Friday, October 26, 2007

သီတင်းကျွတ်အမှတ်တရ

သီတင်းကျွတ် လပြည့်ညတွေဆို ငယ်စဉ်အခါက အလွန်မှပျော်ပါတယ်။ ဖောက်အိုးတွေ တဗျောင်းဗျောင်း ဖောက်ရသကိုး။ ညအချိန်မှာ ကျနော်တို့ အလည်မပေးသွားပါဘူး။ အခုလို သီတင်းကျွတ် လပြည့်ည ဆိုရင် ညဖက် အလည်သွားရပါတယ်။ ညဖက်လည်မသွားခင် အဖိုးအဖွားများကို သွားကန်တော့ လေ့ရှိတယ်။

အခုများတော့ အဖိုးအဖွားများနှင့် ဝေးကွာနေတဲ့ စိုင်းစိုင်းဟာ ကျနော့်အား တူလို၊ သားလို သဘောထားပြီး ချစ်ခင် သော အန်ကယ်နှင့် အန်တီ တို့ကို သွားကန်တော့ လိုက်ပါတယ်။

Wednesday, October 24, 2007

ဘော်လံဒီယာ လုပ်တော့မယ်

တခါတခါ အတွေးတွေဝင်ပြီး တော်တော်လေးကို စဉ်းစားခန်းဝင်ဖြစ်တယ်။ လူရယ်လို့ ဖြစ်လာရင် အလုပ် လုပ်ရတယ်။ အလုပ်များ မလုပ်ရရင် ဘယ်လောက်များ ကောင်းမလဲ မသိလဲ၊ အဲလိုစဉ်းစား ပြန်တော့လည်း လူရယ်လို့ဖြစ်တာ အဓိပ္ပါယ် မရှိဘူး။ အလုပ်ဟူ သမျှ ဂုဏ်ရှိစွလို့ ဆိုကြတယ် မဟုတ်လား။

တချို့လူတွေက ကိုယ်ကြိုက်တဲ့၊ ကိုယ်ဝါသနာပါတဲ့ အလုပ်တွေကို ရှာလုပ်ကြပါတယ်။ တချို့များတော့ ကြုံရာ ကျပန်း အလုပ်တွေကို လုပ်ကြရတာ တွေရှိတာပေါ့။

ကျနော်တော့ ကိုယ်ပျော်တဲ့ ၀ါသနာပါတဲ့ အလုပ်တွေလုပ်ရတာ နှစ်သက်တယ်။ ကိုယ်ဝါသနာပါတဲ့အလုပ် များလုပ်ရရင် ကိုယ့်အိပ်စိုက်ပြီး တောင်လုပ်ပေးတဲ့ အကျင့်ရှိပါတယ်။ မအိပ်မနေ လုပ်ပေးတယ်။ ဗော်လန်ဒီယာ အလုပ်ပေါ့ဗျာ။ ငွေ အကြောင်းကြီးဘဲ ပြောတဲ့ သူတွေကို အမြင်ကပ်တယ်။ အထူးသဖြင့် မလိမ့်ဘဲနဲ့ ၂ ပတ်လုပ် သူတွေကို အင်မတန် သောက်မင်ကပ်တယ်။

အခုတော့ ကျနော် ပိုက်ဆံလက်ခံပြီး လုပ်နေရတဲ့ အလုပ်တခုမှာ လုပ်တာ စိတ်ကုန်လာပြီ။ ပိုက်ဆံတော့ အတော် အတင့်ရပါရဲ့ဗျာ။ ဒါပေမယ့် အလုပ်က အဆင်မပြေဘူးလားဆိုတော့ ရှင်းရှင်းပြောရရင် မပြေဘူး။ အလုပ်များလို့လား လို့မေးရင် ပုံမှန်ပါဘဲ။ အလုပ်များတာကို ကျနော် မငြီးညူပါ၊ အလုပ်ထဲက တချို့လူတွေ အပြောင်းအလဲ မြန်တယ်လေ။ (အထူးသဖြင့် ခေတ်စကားအရ ဆိုရင် Bossy ပေါ့) အခုတမျိုးတော်ကြာနေ ၂ မျိုး ၃ မျိုး။ စည်းစည်းလုံးလုံး မရှိတာရယ်၊အလုပ်က သိပ်ရှင်းရှင်း လင်းလင်း မရှိတာရယ်၊ ကြာလာတော့လည်း အလုပ်မှာ အပျော်တော့ဘူး။ အလုပ်မှာ မပျော်မဲ့ အခြေအနေ ရောက်မှတော့ အဲဒီအလုပ်ကို မလုပ်ရုံသာ ကျန်တော့တယ်။ ဖြေရှင်းချက်တွေ ပေးစရာ လိုနေသေးလို့လား။ အလုပ်လုပ်ရပြီး စိတ်မချမ်းသာဘူး။ စိတ်ဖိစီးမှု တွေများတယ်။ တချို့တချို့သော လူများက ကိုယ့် အလုပ်ကို မလုပ်ဘူး သူများကိစ္စတွေကို ၀င်ရှုပ်တယ်။ တချို့က ဆိုးတယ် ကိုယ့်အလုပ်ကို တောင် မလုပ်ဘူး။ အဲဒါတွေကို လိုက်လုပ်ပေး နေရတယ်။ ဒါတောင် သောက်သလဲွ ပြောခံရသေးတယ်။ ဘယ်လောက်များ လေဖို့ ကောင်းလဲဗျာ.. လေတယ်.. တကယ်ပါ.. တကယ်ပါ..ဗျာ... လေတယ်..

ဒီတခါတော့ ကိုယ့်လှေကိုထိုး ပဲခူးရောက်ရောက်၊ ကိုယ်မြင်းကိုဆိုင်း စစ်ကိုင်းဘဲ ရောက်ရောက်၊ ဖြစ်ချင်တာဖြစ် မောင်ဘချစ် ဆိုသလို လုပ်လိုက် ချင်ပါဘိဗျာ။

Tuesday, October 23, 2007

ငါးထောင်ကျပ်

ပိုက်ဆံအသစ်မြင်ဖူးလားတဲ့ ကျနော့်အမက Gtalk ကနေ ပြောတယ်။ ဒါနဲ့ သူကျနော့်ကိုပို့ ပေးလိုက်တော့ ဒေါ်စုပုံနဲ့။ နှစ်ချိုက်မိလို့ ဘလောက်ထဲ အမှတ်တရ တင်ထားလိုက်မိ တယ်။ ကျေးဇူးပါ ပီပီခမ်း....

အားလုံးပျောက်ကုန်ပြီ

လက်ရှိသုံးနေတဲ့ စက်က ၁၀ လလောက်ကြာခဲ့ပြီဆိုသော်လည်း သုံးရတာ နည်းနည်း နှေး သလိုခံစားလာမိတယ်။ ဒါနဲ့ စက်ဝယ်တုံးက ပါလာတဲ့ recovery dvd ၃ ချက်ကို ထည့်ပြီး ကလိလိုက်မိတယ်။ တချပ်ပြီးတချက် ထည့် ပြီး တော့ နံပါတ် ၃ အချပ်ရောက်တော့ မစောင့် နိုင်တာနဲ့ အိပ်လိုက်တယ်။ မနက်မိုးလင်းတော့ စက်အသစ် ၀ယ်စဉ်အခါက အတိုင်း ပြန်ဖြစ် နေလေရော။ ပြီးတော့ My computer ကိုဖွင့်ကြည့်လိုက်တော့ အိုမြတ်စွာဘုရား ဘာမှကို မရှိတော့ဘူး။ Drive လည်း local drive C ဘဲကျန်တော့တယ်။ ကျနော့် Dada တွေသိမ်းထား တဲ့ local drive D ကြီးဘယ်နတ်ပြည်တက်သွားလည်း မသိဘူး။ ဘာဆိုဘာမှကို မကျန်တော့ ဘူး။

အချို့ Dada တွေကိုတော့ လွန်ခဲ့တဲ့ ၂ ရက်တုံးက DVD ထဲမှာရေးထားမိလို့ပြန်ရတယ်။ local drive C လည်း 120 GB ဖြစ်တော့ .. partition ခဲွမယ်ဆိုပြီး. Partition magic ကိုရှာ တယ်. ပထမဦးဆုံးဒေါင်းလုပ်လုပ်တော့ ပြင် သစ် version ဖြစ်နေတော့နောက်တခါ ဒေါင်း လုပ် ပြန်လုပ်တယ်။ ဒီတခါတော့ရဘီပေါ.. Partition Magic 7 တဲ့ Install လုပ်တော့ error ကျတယ် သုံးမရပြန်ဘူး။ ရှာတယ်မွေတယ်. ပိုက်ဆံပေးပြီးလည်းမဝယ်ချင်ဘူးလေ။အင်တာ နက်မှာ အသားကုန်ဖြဲရှာတယ်။ နောက်ဆုံးတော့ partition magic 8 နဲ့အဆင်ပြေသွားတယ်။

အခုတော့ သုံးနေကျ program တွေကို install လုပ်၊ Setting တြွေပင် နဲ့ ဘာမှကို မလုပ်ဖြစ် လိုက်ဘူး။ ဒီနေ့တနေကုန် အချိန် ၉ နာရီလောက်ကုန်သွားတယ်။ Data တွေတော့ပြန်မရ တော့ဘူး။ Data recovery တွေနဲ့လည်း ပြန်မရှာတော့ဘူးလေ။ သံယောဇဉ်ဖျက်လိုက်ဘီ။

Wednesday, October 17, 2007

How to disable Control Panel

ဒီနေ့ ကျနော့် တယ်ရင်းတယောက်အခန်းမှာ Networking သွားလုပ်တယ်ဖြစ်ပါတယ်။ ကြိုးတွေကို ရှုပ်ယက်ခတ် နေတာဘဲ။ Netwroking လည်းဆင်လို့ ပြီးရော သူ့ကွန်ပြူတာ တွေရဲ့ Setting တွေကို မပြင်နိုင်အောင် Disable လုပ်မယ်ဆိုပြီး စဉ်းစားကြပါတယ်။

အကျင့်မကောင်းပုံများ Control Panel ကို Disable လုပ်မယ်ဆိုပြီး လုပ်ဖြစ်တယ်ဗျာ။

ကျနော်ဘယ်မှာသွား ပြင်လဲဆိုတော့ Window ရဲ့ policies ထဲမှာ သွားပြင်လိုက်တယ်။ အဲဒီ policies ထဲမှာ DWORD အသစ်တခုလုပ်လိုက်ပြီး Name ကို NoControlPanel လို့ပေးလိုက် တယ်။ အဲဒီ Data ရဲ့ Value ကို 1 လိုက်ထားလိုက်ပြီး Window ကို restart လုပ်လိုက်တော့ Control Panel မရှိတော့ဘူး။



User Key: [HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\
Explorer]
Value Name: NoControlPanel
Data Type: REG_DWORD (DWORD Value)
Value Data: (0 = disable restriction, 1 = enable restriction)


ဒီတခေါက်လုပ်တာ အဆင်ပြေသွားလေရဲ့ဗျာ။

Thursday, October 11, 2007

How to create an invisible folder

Right Click လုပ်ပြီး New Folder တခုတည်ဆောက်လိုက်ပါ။

New Folder ကို rename လုပ်ကာ ၄င်း Folder Name တွင် Alt+0160 ရိုက်လိုက်ပါ
ဒါဆိုရင် အဲဒီ New Folder name ပျောက်သွားပါလိမ့်မယ်။

အဲဒီ အမည်မရှိတဲ့ Floder ပေါ်ကို Right Click လုပ်ပြီး Properties ထဲက Customize tab လေးကိုနှိပ်လိုက်ပါ။ အဲဒီ ထဲမှာ Change Icon ဆိုတဲ့ bottom လေးကို ဆက်လက် နှိပ်လိုက်ပါခင်ဗျာ။

Change Icon for Folder window လေးပေါ်လာတာတွေလိမ့်မယ်။ အဲဒီထဲက no image တခုကိုရှာပြီး ပြောင်းလိုက်ပါက ယခင်ကတည်ဆောက်ထားတဲ့ Folder ပျောက် သွားတာတွေ့ရပါလိမ့်မယ်။

ဒါဆိုရင် ကိုယ့်ရဲ့ လျို့ဝှက်စာရွက်စာတမ်းများ၊ ဂိမ်းများ၊ ဓါတ်ပုံများ စသည်ဖြင့်.. လျှို့ဝှက်စွာ သိမ်းစည်းထားနိုင်ပါကြောင်းပါခင်ဗျာ။

Way to my hometown

အေးမြတဲ့ ဆောင်းရနံ့ ကွေ့ကောက်တဲ့ လမ်းများကို ဖြတ်ကျော်ကာ အိမ်ပြန်လမ်းဆီသို့

Wednesday, October 10, 2007

မင်းမွေးနေ့အတွက် အမှတ်တရ

အောက်တိုဘာလ ၁၀ ရက်နေ့မဟုတ်လား မင်းရဲ့ မွေးနေ့လေ။ မင်းမွေးနေ့ဆိုလို့မင်းဟန်း ဖုန်းကို ဆက်ပြီး Happy Birthday လို့ပြောမလို့ပါဗျာ။ ဟိုက်... မင်း အမားနဲ့တွေ့တော့ မင်းအိမ်မှာဆိုလို့ အိမ်ကို ဖုန်းဆက်လိုက်တယ်။ ဒါပေမဲ့ ဖုန်းခေါ်လို့မရဘူး။ ဖုန်းခေါ်လို့ရတဲ့ အခါတော့လည်း မင်းအလုပ်တွေ ရှုပ်နေတဲ့ အချိန် ဖြစ်နေပါလိမ့်မယ်။ ဘယ်လိုဘဲဖြစ်ဖြစ် Happy Birthday အိုက်လား။ မင်းအတွက်လက်ဆောင်.......

It’s your birthday...
and I’m thinking how glad I am
that you were born.
You have given me so much--
supported me, encouraged me,
cared for me; I didn't even need to ask.
I celebrate your wonderful self!
I am in awe of your boundless generosity,
your infinite kindness--that gentle inner glow
that you so freely use to warm my life.
Your birthday is as much a celebration for me
as it is for you, maybe more,
and I wish for you the best of birthdays,
the best one ever.
May each birthday be better than the last.
Most of all, I hope you will always be
As happy as you have made me.

ငါလည်း ပိုစ့် အသစ်တွေ မတင်ဖြစ်တာ ကြာပြီလေ။ အခုတော့ မင်းရဲ့ မွေးနေ့ဆိုပြီး ပိုစ့် အသစ်ရေး ဖြစ်ပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် အမှတ်တရဖြစ်သွားတယ်ကွာ။