Friday, November 2, 2007

Funny Keyboards

သုံးနေကျ ကီးဘုတ်တွေ သုံးရတာ ငြီးငွေ့ဖို့ကောင်းတယ်။ ကျနော့် ကွန်ပြူတာ လည်း ဒီလိုကီးဘုတ်တွေ နဲ့ဘဲ လိုက်ဖက်တယ်ထင်ပါရဲ့ အမြဲတန်း ဒီကီးတွေဘဲ နှိပ်နှိပ်နေရတယ်။ ဒါကြောင့် ဒီလိုကီးဘုတ်မျိုးကိုဘဲ တပ်ဖို့ စဉ်းစားလိုက်တယ်။ မကောင်းဘူးလားဗျာ။




Thursday, November 1, 2007

စက္ကန့်နှင့် အမျှ ၀င်ငွေ တွက်ကြရအောင်

လစာ၊ ၀င်ငွေ တလ ဘယ်လောက်ရသလဲ လို့ရိုက်ထည့်ရုံနဲ့ တစက္ကန့်မှာ ပိုက်ပိုက် ဘယ်လောက် သလဲ လို့ သိချင်ရင် ဒီနေမှာ တွက်ချက်ကြည့်နိုင်ပါတယ်။
http://www.cashto.net/

စာမေးပဲွခန်း




Tuesday, October 30, 2007

မဖြစ်စလောက် passwords အကြောင်း တစေ့တစောင်း

ကျနော်တို့ ကွန်ပြူတာနဲ့ user အကောင့် တွေကို ပထမဦးဆုံး အကာအကွယ်ပေးတာက passwords ပဲလေ။ ကျနော်တို့ အများစုမှာ passwords ထည့်ရာမှာ များသောအားဖြင့် အဓိက သတိမထားမိတဲ့ အချက် ၂ ခု ပြုလုပ်တတ်တတ်ကြတယ်။

၁။ လွယ်လွယ်ကူကူနဲ့ မှတ်ရလွယ်တဲ့ passwords ပြုလုပ်လေ့ရှိတယ်။ (ကိုယ်နဲ့ပတ်သက်တဲ့ အချက်အလက်)
၂။ passwords များကို စာအုပ်၊ စာရွက် Microsoft word, Notepad မှာ ရိုက်ပြီး မြင်လွယ်တဲ့နေရာမှာ သိမ်းထားတတ်တဲ့အလေ့ရှိတယ်။

Hacker များဟာ password များကို ခန့်မှန်းပြီး (သို့) password-cracking software များ အသုံးပြုပြီး ကွန်ပြူတာများ၏ system ထဲကို ထိုးဖောက်ဝင် ရောက်လာ နိုင်ပါတယ်။ အဲဒီ password-cracking software က password ကို လွယ်ကူစွာ မရှာနိုင်အောင် password ကို mnemonics and numbers များကို အသုံးပြုသင့်ပါတယ်။

password သည်လည်း သော့ ပါဘဲ။ ကျနော်အိမ်မှာ လူရှိတဲ့ညအချိန် အိမ်တခါး၊ ပြူတင်း ပေါက်များအား သော့မခတ်ဘဲထားရင် စဉ်းစားကြည့်ပါ။ သူခိုးဝင်လို့ သူခိုးကနည်း တယ်လို့ တောင် ပြောသွားအုံးမယ်။ ဟုတ်ပြီ ဒါဆိုရင် ကျနော်တို့ အိမ်ကိုခတ်ထားတဲ့ သော့က ဘယ်လောက်ကောင်းလဲ။ ကျနော်တို့ကွန်ပြူတာကို သော့ကောင်းကောင်းခတ်နိုင်တဲ့ Creating strong passwords ကို ဤနေရာတွင်ဖတ်နိုင်ပါတယ်။

လိပ်စာအသစ်နဲ့ ကြော်ငြာ

သူများတွေက အိမ်တွေပြောင်း နေကြတယ်။ ကျနော်မှာတခြား အိမ်တွေတော့ ရှိပါတယ်။ အဲဒီအိမ်တွေထဲမှာ ဘာမှ မရှိဘူးဖြစ်နေတယ်။ အိမ်ကတော်တော် ဟောင်းနေဘီဆိုတော့ ပြန်လည် မွန်းမံပြင်ဆင်ရမှာ အချိန်တွေလည်းကုန်အုံးမယ်လေ။ ဒါကြောင့် ကံကောင်းထောက်မစွာ နဲ့ဘဲ မမီက အိမ်လိပ်စာ အသစ်လုပ်ပေးမယ် ယူမလားတဲ့။ ဘာရမလဲ ယူမယ်ပေါ့ဗျာ။ ဒါနဲ့ ကျနော့် အိမ်လိပ်စာ အသစ် ကို http://saisai.myamarbloggers.org ဆိုပြီး ပြောင်းလိုက်ပါတယ်။ အိမ်လိပ်စာ အသစ် လုပ်ပေးတဲ့ မမီ ပိုက်ပိုက် အကုန်ကျခံပြီး ဒိုမိန်း ၀ယ်ထားတဲ့ ကိုပီကေ တို့ကိုလည်း ကျေးဇူးတင်ကြောင်းပါခင်ဗျာ။

ဒါက မမီ ဆီက Ctrl+C နှိပ်ပြီး Ctrl+V လုပ်ထားတာပါ။
စိတ်ဝင်စားတဲ့သူ မည်သူမဆို bloggers@myanmarbloggers.org ကို email ပို့ပြီးတော့ပဲ ဖြစ်ဖြစ် ကွန့်မန့်ထဲမှာ ၀င်ရေးပြီးတော့ ပဲဖြစ်ဖြစ် ကိုယ်နာမည် (nick name) ရယ်၊ ဘလော့လိပ်စာရယ်၊ လိုချင်တဲ့နာမည်ရယ် ကိုထည့်ရေး ပေးစေချင်ပါတယ်။ အခုလက်ရှိ subdomain အသစ်အနေနဲ့ ထည့်ပေးပြီးတဲ့ ဘလော့ဂါတွေကတော့
-ကိုတက်စ်လာ (tesla.myanmarbloggers.org)
-ဘာညာ (barnyarbarnyar.myanmarbloggers.org)
-နေဘုန်းလတ် (nayphonelatt.myanmarbloggers.org)
-တေဇာ (tayzar44.myanmarbloggers.org)
-ကဗျာလမ်း (modernpoemroad.myanmarbloggers.org)
-စိုင်းစိုင်း (saisai.myanmarbloggers.org)
-ပင့်ဂိုးလ် (cuttiepinkgold.myanmarbloggers.org) နဲ့
-မိုးလှိုင်ည (moehlaingnya.myanmarbloggers.org) တို့ဖြစ်ပါတယ်။


Monday, October 29, 2007

Good luck for your Pa Par

နက်ဖြန်ခါ မင်းပါးပါး နှလုံးခဲွစိတ် ကုသမယ်ဆိုတော့ မင်းစိတ်လှုပ်ရှားသလို ငါလည်း မင်းနဲ့ ထပ်တူထပ်မျှ လှုပ်ရှားမိပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် အားလုံး ကောင်းသွားမယ်လို့ ဆုတောင်းလိုက်တယ်။ စိတ်အေးအေးထား ပြီးနေပါ။ မင်းပါပါး နေကောင်းကျန်းမာသွားမှာပါ။ နေကောင်းကျန်းမာပါစေလို့.. SS

Sunday, October 28, 2007

Checking PC properties using CPU-Z

ကွန်ပြူတာရဲ့ CPU, Cache, Mainboard, Memory အစရှိတဲ့ အမျိုးအစားများကို Check လုပ်မယ်ဆိုရင် CPU-Z ဆိုတဲ့ Freeware သုံးပြီး checking လုပ်နိုင်ပါတယ်။ သူ့ရဲ့ အရွယ်အစားက 1.13 MB ရှိပါတယ်။ ကျနော်စမ်းသုံးကြည့်တာ အိုကေ အဆင်ပြေတယ်ဗျာ။ CPU-Z ကိုသုံးရင်းနဲ့ screenshot လုပ်ပြီး တင်ထား လိုက်တယ်။


[Download]
http://www.cpuid.com/

Saturday, October 27, 2007

Creating strong passwords

Password တည်ဆောက်ရာမှာ အခြေခံကျပြီး မှတ်သားရ လွယ်အောင် နည်းလမ်းကောင်း လေး စဉ်းစားထားတာပါ။
L,i,l,t =1
o,O=0
s,S =5,2
four, for, fore =4
two, to, too= 2
at, a=@
G,g=6, 9
ဥပမာ ။ Are you happy today? ကိုပြောင်းရေးမယ်ဆိုရင် Ru:-)2d?
When you say nothing at all ကိုပြောင်းရေးမယ်ဆိုရင် Wu5n9@A