Tuesday, August 28, 2007

ဆောင်းအကြောင်း ရေးဖို့ Don't forget

Sai: အကို့ (ကုလားသံနဲ့) ပြန်သေးဝူးလားဗျ ...ကြိုးစားတယ်ဗျာ.

inzali: အလုပ်အခုမှ ပီးတော့တယ် (ဟူး ...)

Sai: ဟတ်..လားဂျ..

inzali: မဟတ်လားနဲ့ ခင်ဗျားကိုလဲ Tag ထားတယ် ... ရေးရမှာနော် ... ဟဲ ဟဲ

Sai: ကွန်းမန့်တောင်ပွတ်လိုက်ဘီ ရေးမှာပေါ့ဗျာ.အခုတောင် ချမ်းအောင် အင်္ကျီချွတ်ပြီး အဲယားကွန်းတွေ အသားကုန် လွတ်ထားတယ်..ဟဲ ဟဲ.. ခံစားရအောင်လို့လေ. ဒါမှပိုစ့်ကောင်း ကောင်းထွက်မှာဗျ.. ဟတ်.ဟတ်..........

inzali: သြော် ... အဲယားကွန်းအေးကြောင်း ကြွားတယ်ပေါ့ ... ကျနော်ဆီက အဲယားကွန်းက မအေးဘူးဗျ ... ဖွင့်လိုက်ရင် မအေးဘဲ ပူနေတယ် ... ဒွတ်ခပဲ...ဒွတ်ခ..

Sai: ခင်ဗျားအဲယားကွန်းကြီးက..ရာသီဥတုနဲ့..ထပ်တူထပ်မျှ ဖြစ်ပါလိမ့်မယ်ဗျာ.. မဟုတ်ရပါဗျာ..အထင်တွေ မလဲွပါနဲ့..ပိုစ့်ကောင်းကောင်းခံစားနိုင်အောင်လို့ပါ.

inzali: နောက်တာပါ ... Tag လုပ်ထားတဲ့ လူတွေ အတော်များများ ပြန်ရေးမယ်လို့ မျှော်လင့်ပါတယ်

Sai: အင်းပါဂျာ...

inzali: ပြန်မရေးရင် Blacklist ထဲ ထည့်လိုက်မှာနော် ... ဘာမှတ်လဲ :D

Sai: ရေးဝူးဗျာ...ထည့်ချင်ထည့်..ဘာလုပ်ချင်လဲ...ဒန့်ဒန့်..

inzali: ဟာဟ ... မရေးရင် ဘဝခရီးဆီမှာ အောက်လမ်းပညာနဲ့ တစ်သက်လုံး ဘလော့ ရေးလို့မရအောင် လုပ်ပစ်မှာ ... ဒန် ဒန့် ဒန်......

Sai: အိုး...ဟိုး.....ဟိုး..ဟိုး.....

ဒီလိုနဲ့ ..... ကိုဘဝ ရဲ့ အောက်လမ်းပညာကို ကြောက်လို့... အဥ္စလီ ရဲ့ တက်ကို..ရေးနေရပြီ..လေဗျာ..

ခိုက်ခိုက်တုံအောင် အေးလှတဲ့ ရှမ်းပြည်မြောက်ပိုင်းက ဆောင်းတွင်းကြီးမှာ မနက် ၅ နာရီခဲွလောက်ထ ပြီး တရုတ်ကျောင်းသွားရတဲ့ အဖြစ်လေးများကို မြင်ယောင်တုံး။ လမ်းသွားရင် ရှေ့ ၅ ပေလောက်ဆိုရင် ဘာကိုမှ မမြင်ရဘူး နှင်းတွေဖုုံးလို့ပါ။ နှင်းတွေကျ ပုံများ အိမ်ရှေ့က မြက်ပင်တွေ၊ ခေါင်မိုးပေါ်က သက်ကယ်တွေ ဆိုရင် ဖွေးဖွေးကို ဖြူလို့ပါ။ ကျောင်းရောက်တော့လည်း လက်တွေတောင့်လို့ ဘောပင်ကိုတောင်မှ ကိုင်နိုင် စွမ်းမ ရှိဘူး။

ဆောင်းတွင်းဆိုလျှင် အိမ်ကိုအမြဲလွမ်းတမ်းလွမ်းရတဲ့.....

ညဆိုရင် အိမ်ရှေ့ ဓါတ်မီးတိုင် အောက်မှာ ပုရစ်လေးတွေ ဖမ်းကြတဲ့ အဖြစ် လေးတွေ...............

မီးဖိုဘေးမှာဝိုင်းထိုင်ပြီး.. မေမေက အရသာရှိလှတဲ့ နှမ်းထောင်းခေါပုတ် ထဲမှာ ပဲပြုတ်ညှပ်ပြီး ကင်ကြွေးတာ လေးတွေ...............

စနေနေ့ မနက်တိုင်း မေမေ ပြုတ်ကြွေးတဲ့ ဘဲသား ဆန်ပြုတ်လေးနဲ့..နံပြားတွေ စားရတာလေးတွေ.......

ညအိပ်ရင် ဂွမ်းစောင် ၃ ထပ်လောက်ခြုံပြီး အိပ်ရတယ်.. ဒါတောင်အေးတုံး..

ဪ ၁၀ အောင်ပြီး.. မန္တလေးမှာ ဂျီတီအိုင် တက်တော့ မန်းတုန်အောင် လမ်းဆုံက ဟစ်ချင်တော့ ဆိုတဲ့.. အတိုင်း.. အခြားဒေသက ဆောင်းနဲ့ မတူအောင်..အရိုးထိအောင် စိမ့်ပြီးအေးတယ်.....

ရန်ကုန်ဆောင်းတော့...ပန်ကာဖွင့်အိပ်တယ်...

ဪ..... ယပလက် ဆောင်းကတော့..............လွမ်းစရာဟူ၍ မရှိသလောက်... တော်ဘီဗျာ.. ကျေနပ်ပြီ မဟုတ် လား ..ကိုအဥ္စလီရေ.....

မည်သူတွေကို Tag လုပ်ရမည်နည်း? တယ်ရင်းတွေကလည်း များများမရှိတော့..ဟုတ်ပြီ.. တချိန်တုံးက.. ကျနော့်ကို Tag လုပ်တဲ့လူတွေကို ပြန်ပြီး..
၁။ ယူဆဂိ
၂။ သန့်ဇော်မင်း

Tag လုပ်ထားတဲ့ တယ်ရင်း ၂ ယောက် ဆောင်းအကြောင်းလေးကို ရေးပေး ကြမယ်လို့မျှော်လင့်ပါတယ်ဗျာ...

အဥ္စလီ (ဂျင်းဘောင်းဘီအပြာရောင် ဆံပင်ဂုတ်ထောက်နှင့် ပရိုဖိုင်းမှာတော့ ကျောင်းအုပ်ကြီး စတိုင်နဲ့ သူတယောက်)
ဘဝခရီး (ဗေဒင်၊ ယတြာ၊ အောက်လမ်း၊ အထက်လမ်း ပညာများကို 911 သို့ခေါ်စရာမလိုဘဲ အခကြေးငွေယူ ကာ အလားကား ဟောပေးနေသူတယောက်)

0 comments: