Wednesday, March 10, 2010

Kart Muang Mai

မနေ့က ကတ်မိုင်းမိုင် (Kart Muang Mai) စျေးသွားရင်းရိုက်လာခဲ့တဲ့ပုံတချို့ပါ။


ခါချဉ်ဥ

စားဖား

Tuesday, March 9, 2010

Principles of behaviour (or) morally right

ကျွန်တော် အလွန်လေးစားခဲ့သော လူတစ်ဦးသည် Principles of behaviour (or) morally right ကို ကောင်းမွန်စွာ နားလည်သဘောပေါက်ဟန်မတူ၍ သူ့အစား ကျွန်တော်အလွန့် အလွန်ဝမ်းနည်းမိပါသည်။ Principles of behaviour ကိုကြေညက်အောင် သင်ယူဖို့ရန်လိုပါသေးသည်။

Wednesday, January 20, 2010

Upgrade လုပ်ချင်ဦးဟဲ့ မှတ်ပြီလား

ဆရာခင်ဗျား..

ကျွန်တော့် ရဲ့ကွန်ပြူတာ Program ပြဿနာတွေနဲ ့ပတ်သက်လို ့ ဆရာ့ထံ သို ့တင်ပြအကြံ ဉာဏ်တောင်း လိုပါတယ်။

ကျွန်တော့်မှာ Girlfriend 1.0 ဆိုတဲ့ ရှိခဲ့ပါတယ်၊ မနှစ်က အဲဒီ Girlfriend 1.0 ဆိုတဲ့ Program ကို Wife 1.0 အဖြစ် Upgrade လုပ်ခဲ့ပါတယ်။ ဒီမှာတင်မမျှော်လင့်ဘဲ Child processing ဖြစ်ခဲ့ပြီး Space တော်တော်များနဲ ့ အခြား Valuable Resources တွေကိုယူ သုံးသွားခဲ့ပါတယ်။ အဲဒီ လို ရှုတ်တွေးမှုတွေ ဖြစ်နိုင်တယ် ဆိုတာ သူရဲ့ Product Brochure မှာရော Read me Document မှာပါ ထည့်သွင်းဖော်ပြ ထားခြင်း မတွေ ့ခဲ့ရပါဘူး။ အဲဒီ အပြင် Wife 1.0 က အခြား Program လေးတွေကို အလိုအလျှောက် ထပ်မံရေး ဆွဲတပ်ဆင်ပြီး နဂိုမူလ System ထဲရှိပြီးသား Activities တွေကို ထိန်းကွပ်တော့တာပါဘဲ။ ဥပမာအားဖြင့် Karaok night 10.3 နဲ ့ Beer bash 2.5 ကဲ့သို ့သော Program တွေဟာ လုံးဝ အလုပ်တော့ဘဲ ရပ်ဆိုင်းသွားပါတော့တယ်။ Wife 1.0 ရဲ့စွမ်းဆောင်ချက်တွေပါဘဲ။

Wife 1.0 ကို system ထဲကနေ ကြိုးစားပြီး Delete လုပ်ကြည့်ပေမဲ့ မရတော့ပါဘူး၊ ကျွန်တော်က Girlfriend 1.0 ကို ပြန်သွားရင်ကောင်းမလားဆိုပြီး Uninstall လုပ်ကြည့်ပါတယ်၊ ဒါပေမဲ့ Uninstall ကလည်း လုံးဝ အလုပ်မလုပ်ပါဘူး။ ဒါကြောင့် ဒီပြဿနာ ကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ ဆရာဖြေကြားပေးပါ ခင်ဗျား။

လေးစားစွာဖြင့်
JP


Mr.JP ခင်ဗျား..

လူကြီးမင်းကြုံတွေ ့နေရသောပြသနာသည် အလွန်ယေဘူယျကျပြီး လူတော်တော်များများ၏မကျေမနပ် ပြောဆိုသံများနှင့်ထပ်တူဖြစ်သည်။ လူအများစုက Wife 1.0 သည် Utilities & Entertainment program တစ်ခုလိုထင်ကြပြီး Girlfriend 1.0 မှ Wife 1.0 သို ့Upgrade လုပ်ကြတာပါဘဲ။

အမှန်တော့ Wife 1.0 ဟာ Utilities & Entertainment program မဟုတ်ဘဲ Operating System (OS) တစ်ခုဖြစ်ပါတယ်။Wife 1.0 ကိုဖန်တီးသူက အရာ တော်တော်များများလုပ်ဆောင်နိုင်အောင် ဆိုပြီး သေချာ ပုံစံပြု ထုတ်လုပ်ခဲ့တာပါ။ အဲဒီ Program ကိုsystem ထဲမှာ install လုပ်ပြီးတာနဲ ့ Uninstall Delete (သို ့) Purge လုပ်လို့မရပါဘူး ။ Girlfriend 1.0 ကိုလည်းပြန် သွားလို ့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့သူ ့ကိုု Design လုပ်စဉ်ကတည်းက Girlfriend 1.0 ကိုပြန်သွားလို ့မရအောင်စီမံထားလို ့ပါဘဲ။

တချို့ ကတော့ Girlfriend 2.0 တို ့ Wife 2.0 ဆိုတာတွေ ကို ကြိုးစားပြီး Systemထဲ မှာ install လုပ်ကြ ပါတယ်။ ဒါပေမဲ့ အောင်မြင်မှ ု မရဘဲ မူလထက် ရှုတ်ထွေးမှုများနဲ ့ အဆုံး သတ်ကြတာတွေ ့ရပါတယ်။ ကျွန်တော် အကြံပြု ချင်တာကတော့ Wife 1.0 ကိုဘဲ ဆက်လက် ထိမ်းသိမ်းပြီး သုံးစွဲပါ။ ဖြစ်လာတဲ့ အခြေနေ အရပ်ရပ်ကို သတိ၊ ဉာဏ်ပညာ နဲ ့ ယှဉ်ပြီး ရင်ဆိုင်ပါ။ ကျွန်တော် ကိုယ်တိုင် Wife 1.0 ကို install လုပ်ထားသူတစ်ယောက် အနေ နဲ ့ အကြံပြုချင် နောက်တခုကတော့ Wife 1.0 တစ်ခုလုံးနဲ ့သူ ့ရဲ General Protection Faults (GFPs) တွေကို သေချာလေ့လာပါ။ ဖတ်ကြည့်ပါ။

ဖြစ်လာနိုင်တဲ့ ပြဿနာ နဲ ့ အမှားတွေ အတွက် မိမိ ပေါ် ကျရောက်လာမဲ့ သက်ရောက်မှတွေကို ကြိုတင်ပြီး ခန် ့မှန်း ထားကြည့်ပါ။

အကယ်၍ အဲဒီ Program ဟာ ဘာမှ ဆက်လုပ်လို ့မရလောက် အောင်ကြုံတွေ ့ နေရပြီ ဆိုရင်တော့ Apologies ဆိုတဲ့ ခလုတ်ကို အရင်နှိပ်ပါ။ ပြီးရင် Reset ဆိုတဲ့ ခလုတ်ကိုနှိပ်ပါ။ အားလုံး အဆင်ပြေ သွားပါလိမ့်မယ်။ GFPs တွေ အားလုံး ရဲ့ ပြစ်ချက်တွေဟာ မိမိကြောင့်ပါ လို ့ တာဝန်ယူထားသမျှ System ကြီးတစ်ခုလုံးဟာ ချောမွေ ့စွာနဲ့အလုပ်လုပ်နေပါလိမ့် မယ်။

တကယ်တော့ Wife 1.0 ဆိုတဲ့ ဟာ အင်မတန် ကောင်းမွန်တဲ့ Program ကြီးပါ။ ဒါပေမဲ့အင်မတန် အဆင့် မြင့်မားတဲ့ ပြုပြင်ထိမ်းမှုလိုအပ်တာတော့အမှန်ပါ။

ပညာရပ်ဆိုင်ရာပံပိုးသူ
စာကြွှင်း ……
ပြည်တွင်းရော ပြည်ပမှာပါ ရှိနေတဲ့ တရားမဝင်သော Program များ ဥပမာ အားဖြင့် Mistress 1.0 ဆိုတာမျိုး ကို ကြိုးစားပြီး install မလုပ်ဖြစ်ပါစေနဲ ့။ အကယ်၍ Wife 1.0 က အဲဒီလို Program မျိုးကိုတွေ ့ထိမိခဲ့ရင် ကြိုတင် မှန်းဆ၍မရနိုင်သော လုံးဝပြန်လည်၍ ကောင်းမွန်မလာ နိုင်သော ပျက်စီးမှုမျိုး နဲ့သေချာပေါက် ကြုံတွေရ နိုင်ပါတယ်။ အဲဒီလိုဖြစ်ခဲ့ရင် ပြင်ဆင်ခနဲ ့အချိန်ကာလဆုံးရှုံးမှုတွေဟာအလွန်မြင့်မားသွားတော့ မှာပါ။

သူငယ်ချင်းတစ်ယောက် forward mail ကိုဖတ်ပြီးတော့ ကျနော်တောင် Upgrade လုပ်ဖို့တော်တော် စဉ်းစား နေပြီ။ :-P

Monday, January 11, 2010

Children's Day





Wednesday, January 6, 2010

Camping



နှစ်သစ်မှာ သူငယ်ချင်းတွေနဲ့Camping သွားရင်း ရိုက်လာခဲ့တဲ့ပုံတွေပါ

Monday, December 21, 2009

The thrilling potential of SixthSense technology

 



source: www.ted.com

Friday, December 4, 2009

What's a leader?

Thursday, December 3, 2009

New US Dolllars in 2010