Friday, October 30, 2009

ယနေ့အတွက်မှတ်စုများ

လက်ရှိလုပ်နေတဲ့ အလုပ်ကို ဒီ ၂၀၀၉ ဒီဇင်ဘာလကုန်ရင်မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီး ဒီမနက်မှာပဲ အလုပ်က ဒါရိုက်တာကို နှုတ်ထွက်စာတင်ဖြစ်ခဲ့တယ်။ လက်ရှိလက်တဲ့အလုပ်ကို လုပ်လာတာ ၅ နှစ်ခဲွရှိပြီ မို့ငြီးငွေ့ လာတာလည်းပါတယ်။ လူရယ်လို့ဖြစ်လာတာ အပြောင်း အလဲကိုတော့ လိုလားတယ်။ ဒါကြောင့်မို့ လာမယ့် ၂၀၁၀ နှစ်သစ်မှာ ကိုယ်ကြိုက် နှစ်သက်တဲ့ အလုပ်ဘဲ ရှာလုပ်တော့ မယ်လို့ဆုံးဖြတ်ချက်ချလိုက် တယ်။

စဉ်းစားထားတာလေးတွေတော့ အများကြီးရှိတယ်လေ။ ရွေ့ပြောင်းအလုပ်သမားတွေကို စာလိုက်သင်ပေးမယ်။ ကိုယ်သိထားတတ်ထားတဲ့ ပညာလေးတွေကို မျှဝေပေးမယ်ပေါ့၊ ပညာဒါနပြုမယ်။ ဗော်လန်တီယာ လုပ်ဖို့တော့ စိတ်ကူးထားတာရှိတယ်။ ဓါတ်ပုံရိုက်လည်း ၀ါသနာပါတယ်ဆိုတော့ နယ်ထွက်ပြီး ဓါတ်ပုံလိုက်ရိုက်မယ်ပေါ့။

Thursday, October 22, 2009

How a beauty of English?

Please try to fill Yes or No below the blank.

______ , I am not a human.

Gook luck :-)

Our teamwork

How brilliant our teamwork is? :-P

Thursday, October 15, 2009

တိမ်များကို ဆေးခြယ်ခြင်း





Wednesday, October 14, 2009

လောင်ကျွမ်းသူရဲ့ သီအိုရမ်..

နာမည်ကိုတည်ကိန်းလုပ်ပြီး
စကားလုံးချိုချိုတွေနဲ ့စား
ကျန်နေတဲ့အကြွင်းကို
အချစ်ပါ ဆိုပြီးလှည့်ဖြား
မင်းလေး..
သိပ်မှားတာပေါ့.........။
ငါမက်မောသမျှမှာ
နင့်နာမည်တွေ..
ဂုဏ်သိက္ခာတွေမပါဘူးဆိုတာ
နင်တကယ်မသိတာလား??
မေးပါရစေ..
နင်တကယ်ချစ်ခဲ့တာလား??
ဟန်နီဆိုတဲ့..................
ငါ့ရင်ထဲက
မေတ္တာတွေကို
နင်တကယ်မမြင်နိုင်ခဲ့ပါလား..
ဖြစ်နိုင်ရင်..
နင်သွားတဲ့နောက်
တစ်ကောက်ကောက်လိုက်နိုင်တဲ့
ဖိနပ်လေးတစ်ရံ (သို့) ကျောပိုးအိတ်
ဖြစ်ချင်ခဲ့သူပါ..
နင့်အတွက်ဆို
မာရ်နတ်ကပေးတဲ့
အမုန်းကိုတောင်
ကျေကျေနပ်နပ်
ခံမယ့်သူပါ...........
မာနဆိုတဲ့စကားလုံးနဲ ့
ငါ့နှလုံးကို
ရက်ရက်စက်စက်
ခွဲသွားတော့လည်း
နင်ဖန်ဆင်းတဲ့
မနက်ဖြန်မှာ
သေနေတဲ့ အသိစိတ်တွေနဲ ့
ငါ....
နင်ပေးတဲ့အမုန်းတွေစားသုံးရင်း
ဆက်လက်ရှင်သန်နေဦးမယ်.......။
သူ့နာမည်က - လေပြေမြူး တဲ့

Monday, October 12, 2009

Season of LOVE

အချစ်ရာသီ အချိန်သမယ အခါ၀ယ်
ရင်ထဲမှာ ဟာတာတာ ဖြစ်
လွမ်းဆွတ် တမ်းတ ချစ်ရံှုးနိမ့်ကာ
စိတ်တွေကို ပန်ကာလေ ခံရင်း
ဟိုဒီပျံလွှား လေလွှင့် အထီးကျန်ဆန်လွန်းသည့်
အရသာသည်.............
ဤလောကမှာ ပြားရည်ဆမ်းသည့် အချိုမြိန်ဆုံးသောအရာ တစ်ခု ဖြစ်နေပါလားဆိုတာ ကျနော်သိခဲ့ပါပြီ။

ရင်ထဲမှာ မီးရထားကြီး ခုတ်မောင်းသွားသလို တ.ဒုန်း.ဒုန်း. တ.ဒိုင်း.ဒိုင်း တုန်ပြီး...
အချစ် မျက်နှာတော်ဦးကို မော်ဖူးရတဲ့ အချိန်တွေမှာ...
ကျနော်အဖို့ ဆားမစိမ်ခဲ့တဲ့ ကြောင်လျှာသီးကို စားလိုက်တဲ့ အရသာလို ပါလားကွယ်...

ဪ..စိတ်တည်ငြိမ်သက်ရာ၊ ဆက်သွယ်မှုဧရိယာပြင်ပ အရပ်များဆီသို့ ပြေးထွက်လိုက်ချင် ပါဘိဗျာ.....

Sunday, October 11, 2009

No tittle!

On Friday night I met some friends who I haven't seen for a couple of months. We could talk a lot of things. The interesting thing that we talked about was using Shan Unicode 5.1. Regarding on our discussion, we surely gather our Shan people who are using Shan Unicode and discuss about it very soon.

Do you know why male model are not okay with car ads?