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\
Explorer

Drives တွေအားလုံး A to Z ရှိသလို အဲဒီ Drives တခုချင်းမှာလည်း သူ့ရဲ့ decimal numbers တွေရှိတယ်လေ။ သူ့ numbers တွေပါ......

A: 1, B: 2, C: 4, D: 8, E: 16, F: 32, G: 64, H: 128, I: 256, J: 512, K: 1024,
L: 2048, M: 4096, N: 8192, O: 16384, P: 32768, Q: 65536, R: 131072,
S: 262144, T: 524288, U: 1048576, V: 2097152, W: 4194304, X: 8388608,
Y: 16777216, Z: 33554432, ALL: 67108863

ပထမ Window Policies ပြင်ရာမှာ

ဦးဆုံး Start>Run ပေါ့.



Run Open: ထဲမှာ regedit လို့ ရိုက်ထဲ့လိုက်။ Registry Editor ပေါ်လာပါလိမ့်မယ်။



HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\
Explorer အောက်မှာ Right Click နှိပ်ပြီး New>DWORD value တခုလုပ်၊ Name ကို NoDrives လို့ပေး။ ပြီးရင် NoDrives ကို Double Click နှိပ်ပြီး Decial ကိုရွေး၊ Value data ကို ကိုယ်ဖျောက်ချင်တဲ့ Drvies ရဲ့ Value data ကို ထည့်လိုက်ရုံပါဘဲ။ ဥပမာ.. Drive "E" ကို ဖျောက်ထားချင်ရင် Drive "E" ရဲ့ Value data က 16 ဖြစ်တယ်။ (အထက်တွင်ဖော်ပြ ထား) REG_SZ (Value not set) ကို Double Click လုပ် "0" = visable, "1"= hidden.



ဒုတိယ Window Policies

HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\
Explorer
ဒုတိယ Window Policies ပြင်တာလည်း ပထမ Windows Policies ပြင်တဲ့အတိုင်းပါဘဲ။
To disable all the drives set the value to "67108863"
Note: After editing the policies need to restart your computer.

Registry Settings:
User Key: [HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\
Explorer]
System Key: [HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\
Explorer]
Value Name: NoDrives
Data Type: REG_DWORD (DWORD Value)

Saturday, May 12, 2007

ကျနော်သုံးတဲ့ Firefox အကြောင်း ၁

Firefox Screen ကိုကျယ်ကျယ်ဝန်းဝန်းမြင်နိုင်ဖို့အတွက် ကျနော်က View ထဲကနေ Toolbars>Coustomize>Use Small Icons ကို Click လုပ်ထားပါတယ်။ ဒါဆိုရင် Toolbars မှာပေါ်နေတဲ့ Icons တွေ ငယ်သွားပါတယ်။

Keyboard shortcuts လေးတွေကို ကျနော်ဒီလိုအသုံးပြုတယ်လေ။

Spacebar (page down)
Shift+Spacebar (page up)
Ctrl+F (find)
Alt-N (find next)
Ctrl+D (bookmark page)
Ctrl+T (new tab)
Ctrl+= (increase text size)
Ctrl+- (decrease text size)
Ctrl+K (go to search box)
Ctrl+L (go to address bar)
Ctrl+R or F5 (reload)
Ctrl-W (close tab)
Alt-Home (go to home page)

Mouse Shortcuts လေးတွေကို ဒီလိုသုံးပါတယ်။

Middle click on a tab (closes tab)
Middle click on link (opens in new tab)
Ctrl-scroll up (decrease text size)
Ctrl-scroll down (increase text size)
Shift-scroll down (previous page)
Shift-scroll up (next page)

ကျနော်က ခပ်ပျင်းပျင်းဆိုတော့ website တွေရဲ့ URL ကိုအပြည့်မရိုက်ချင်ပါဘူး။

တကယ်လို့ ကျနော် www.google.com ကိုသွားမယ်ဆိုရင်... "google" လို့ရိုက်
လိုက်ပြီး Control-Enter ခေါက်တယ်လေ။ ဒါဆိုရင် www.google.com ကိုရောက်
သွားပါလေရော။ တကယ်လို့များ .net ကိုသွားမယ်ဆိုရင် Shift-Enter, .org ဆိုရင်
တော့ Control-Shift-Enter ကိုရိုက်လေ့ရှိတယ်လေ။

Tab တခုနဲ့တခုသွားချင်ရင် Ctrl+Tab နှိပ်ပါတယ်။ Tab တွေကိုနောက်ပြန်လာချင်
တယ်ဆိုရင် Ctrl+Shft+Tab နှိပ်တယ်။ Tab တခုစီကိုအတိအကျသွားချင်တယ်ဆိုရင်
Ctrl+ 1-9 နှိပ်ရင်ရပါတယ်။ ဥပမာ ဒုတိယ Tab ကိုဖွင့် ချင်ရင် Ctrl+2 ဆိုရင် ဒုတိယ
Tab ပွင့်လာပါတယ်။

နောက်အချိန်ရမှ ကျနော်သုံးတဲ့ Firefox configuration လေး
တြွေပင်ထားတာဆက်ရေးအုံးမယ်။

Glassy Button နဲ့ အလှဆင်

Glassy Button လေးတွေကိုလွယ်လွယ်နဲ့Ready Made လုပ်ချင်ရင်တော့.............. http://www.glassybuttons.com/glassy.php ဆိုတဲ့ ဆိုဒ်ထဲဝင်ပြီး ကိုယ်လိုချင်တဲ့ Button အရွယ်အစား၊ အရောင်၊ ပုံစံတွေကို ကိုယ်ကြိုက်နှစ်သက်ရာပြုလုပ်နိုင်ပါတယ်။ သူပေးထားတဲ့ Font တွေကို မကြိုက်ဘူးဆိုရင် ကိုယ်လိုချင်တဲ့ Font ကို upload လုပ် နိုင်ခြင်းအားဖြင့် ကျနော်တို့လို မြန်မာဘာသာအသုံးပြုလိုသူများအတွက် အတော့်ကို အဆင်ပြေတယ်လို့ဆိုနိုင်ပါတယ်။ ဒါတင်မကဘူး ကိုယ်လုပ်ပြီးသွားတဲ့ Button တွေကို လည်း File type ၃ မျိုး (jpeg,png,gif) download ပေးလုပ်တော့ ပိုအဆင်ပြေတာပေါ့။ စမ်းကြည့်ကြအုံးမလားဗျို့...…

Friday, May 11, 2007

Baby playing with a cobra

ဘာရယ်လို့တော့မဟုတ်ပါဘူး ကျနော်ဘဏ်ကနေ ပြန်လာတော့ America ရောက်နေတဲ့ ငယ်တုံးကသောက်ဖော်သောက်ဖက် သူငယ်ချင်း Mouse နဲ့ Gtalk မှာချက်ဖြစ်တယ်လေ။ နေကောင်းလား..ဘာလား..ညာလားပေါ့ဗျာ..ဒါနဲ့…သူက ဟေးကောင် ဒီလင့်ကိုကြည့်စမ်း ပါအုံး..ဆိုလို့ ကြည့်လိုက်တော့…ဘုရား..ဘုရား….....

Wednesday, May 9, 2007

Use Windows Update Without Registration

Windows Update is a useful feature but to ensure your privacy you may not want to register your personal details before being able to use it. With this tip you can bypass the registration process.

Open your registry and find the key below for your Windows version.



Windows 2000 and XP [HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion]

Create a new string value called 'RegDone', or modify the existing value, to equal '1'.

Check that the key [HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Welcome\RegWiz] exists, if it doesn't then create a new key.

Next time you run Windows Update it should not ask you to complete the registration process.

Note: This will not bypass Windows XP product activation which is compulsory on all consumer versions of Windows XP Home and Professional.



Registry Settings
System Key: [HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion]
Value Name: RegDone
Data Type: REG_SZ (String Value)
Value Data: (0 = disabled, 1 = enabled)

Monday, May 7, 2007

ခေါ်ရာသို့လိုက်သွားရသောနေ့

အဖဲွ့လိုက်အမှတ်တရ

ထီးလေးတွေမိုးပြီး လေညှင်းခံရာ

မျောက်မူးလဲတွေ

ရေလည်ကပန်း

တနေကုန် ဒီရေကန်မှာဘဲအချိန်တြွေဖုန်းခဲ့တာပါ

တနေကုန် ဒီရေကန်မှာဘဲအချိန်တြွေဖုန်းခဲ့တာပါ



တနေကုန် ဒီရေကန်မှာဘဲအချိန်တြွေဖုန်းခဲ့တာပါ

လေညှင်းခံရာ


တနေကုန် ဒီရေကန်မှာဘဲအချိန်တြွေဖုန်းခဲ့တာပါ


နေ့လည်စာကို ငါးသံပုရာပေါင်းနဲ့စားဖြစ်လိုက်တယ်လေ။

Sunday, May 6, 2007

Best beer effect

She told me we couldn't afford beer anymore and I'd have to quit.

Then I caught her spending 1500 kyat on Shin Ma Taung Tanakhar.

And I asked how come I had to give up stuff and she didn't.

She said she need the Tanakhar to look pretty for me.

I told her that was what the beer was for.

I don't think she's coming back.

တနေ့တာ စနေ

စနေအလုပ်နားတယ်ဆိုတော့ လုပ်စရာအလုပ်တွေသိပ်မရှိဘူးလို့ဆိုပါစို့။ အိပ်ရာထချိန် လည်း မွန်းတည့်နေပြီလေ။ ရာသီဥတုကလည်း သောကြာနေ့ကတည်းက ရွာလိုက်တဲ့မိုး အခုအချိန်ထိ မတိတ်နိုင်အောင်ရွာကောင်းတုန်းပါဘဲ။ ရန်ကုန်သမိုင်းလမ်းဆုံ ဆိုရင်ရေကြီး ချက်က လှေလှော်လို့တောင်ရနေပြီဆိုဘဲ။

ညနေပိုင်းတော့ မိုးလည်းနည်းနည်းတိတ်သွားတယ်။ ကျနော်လည်း ခပ်ပျင်းပျင်းဆိုတော့ ဘော်ဒါများနဲ့ အခုရုံတင်နေတဲ့ Spider Man 3 သွားကြည့်ကြတယ်လေ။ ဇတ်ကားက တော်တော််ကောင်းပါတယ်။ မိနစ် ၁၄၀ လောက်ကြာတယ်လေ။တကားလုံးပျင်းချိန်ကို မရလိုက််ပါဘူး။ ဒီဇတ်ကားက North America မှာ ပထမဦးဆုံး တရက်တည်းပြတာနဲ့ အမေရိကန်ဒေါ်လာ ၅၉ သန်း၊ မြန်မာငွေနဲ့ဆိုရင် သန်းပေါင်း ရသောင်း ၄ ထောင်ကျော် ရတယ်လို့ ဆိုပါတယ်။ နည်းတဲ့ဝင်တွေမဟုတ်ဘူး….


ရုပ်ရှင်ကပြန်အလာမှာ သူငယ်ချင်းအိမ်က မုန့်ဟင်းငါးတစ်ခွက်သောက်ပြီး အိမ်ပြန်လာ တယ်လေ။ လမ်းမှာ မိုးလေးမိသွားသေးတယ်။ အိမ်ရောက်တော့ မိုးအေးအေးနဲ့ Coffee Maker ထဲက Coffee ပူပူလေးသောက်ရင်း လက်ကျန်အလုပ်နည်းနည်းကျန်တာနဲ့ ဆက်လုပ်ပြီး… အိုး..၁၀ နာရီထိုးသွားတယ်လေ။

Friday, May 4, 2007

A Good story

"Yesterday is history, tomorrow is a mystery and today is a gift, that is why they call it the present."

Touched my heart. Have seen this before. Worth a second read.........


Full Glass Of Milk

Very nice story to spread to...

One day, a poor boy who was selling goods from doorto door to pay, for his hungry stomach, decided he would ask for a meal at the next house.

On the way through school, he found he had only one thin dime left and he was very hungry.

However, he lost his nerve when a lovely young woman opened the door. Instead of a meal he asked for a drink of water.

The woman thought he looked hungry, so brought him a large glass of milk.

He drank it slowly, and then asked, "How much do I owe you?"

"You don't owe me anything," she replied. "Mother has taught us,never to accept pay for a kindness."

He said..."Then I thank you from my heart."

Year's later that young woman became critically ill.
The local doctors were baffled. They finally sent her to the big city, where they called in specialists to study her rare disease.

Dr. Howard Kelly was called in for the consultation. When he heard the name of the town she came from, a strange light filled his eyes.

Immediately he rose and went down the hall of the hospital to her room. Dressed in his doctor's gown he went in to see her.He recognized her at once.

He went back to the consultation room determined to do his best to save her life, from that day he gave special attention to the case.

After a long struggle, the battle was won. Dr. Kelly requested the business office to pass the final bill to him for approval.

He looked at it, then wrote something on the edge and the bill was sent to her room.

The woman feared opening it, for she was sure it would take the rest of her life to pay for it all.

Finally she looked, and something caught her attention on the side of the bill.

She read these words..."Paid in full with one glass of milk." Signed, Dr. Howard Kelly.

Tears of joy flooded her eyes as her happy heart prayed: Thank You, God, that Your love has spread abroad through human hearts and hands."


"To fix a broken life, use the tools of the heart."

Wednesday, May 2, 2007

“မ တဝေထိုး ကကြီးရေးချ ငါ့သတ် ရှေ့ကပေါက်”

အလုပ်ဟူသမျှဂုဏ်ရှိစွတဲ့…အလုပ်တွေတော့လုပ်နေတာပါဘဲ.. ဒါပေမယ်လို့ ကိုယ်ကြိုက် နှစ်သက် တဲ့အလုပ်၊ ကိုယ်မြတ်နိုးတဲ့အလုပ် လုပ်ခြင်းသာလျှင်အကောင်းဆုံးဖြစ်ပါလိမ့်မယ် လို့ ကျနော်ယူဆပါတယ်။

ကျနော်အမြဲနှင့်အမျှစဉ်းစားခဲ့တာလေးတွေရှိပါတယ်။ အဲဒါလေးတွေကို ချရေးပါရစေ… အစိုးရမဟုတ်တဲ့အဖဲွ့အစည်းတွေမှာအလုပ်လုပ်ကိုင်နေကြတဲ့လူတချို့များဆိုလျှင်… ကိုယ့်လူမျိုးက ဘယ်လိုဘယ်ညာ၊ ကိုယ့်လူမျိုးကိုဘယ်လိုချစ်တာ၊ ကိုယ့်လူမျိုးမှကိုယ်လူမျိုး၊ ကိုယ့်နိုင်ငံကဘာဖြစ်တာ စသဖြင့် ဘာညာကွိကွ ဘလာဘလာနဲ့နောက်ဆုံးတော့ ကိုယ် ကျိုးအတွက်၊ ကိုယ့်ကိုကိုယ်အမည်နာမရဖို့အတွက်သာလျှင်အလုပ်လုပ်နေကြခြင်း သာ ဖြစ်၏။

ဒီလိုသာလုပ်နေမယ်ဆိုရင် စီးပွားရေးသမားလုပ်ပါလားဗျ။ ဘာကိစ္စနဲ့ဒီအလုပ်တွေကိုလုပ် နေတာလဲ? စီးပွားရေးလုပ်ရင် တစ်ကျပ်နဲ့ဝယ်တဲ့ပစ္စည်းကို နှစ်ကျပ်နဲ့ရောင်းချင်ရောင်း မှာပေါ့… ဒါက သူ့အလုပ် လေဗျာ။ အခုတော့မဟုတ်ပါဘူး၊ဒီလိုအစိုးရမဟုတ်တဲ့ အဖဲွ့ အစည်း တွေမှာအလုပ်လုပ်နေကြပြီး ဟိုဟာဒီဟာတွေကိုခုတုံးလုပ်ပြီးကိုယ့်ဖက်ကိုယ်ယက် နေကြတာတော့ “မ တဝေထိုး ကကြီးရေးချ ငါ့သတ် ရှေ့ကပေါက်” မကောင်း……

ရှင်လောင်းကိုဒီလိုလှည့်တာပါ….

မန္တလေးအဝင် ပုသိမ်ကြီးမှာ ရှင်လောင်းလှည့်တာနဲ့ ကြံုလို့ပါ.. အညှာဓလေ့ အလွမ်းပြေပေါ့..