Wednesday, December 12, 2007

Some Messages

Never break four things in your life "Trust, Promise, Relation and Heart" because when they break they don't make noise but pains a lot... (Charles)

I will not say I failed 1000 times, I will say that I discovered there are 1000 ways that can cause failure. (Thomas Edison)

Every one thinks of changing the world, but no one thinks of changing himself. (Leo Tolstoy)

If someone feels that they had never made a mistake in their life, then it means they had never tried a new thing in their life. (Einstein)

Wednesday, November 14, 2007

၀က်ဆိုဒ်အညွှန်း

အင်တာနက်မှာ မမွေနှောက်တာလည်း ကြာပါပြီ။ ဒီနေ့ဘဲ ဟိုမွေ ဒီမွေနဲ့ Songza ဆိုတဲ့ ၀က်ဆိုဒ် သွားတွေ့တယ်။ သီချင်းများစုထားတဲ့ music search engine လေးတခုပေါ့။ သီချင်းတွေတော်တော် များများရှိပါတယ်။ အများဆုံးကတော့ အင်္ဂလိပ်သီချင်းတွေလို့ ဆိုရပါလိမ့်မယ်။ သီချင်း တော်တော် များများကိုလည်း youtube နဲ့လင့် ထားတာတွေ့ ရတယ်။

သီချင်းတွေကိုလည်း embed လုပ်ပြီး ကိုယ့်ဘလောက်မှာ ထည့်လို့ရတယ်။ သီချင်းတွေကို Download တော့လုပ်မရဘူးဗျ။

http://www.songza.com/

Friday, November 9, 2007

Most frequently searched keywords on Google Search

ု"Sex" ဆိုတဲ့ keyword ဟာ အီဂျစ်၊ အိန္ဒိယ နှင့် တူရဂီ နိုင်ငံတွေက Google search engines မှာ ရှာတဲ့ ထိပ်ဆုံးက keyword ဖြစ်တယ်တဲ့။

မက်စီကို၊ ဂျာမဏီ နဲ့ သြစတိလျ မှာတော့ "Hitler" ဆိုတဲ့ keyword ထိပ်ဆုံးက Google search engines မှာ ရှာတယ်တဲ့။

"Gay" ဆိုတဲ့ keyword ကိုတော့ ချီလီနိုင်ငံ ပြီးတော့ မက်စီကို နဲ့ ကိုလမ်ဘီယာ နိုင်ငံတွေက အများဆုံးရှာတဲ့ keyword ပါတဲ့။

Google search မှ တခြားသော keyword များ (in order from first to third place):

  • “Jihad”–Morocco, Indonesia, Pakistan
  • “Terrorism”–Pakistan, Philippines, Australia
  • “Hangover”–Ireland, United Kingdom, United States
  • “Burrito”–United States, Argentina, Canada
  • “Iraq”–United States, Australia, Canada
  • “Taliban”–Pakistan, Australia, Canada
  • “Tom Cruise”–Canada, United States, Australia
  • “Britney Spears”–Mexico, Venezuela, Canada
  • “Homosexual”–Philippines, Chile, Venezuela
  • “Love”–Philippines, Australia, United States
  • “Botox”–Australia, United States, United Kingdom
  • “Viagra”–Italy, United Kingdom, Germany
  • “David Beckham”–Venezuela, United Kingdom, Mexico
  • “Kate Moss”–Ireland, United Kingdom, Sweden
  • “Dolly Buster”–Czech Republic, Austria, Slovakia
  • “Car bomb”–Australia, United States, Canada
  • “Marijuana”–Canada, United States, Australia
  • “IAEA”–Austria, Pakistan, Iran
All the abovementioned data has been compiled from 2004 to the present retrievable on the “Google Trends” website.

http://www.techshout.com မှတဆင့်

Thursday, November 8, 2007

ကျောပိုးအိတ်ထဲမှာ

သန့်ဇော်မင်း က စိုင်းစိုင်း အိတ်ထဲမှာ ဘာတွေရှိလဲတဲ့ဗျ။ ရေးပါဦးလို့သူ့ဘလောက်မှာ တက်ထားတယ်။ ဒါနဲ့ ..... ဒီပိုစ့်ကို ရေးဖြစ်သွားခြင်းပါ။

ကျနော့်ကျောပိုးအိတ် က နည်းနည်းကြီးသည်။ လိမေ္မာ်နှင့် အနက်စပ်ကြား Targus ဖြစ်ပြီး သွားလေရာ မပါမဖြစ်။ အိတ်အပြင်ဖက်မှာ Zip က ၅ ခုရှိသည်။ အိတ်အရှေ့မှာ ၃ ခု၊ ဘေးမှာ ၁ ခု၊ နောက်မှာ securtiy pocket ဆိုပြီး ရှိသေးသည်၊ နောက်က အိတ်ကိုတော့ မည်သူ့မှ မမြင်ပါ၊ ကျနော် လွယ်ထားခြင်းကြောင့်ဖြစ်သည်။ အိတ်ထဲတွင်လည်း အိတ် သေးသေး ကွေးကွေးလေးများ ထပ်ရှိနေသေးသည်။

ကျနော့်အိတ်ကို ပထမဦးဆုံး ဖွင့်ကြည့်မည်ဆို မြင်ရမှာတော့ ဘောပင် ၃ ချောင်း၊ cutter တခု၊ ခြေသည်းလက်သည်းညှက်၊ နားဂျက်၊ Mp3 ၊ ကဏန်းပေါင်းစက်၊ USB cable, Bluetooth divice, GPS များမြင်ရမှာပါ။

နောက်ထပ် Zip ကိုဖွင့်ကြည့်လိုက် မယ်ဆိုရင်၊ CD တွေစုထည့်ထားတဲ့ အိတ်၊ CD Marker pen, Planner, သွေးတိုင်းတာသည့် ကိရိယာနှင့် သွားတိုက်ဆေးသွားတိုက်တံ တွေရှိပါ လေရဲ့။ ညာဖက်ရှိ ဘေးဖက် Zip ကိုတော့ အမြဲသတိထားရသည်။ ထို Zip များပွင့်နေ လျှင် ကျနော့်ဘဝပျက်ပါပြီ။ ညာဖက် Zip ကိုဖွင့်၍ အတွင်းသို့ လက်လျှိုလိုက်လျှင် Notebook နှင့် ရစ်ပတ် ရှုပ်ထွေး နေသော ၀ါယာကြိုးနှင့် Adapter ထည့်ထားသည်။

နောက်ဖက်က Security pocket ဖြစ်သော အိတ်ထဲတွင် ကျနော်နှင့်ပတ်သက်သည့် အရေး ကြီးသည့်ဟု ဆိုရသော စာရွက်စာတမ်းအချို့ကို ထည့်ထားခြင်းဖြစ်လေသည်။ ဖယ်ဘက်ရှိ သေးငယ်သည့်အိတ်လေးတွင် မှတ်စုစာအုပ်နှင့် Dictionary ရှိပါလေရဲ့။

ကျောပိုးအိတ်၏ ညာဖက်ကြိုးပေါ်ရှိ ချိတ်ဆဲွ အိတ်သေးလေးတွင် iPAQ ကို မဆန့်တဆန့် ဖျစ်ညစ်သွပ်ထည့်ထားသည်။

ကျနော်အမြဲမေ့ကျန်လေ့ ရှိသည့် သော့တွဲများ မှာလည်း ကျနော့်အိတ်ထဲတွင် ကလစ်နှင့်ကြိုး တခါတည်းတွဲထားလိုက်သည်။ အဘယ်ကြောင့် ဆိုသော် ကျနော် သည် အင်မတန် မေ့လွန် ကဲ သူတယောက်ဖြစ်ကြောင့်တည်း။

မမမယ်လိုဒီမောင် အိတ်ထဲမှာ ဘာတွေများရှိလဲလို့ .... သွန်ချ ပေးပါဦးနော်...

Monday, November 5, 2007

My weekend

ဒီအပတ် weekend ကတော့ ကျနော့်အဖို့ သောက်သလဲွ ဖြစ်ယုံတင်မက တယ်ရင်းများပါ ခံစားသွားရတယ်။ ဖြစ်ပုံက သောကြာနေ့ည တယ်ရင်းတယောက် အော်စီက ပြန်လာတော့ ၀ီစကီ ၃ လုံး ၀ယ်လာတယ်။ ၁ လုံးတော့ သူ့ တယ်ရင်း နဲ့ သောက်လို့ကုန်သွားခဲ့ပြီတဲ့။ ကျန်တဲ့ ၂ လုံးကို ကျနော့်တို့ ၄ ယောက်လိုက်တာ လောက်တောင်မလောက်ဘူး။

၀ီကီကလည်း ၁၆ နှစ် ၂၁ နှစ် (သက်တမ်း) သောက်ရတာလည်း ကောင်းတယ်လေ။ ဒါကို မလောက်လို့ Black Label တစ်လုံး ထပ်သောက်လိုက်တယ်။ လူကို ပြန်လှန်သွားတာဘဲ။ ဒါကို ချစ်တယ်ရင်းတွေက တော်သေးဘူးတဲ့ဗျ။ မနိုင်ဘူး တကယ့် ကြွက်တွင်းတွေ။ အိမ်အပြန် လမ်းမှာ နောက်ထပ် Black Label တစ်လုံးထပ်ဝယ်ပြီး တယ်ရင်း အခန်းအောက် က ဆိုင်မှာ ထိုင်သောက်ကြတယ်။ မနက် ၃ နာရီခဲွသွားတယ်ထင်ပါရဲ့ပါ။ ၀ီစကီ ၄ပုံ ၃ ပုံလောက်ကုန် သွားတော့ အားလုံးလည်း Give up ဖြစ်ပြီး အိမ်ပြန်အိပ်ပါလေရဲ့။

မနက်က မိုးမလင်းသေးဘူး ဖုန်းကလည်း တကွမ်ကွမ်လာ။ သောက်မြင်ကပ်တာနဲ့ ဖုန်းပိတ်လိုက် တယ်။ ဖုန်းဖွင့်တော့ အား ခေါ်ထားလိုက်တဲ့ Call တွေ အများနည်းပါလား။ Call တွေကို ကြည့်တော့ အိုမိုင်ဂွတ် အဥ္စလီ ခေါ်ထားတဲ့ Call တွေက ၅ Call ။ တခြားလူတွေရဲ့ Call တွေကျန် သေးတယ်။

ကျနော် အဥ္စလီ ကို ဂတိတွေ ပေးထားတာ မေ့နေတာ။ သူက စနေနေ့မှာ ဘဝခရီး အခန်းမှာ တခုခုချက်ပြုတ် စားသောက်ဖို့ ခေါ်ထားတယ်လေ။ ကျနော်လည်း ဘဝခရီး အခန်းကို ခရီးဆက်ရတာပေါ့။ မိုးကလည်း ရွာ ရာသီဥတုက လည်းအေး၊ လူကလည်း အမူးမပြေသေးနဲ့ ဘဝခရီးအခန်းရောက်တော့ အဥ္စလီက နည်းနည်းကောင်းပြီး Galk ကနေ သူ့ညီနဲ့ပွား နေပေါ့ဗျာ။ ဘဝခရီးက တော့ မီးဖိုခန်းမှာ ဒုန်းဒုန်းဒိုင်းဒိုင်းနဲ့ချက်ပြုတ်နေ လေရဲ့။ ခွန်လင်း ချစ်သူ ဆိုတဲ့ လူက နည်းနည်းစသောက်နေပြီ အဥ္စလီနဲ့အတူ။

ခွန်လင်းချစ်သူက ခွက်ထဲ ရေခဲ နဲ့ ဘရမ်ဒီ ထည့်လိုက်တယ် ရော့သောက် စိုင်းစိုင်းတဲ့။ မိုးမိလာတဲ့ ကျနော်လည်း ဘရမ်ဒီ အေးအေးလေးကို တကြိုက်ထဲသောက်လိုက်တာ။ ပူထူ သွာ ပြီး မနေ့က မူးနေတဲ့ ၀ီစကီ အရှိန်တောင် လှန့်ပြီး ပြေးသွားတယ်။ ခွန်လင်းချစ်သူက တော့ သွားစရာရှိတယ်ဆိုပြီးလှစ်သွားတယ်။

နောက်တနာရီလောက် ကြာတော့ ဘရမ်ဒီ တလုံးလည်း ပုလင်းများ ပေါက်သလားလို့ ထင်ရအောင် ခမ်းသွားတယ်။ ဒါနဲ့ အဥ္စလီတို့ ဇတ်လမ်းက စပြီလေ။ ထမင်းစားမယ် လုပ်တော့ မစားဘူး အိမ်ထုပ်သွားပြီး သူ့အိမ်မှာ သွားစားမယ်တဲ့။ ဘဝခရီးရဲ့ အောင်မြင်တဲ့ ဖောင်းပြမှုကြောင့် မကြေမနပ်တဲ့ အဥ္စလီ ခမျာ ထမင်းစားချင် မစားချင်တဲ့နဲ့ စားတာ ၁ ပန်းကန် အမောက်ကြီး ကုန်ပါလေရော။

အဥ္စလီအိမ်ကို ချီတက်ကြပါလေရော။ အဥ္စလီက ဘရမ်ဒီထပ်ဝယ်လာတယ်။ ကျနော်တော့ မသောက်နိုင်တော့ဘူးလေ။ ကာလာအိုကေ ဆိုမယ်ပေါ့။ အဥ္စလီနဲ့ စိုင်းစိုင်း တို့ ကာလာ အိုကေ ဟစ်လိုက်တာ ဘဝခရီးတော့ ရေရေလည်လည် အီးအီးမှန်သွားတဲ့ မျက်နှာနဲ့ ထိုင်နား ထောင်နေရရှာတယ်။

အဥ္စလီ တို့ဟစ်တာက မျိုးကြီး၊ လေးဖြူတဲ့ အားပါးပါး.. လေးစား လောက်တယ်။ သိချင်ရင် ဘဝခရီးကို သာမေးကြည့်လိုက်တော့ဗျို့။ (ဟစ်တာနဲ့ ရစ်တာကို) ကျနော်တော့ မရေးတော့ ဘူး။ ကျနော်ရေးရင် သူတိုက်တဲ့ ဘရမ်ဒီ၊ သူအခန်းက ကာလာ အိုကေ သွားဆိုတဲ့ ကျနော် ကျေးဇူးကန်းရာရောက် သွားမှာဆိုးလို့ပါ..ဟဲ...ဟဲ... ရေးတော့ ဘူးနော် အကိုကြီးအင်... တော်ဘီ.. ချိတ်စိုးနဲ့နော် ချတာ.ချတာ..

Friday, November 2, 2007

Funny Keyboards

သုံးနေကျ ကီးဘုတ်တွေ သုံးရတာ ငြီးငွေ့ဖို့ကောင်းတယ်။ ကျနော့် ကွန်ပြူတာ လည်း ဒီလိုကီးဘုတ်တွေ နဲ့ဘဲ လိုက်ဖက်တယ်ထင်ပါရဲ့ အမြဲတန်း ဒီကီးတွေဘဲ နှိပ်နှိပ်နေရတယ်။ ဒါကြောင့် ဒီလိုကီးဘုတ်မျိုးကိုဘဲ တပ်ဖို့ စဉ်းစားလိုက်တယ်။ မကောင်းဘူးလားဗျာ။




Thursday, November 1, 2007

စက္ကန့်နှင့် အမျှ ၀င်ငွေ တွက်ကြရအောင်

လစာ၊ ၀င်ငွေ တလ ဘယ်လောက်ရသလဲ လို့ရိုက်ထည့်ရုံနဲ့ တစက္ကန့်မှာ ပိုက်ပိုက် ဘယ်လောက် သလဲ လို့ သိချင်ရင် ဒီနေမှာ တွက်ချက်ကြည့်နိုင်ပါတယ်။
http://www.cashto.net/

စာမေးပဲွခန်း