Friday, July 18, 2008

ဇူလိုင် ၁၉ ဒို့မမေ့ဘူး

Friday, July 4, 2008

စိတ်ကူးမှားနှင့်အတူ

ရေဒီယိုအသံထဲတမြည့်မြည့်ပျော်ဝင်သွားတဲ့ငါ့ကော်ဖီများ
အငွေ့ပျံသွားတဲ့အခါ
ရောင်နီတွေကငါ့မျက်လုံးအိမ်ကိုအလည်ဝင်လာတယ်။
လိှုင်းလုံးကြီးလိုစီးမျှောနေတဲ့ငါ့ဆံပင်တွေထိုးဖွရင်း
လောကကြီးကိုနှုတ်ဆက်တော့
မင်္ဂလာပါငါ့ချစ်သူများလို့။

တကယ်တော့
ရှုစားဖို့ကောင်းတဲ့ မနက်ခင်းမှာ
ငါ့ကောင်မလေးမပါလို့
သူ့ခမျာ အကျည်းတန်သွားရခဲ့။
ငိုမဲ့မဲ့ တိမ်တစ်ပွင့်လည်း
လောကကြီးကို နမ်းခွင့်ရဖို့
စီးကျလာတော့
လိပ်ပြာတွေ အိမ်နားခိုရပေါ့။

ဒေါသထွက်တဲ့ လေညှင်းတွေလည်း
စိုစွတ်တဲ့ငါ့ပါးပြင်ကို မပြောင်းစေနိုင်ခဲ့။

ဒါဟာ
ငါငိုတာလား
မိုးစိုတာလား မသဲကွဲခင်မှာ
လွမ်းဆွေးမှုတွေသင်းပျံ့နေတဲ့
ကော်ဖီတစ်ခွက်ကြိုဆိုလေရဲ့။

နွေသစ်ခွ (၉၊ ၆၊ ၀၈)

Saturday, June 28, 2008

ပေါက်ပေါက်ဆုပ် နဲ့ မိုဘိုင်းဖုန်း

Sunday, June 1, 2008

ဇွန်လ ၁ ရက် မှတ်စု

ပိုစ့်အသစ်တွေ မတင်ဖြစ်သလို မရေးဖြစ်တာလည်း ကြာသွားခဲ့ပါပြီ။ စာရေးရတာ သိပ်ပြီး ဖီလင် မလာဘူးဖြစ်နေတယ်။ ရေးမယ်ရေးမယ်ဆိုပြီး မရေးဖြစ်ခဲ့ပါ။

လွန်ခဲ့တဲ့ မေလ ကလည်း အိမ်ပြန်ဖြစ်ခဲ့တယ်။ အိမ်ပြန်ရောက်တော့လည်း နာဂစ် နဲ့ကြုံလို့ ဘယ် သူငယ်ချင်းတွေနည်း အဆက်အသွယ် မရလိုက်ပါဘူး။ ဖုန်းလည်း ဆက်မရ။ စိုးဇီယျ နဲ့တော့ ဖုန်းရလိုက်တယ်။ မယ်လိုဒီမောင် ကိုတော့ ဖုန်းတဂွမ်ဂွမ်ခေါ်ပါတယ် မရပါ။ အီးမေးပို့လိုက်မှ စိုင်းစိုင်းရေ အဲဒီဖုန်း ခေါ်မရတော့ဘူးတဲ့။ တေဘီ.....

မှတ်မှတ်ရရ ကျနော်တို့ မိတ်ဆွေ ၄ ယောက် စူပါမားကက်စ် သွားဖြစ်တယ်။ ဒီကနေ့က ကျနော့် သူငယ်ချင်း သိန်းဟန်မွေးနေ့ပါ။ သူကြိုက်တဲ့ Mc Jean ဘောင်းဘီ လက်ဆောင် ပေးဖြစ်တယ်။

ဒီညတော့ ဘီယာတလုံးသောက်ဖြစ်တယ်။ ပြီးတော့ What a wonderful world နားထောင် ပြီး ဒီပိုစ့်ကိုရေးဖြစ်တယ်။

Friday, March 21, 2008

တပေါင်းလပြည့်

တပေါင်းလပြည့်နေ့ မှာ အလုပ်က လူတွေနဲ့ ဘုရားသွားဖြစ်ပါတယ်။ ဘုရားမှာ လူတွေ တော်တော်များတယ်လေ။

ငယ်ငယ်က တပေါင်းလပြည့်ဆိုရင် ဘော်ကြို ဘုရားပဲွကို အမြဲသွားလည်လေ့ရှိပါတယ်။
ဘော်ကြို က ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲနဲ့ သီပေါ ကြားမှာရှိပါတယ်။ အဲဒီဘုရားပဲွ က အင်မတန် စီကားပါတယ်။ ဘော်ကြိုဘုရားပဲွ ကိုမရောက်တာ ၁၀ နှစ်ကျော်ရှိသွားပြီလေ။

Thursday, March 20, 2008

Be careful charging your mobile!

အခုတလော မအားတာနဲ့ ဘလောဂ့်ဖက်ကိုတောင် မလှည့်နိုင်ပါ။ လာလည်တဲ့ တယ်ရင်း များ လားလုံးကိုလည်း ရေရေလည်လည် ပက်ပက်စက်စက် ကျေးဇူးတင်ပါတယ်။

အောက်ကပုံတွေက တယ်ရင်းတယောက်က ပို့လာလို့ ဘလောဂ့်ကာ တယ်ရင်းများ သတိထားနိုင်အောင်လို့ မျှဝေ လိုက်ခြင်းဖြစ်ပါတယ်။

ဘက်ထရီ အားသွင်းရင်း ပေါက်ကွဲသွားသော မိုဘိုင်းဖုန်း

ဘက်ထရီ အားသွင်းရင်း ပေါက်ကွဲသွားသော မိုဘိုင်းဖုန်း

မိုဘိုင်းဖုန်းဘက်ထရီအားသွင်းရင်း ပေါက်ကွဲသွားသော မိုဘိုင်းဖုန်း ကြောင့် ဒဏ်ရာရသွားသည့်လက်

မိုဘိုင်းဖုန်းဘက်ထရီ အားသွင်းရင်း ပေါက်ကွဲသွားသော မိုဘိုင်းဖုန်း ကြောင့် ဒဏ်ရာရသွားသည့်လက်

Monday, December 31, 2007

မုသားမပါ ၂၀၀၈ မှစ၍...

နတ်ပြည်မှအပ် လူ့ပြည်အပ်နှင့်
ထပ်ဖို့ရေး ထက် လူဖြစ်ခတ်၏။

လူဖြစ်ခတ်လည်း လူ့သက်အလို
အလွန်တို၏။

လူ့သက်အလို အလွန်တိုလည်း
ကိုယ်ရွေးသည့်ဝိုင်း ကိုယ့်သမိုင်းသည်ကား........

အတိုင်းမရှိ ရှည်လျှား၏ ဟု
သတိနှင့်ကူပြီး လူမှုမှန်သမျှ
ချင့်ချိန်က ၍ ယနေ့မှစပြီး...
ဘဝမှတ်တမ်း ယှဉ်ပြိုင်နိုင်ဖို့
အလှဇတ်လမ်းခင်းပြီး
မုသားမပါ
လှလှပပဖြစ်အောင် တင်ဆက်ကြစို့..လေ............

Monday, December 24, 2007

နှစ်သစ်ဆီသို့

အဟောင်းမှအသစ် အသစ်မှအဟောင်း
မှန်မှန်ပြောင်း၍ အဟောင်းအသစ်
အဖြေစစ်သော် အနှစ်မမြင်
နှစ်စဉ်သည်ခါ ဆုမွန်ဖြာသည်
သူ ငါ ချမ်းမြေ့ လူ့ဓလေ့။

ပိန်းကြာရွက်အား ရေမနားသို့
ငါးမျိုးရန်ဘေး အစဉ်ဝေး၍
အေးအေးလူလူ ချစ်ရသူနှင့်
တူနေ တူသွား အတူနားပြီး
စီးပွားလည်းတက် အသက်လည်းရှည်
အမည်လည်းသင်း ရောဂါကင်းကာ
ပြည်တွင်းပြည်ပ (မြန်မာ) ပြည်သူ သားတို့
သိကြားနတ်ပွေ့၍ ကျော်စေသော်....
တရားမြတ်တွေ့၍ ပျော်စေသော်....