Monday, July 20, 2009

ကျောင်းက ကျွေးတဲ့ နေ့လည်စာ

မနေ့က ကျောင်းက ကျွေးတဲ့ ၀က်သားလုံး နဲ့ ထမင်း။ စားကောင်းစားနဲ့ ၂ ပန်းကန် စားလိုက် တယ်။

Saturday, July 18, 2009

Joke of the week

ရုပ်ရည်ချောမောလွန်းသည့်မိန်းမ = သင်အား အလှဗန်းပြပြီးတစ်သက်လုံး ညှဉ်းပန်း နှိပ်စက်မည်ဖြစ်သည်။

ရုပ်ဆိုးသောမိန်းမ = ရုပ်ရည် မလှလှအောင် ကြိုးပမ်းနေခြင်းဖြင့့် သင့်အားနှိပ်စက်မည် ဖြစ်သည်။

ပညာတတ်လွန်းသောမိန်းမ = တတ်သည့်ပညာများကို အကုန် ထုတ်ပြနေခြင်းဖြင့် သင့်အား နှိပ်စက်မည် ဖြစ်သည်။

ပညာမတတ်သောမိနိန်းမ = ပညာတတ်ဟန်ဆောင်၍ တစ်ဇွတ်ထိုးလုပ်ခြင်းများဖြင့် သင့်ကို နှိပ်စက်မည်ဖြစ်၏။

ဥစ္စာကြွယ်ဝသောမိန်းမ = အတောမသတ်နိုင်သည့် ၎င်း၏လောဘ၊ မောဟများနှင့် သင့်အား နှိပ်စက် နေမည်ဖြစ်၏။

ဥစ္စာနည်းသောမိန်းမ = ဥစ္စာဓနအလိုရှိသရွေ့တိုးပွားမလာခြင်းကို အကြောင်းပြုကာ သင့်ကို နှိပ်စက်မည် ဖြစ်သည်။

မိန်းမများနှင့် ကင်းအောင်နေခြင်း = သင်သည် အလကားလူဖြစ်၏။

မိန်းမများနှင့်သာ နေထိုင်ခြင်း = သင်သည် အလွန်မိုက်မဲသူဖြစ်၏။

ဇူလိုင်လ ၂၀-၂၆ ရက် The Voice (Vol.5/No.37) မှ

Sunday, April 26, 2009

ရှင်လောင်းပဲွ

ရှင်လောင်းပဲွမှာ ရိုက်ခဲ့တဲ့ပုံတွေပါ။



More pictures.....

Thursday, April 23, 2009

Bought nikkor lens

နက်ဖြန်ခါ ရှင်လောင်းပဲွမှာသွားရိုက်ဖို့အတွက် ဒီနေ့ဘဲ Big Camera မှာ 50 mm f1.8D AF Nikkor lens တခု၊ 52mm hoya filter တခုဝယ်ဖြစ်ခဲ့တယ်။ ပုံထွက်တော့ ဘယ်လိုနေမလဲ မသိဘူး။ တချို့ပြောတာတော့ ကောင်းတယ်။ ဒါပေမဲ့ Niokn D40, D40x နဲ့ D60 မှာ AF အလုပ်မလုပ်ဖူးလို့တော့သိရတယ်လေ။

Friday, April 17, 2009

2009 Chiangmai water festival


ဒီနှစ် ဇင်းမယ် သင်္ကြန်မှာ ဓါတ်ပုံ ရိုက်ဖြစ်တယ်။ ကျနော့်ရဲ့ မတက်ခေါက် ဓါတ်ပုံ ပညာနဲ့ ကင်မရာ ရေမစိုအောင် သတိထားရိုက်ခဲ့တဲ့ ပုံအချို့ကို ဒီနေရာမှာ www.gyeekyaw.co.cc ကြည့်နိုင်ကြောင်း။ မင်္ဂလာနှစ်သစ် ပါခင်ဗျာ။








Thursday, August 28, 2008

ငါ့မိုးတိမ်

မနက်တိုင်းစိုနေကျငါ့ပါးပြင်ဟာ
မျက်ရည်တွေလား
နှင်းတွေလား
တကယ်တော့
ခံစားခွင့်မရှိ တဲ့အာရုံခင်းတွေမှာ
နှင်းတွေစွန် ့ခွာသွားတာကြာလှပေါ့
လွမ်းလွန်းလို ့ပေးဆပ်ခဲ့ရတဲ့မျက်ရည်တွေလည်း
နောက်ထပ်ကျဖို ့မရှိတော့

ဒီလိုနဲ ့
မစိုစွတ်မခြောက်တွေ ့တဲ့ငါ့ဘဝဟာ
လေနှင်ရာလွင့်ပါလို ့
ရေစီးရာမျှောပါလို ့
ဘယ်ကမ်းတင်လို ့ဘယ်ရင်ခွင်မှာနားရမလဲ
ဘယ်တောင်တင်လို ့ဘယ်ခြေရင်းမှာခစားရမလဲ

မရေမရာနဲ ့
တစ်ချက်တစ်ချက်ရိှုက်လိုက်တဲ့အသက်ငင်သံတွေ
ငါ့ဝိဉာဉ်ကိုလန် ့နိုးစေပြီ
အေးစက်စက်နဲ ့နေခြည်တွေ
ငါ့ဥယျာဉ်ကိုရှုပ်ထွေးစေပြီ
အစိမ်းသက်သက်နဲ ့လေပွေတွေ
ငါ့စိတ်ငြိမ်ကိုလွင့်စင်စေပြီကော။

တကယ်တော့
မငိုချင်ပဲ ရွာနေရတဲ့မိုးတိမ်ဟာ
ငါဖြစ်နေရတာပါ။

နွေသစ်ခွ(၂၂၊သြဂုတ်၊ ၀၈) တစ်လပြည့်အမှတ်တရ

New design Nokia 888





More: http://www.nokia888.com

Friday, July 18, 2008

ဇူလိုင် ၁၉ ဒို့မမေ့ဘူး