Tuesday, January 3, 2012

မှတ်စုအတိုအထွာ

နှစ်သစ်လက်ဆောင်လို့ပြောပြော နိုဝင်ဘာ ၂၂ ရက်နေ့က မွေးနေ့လက်ဆောင်လို့ဘဲဆိုဆို၊ လက်ဆောင် အဖြစ် www.laoyord.com ကိုလက်ဆောင်အဖြစ် ဝယ်ပေးလိုက်တယ်။ ဒီဇင်ဘာ ၃၁ ရက် နေ့မှာ သူငယ်ချင်း Lao Yord (သို့) Sai On ရဲ့ ဘလောက်ကိုအချောသပ်ပေး လိုက်တယ်။

Saturday, November 5, 2011

ခန္ဓာက ပြနေတဲ့တရားကို ကြည့်မိဖို့လိုတယ် . .

အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတဲ့ဒုက္ခတွေဟာ ခန္ဓာထဲမှာပဲရှိတယ်။ ဒီဆင်းရဲဒုက္ခတွေကို သိမြင်တဲ့ပုဂ္ဂိုလ်တွေ သာ သံဝေဂဝင်ပါတယ်။ တရားရကြပါတယ်။ သံဝေဂဆိုတာ ဒုက္ခကိုမြင်လို့ ဒုက္ခကိုကြောက်စိတ်ပါ။ ဒုက္ခ ဆင်းရဲတွေကို ဉာဏ်နဲ့ယှဉ်ပြီး ကြောက်လန့်တာမျိုးကို သံဝေဂဉာဏ်လို့ခေါ်ပါတယ်။ တရားဓမ္မ အားထုတ်တဲ့ အခါ သံဝေဂဉာဏ်မပါဘဲတရားအားထုတ်နေရင် တရားနဲ့ဝေးနေပါလိမ့်မယ်။

 သံဝေဂဉာဏ်နဲ့ကြည့်ပြီး ဒုက္ခပေးတဲ့ခန္ဓာ၊ အိုတဲ့ခန္ဓာ၊ နာတဲ့ခန္ဓာ၊သေတဲ့ခန္ဓာလို့မြင်နေမှ တရားရပါလိမ့် မယ်။ ခန္ဓာကိုယ်ကြီးဟာ ကုန်ခန်းပျက်စီးခြင်းသဘောသာရှိတဲ့ ခန္ဓာပါ။ နဂိုမူလတုန်းက အင်အားတွေ အခုအချိန်မှာ ကုန်လာပါပြီ။ တစ်စတစ်စနဲ့ အသိဉာဏ်ပညာတွေ တဖြည်းဖြည်းနှေးကွေးလာ ခဲ့ပါပြီ။ အကြားအမြင်၊ အထိအတွေ့အာရုံတွေလည်း တဖြည်းဖြည်းဆုတ် ယုတ်လာနေပါပြီ။  အပျက်ဆီကိုဦးတည် နေတာပါ။ပျက်တော့မယ်လို့ ပြနေတာပါ။ ဒီခန္ဓာကြီးနဲ့ တစ်ရက်လည်းမဟုတ်၊ တစ်လလည်းမဟုတ်၊ တစ်နှစ်လည်းမဟုတ်၊ နှစ်ပေါင်းများစွာ အတူနေလာကြတာတောင် ခန္ဓာကြီးက ပြတဲ့တရားကိုမမြင်ကြတာ မကြည့် ကြလို့ပဲဖြစ်တယ်။ တရားမမြင်ကြတဲ့သူတွေကတော့ ဒီခန္ဓာကြီးကို အကြောင်းပြုပြီး လောဘတွေထွက်၊ ဒေါသတွေထွက်၊ မောဟတွေ ဖုံးလွှမ်းပြီး အကုသိုလ်တွေသာ တိုးပွား လာကြပါတယ်။

ကိုယ့်ကိုယ်ကိုယ် ချမ်းသာရာချမ်းသာကြောင်း ရှာဖွေရင်းနဲ့ပဲ ဒုက္ခရောက်ကြောင်းတွေ၊လောဘ၊ ဒေါသ၊ မောဟတွေနဲ့ နေကြမယ်ဆိုရင် တရားနဲ့ဝေးကွာကြလိမ့်မယ်။


ရည်ညွှန်း-ဓမ္မလမ်းပေါ်မှာ ဓမ္မဒူတဒေါက်တာအရှင်ပညိဿရ
7 Day News Vol.10, No.33  November 3, 2011 (page-11)

Thursday, September 22, 2011

ဆောက်တည်ရာမရဖြစ်ခဲ့သောနေ့ရက်

စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ် မှာ ဆောက်တည်ရာမရ ဖြစ်ခဲ့ရတယ် မျက်ရည်ကျခဲ့ရတယ်။ ကျွန်တော့်ဆရာ ဘဝတစ်ပါးသို့ပြောင်းသွားတဲ့နေ့။

စက်တင်ဘာလ ၂၂ ရက်နေ့ ညနေ ၃ နာရီမှာ ဆရာ့ရုပ်အလောင်းကို  မီးသင်္ဂြီုလ်စက်ထဲသို့ မထည့်ခင် အသံချဲ့စက်မှ ဖွင့်တဲ့သီချင်းသံကြောင့် ကြက်သီးဖျန်းဖျန်းထခဲ့ရပြီး မျက်ရည်ကျခဲ့ရတယ်။

ကောင်းရာသုခသို့လားပါစေသား...........

Tuesday, September 6, 2011

Google maps street view

ချင်းမိုင်တက္ကသိုလ်အနောက်လမ်းမှာ Google maps street view ကား ၄ စင်း ဓာတ်ပုံလာရိုက်တာတွေ့လို့ ပါလာတဲ့ဖုန်းနဲ့ဘဲ ရိုက်ခဲ့တဲ့ပုံတွေပါ။

 





Monday, February 21, 2011

ရန်ကုန် - တောင်ကြီး - မန္တလေး ကားဂိတ်

တောင်ကြီး - ရန်ကုန် နှင့် တောင်ကြီး - မန္တလေး သို့ နေ့စဉ် လေအိတ်ကားကြီးများ မှန်လုံ ယာဉ်ငယ်များ နှင့် ဗင်ကားများဖြင့် နေစဉ် ပုံမှန်ပြေးဆွဲလျက်ရှိပါသည်။

တောင်ကြီးမြို့မှ ရန်ကုန်သို့ နံနက်ပိုင်း (၁၀:၃၀) ခန့် သက်ဆိုင်ရာ ဂိတ်များမှ ကြိုပို့ကားငယ်များ (Ferry) ဖြင့် အေးသာယာမြို့ရှိကားကြီးကွင်းသို့ ပို့ဆောင်ပေးပါသည်။ ထိုမှတဆင့် နေ့လည် (၁၁:ဝဝ)နာရီ၊ (၁၁:၃၀) နာရီခွဲခန့်တွင် ဂိတ်အသီးသီးမှ ရန်ကုန်သို့ စတင်ထွက်ခွာကြပါသည်။

တောင်ကြီးမြို့မှ မန္တလေးမြို့သို့ ညနေ (၅:ဝဝ) ခန့် သက်ဆိုင်ရာ ဂိတ်များမှ ကြိုပို့ကားငယ်များ (Ferry) ဖြင့် တောင်ကြီးမြို့ မြို့တွင်း ရှိ သက်ဆိုင်ရာဂိတ်သို့ ကြို/ပို့လုပ်ပေးပါသည်။ ညနေ (၆:ဝဝ) နာရီခန့်တွင် မန္တလေးမြို့သို့ စတင်ထွက်ခွာကြပါသည်။

အောက်ပါဖော်ပြထားသော ကားဂိတ်များမှာတောင်ကြီးမြို့ရှိခရီးသည်တင် အဝေးပြေးကားဂိတ် လိပ်စာ နှင့် ဖုန်းနံပါတ်များဖြစ်ပါသည်။

ချမ်းသာအောင်
ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ကန်အောက်ရပ်၊ တောင်ကြီးမြို့။
ဖုန်း ၀၈၁-၂၄၃၇၁

တောင်ပေါ်သား
ဗိုလ်ချုပ်အောင်ဆန်းလမ်း နှင့် နဂါးပွက်ကျောင်းလမ်းထောင့်၊ တောင်ကြီးမြို့။
ဖုန်း ၀၈၁-၂၂ ၃၄၄

ပအိုဝ်းရတနာ
အမှတ် (၃၇)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ကန်အောက်ရပ်၊ တောင်ကြီးမြို့။
ဖုန်း ၀၈၁-၂ ၃ ၂၂၁

မိုးကုတ်မန်း (ဗင်အဆင့်မြင့် ယာဉ်အသင်း)
မြို့မစျေးကြီးမြောက်ဘက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ကန်အောက်ရပ်၊ တောင်ကြီးမြို့။
ဖုန်း ၀၈၁-၂၁၆၄၉ ၊ ၀၈၁-၂၁၃၈၂ ၊ ၀၉-၅၂၁ ၄၀၈၉၇

ရှမ်းမလေး
ကြံ့ခိုင်ရေးရုံးအောက်ထပ်၊ တောင်ကြီးမြို့။
ဖုန်း ၀၈၁-၂၄၂၂၆

ရွှေကမ္ဘာ
အမှတ်(၁၃၁)၊ ကုန်သည်လမ်း၊ ကန်ရှေ့ရပ်၊ တောင်ကြီးမြို့။
ဖုန်း ၀၈၁-၂၄၅၆၃

ရွှေတောင်ပံ
(တောင်ကြီးမြို့မှ ဟဲဟိုးလေယာဉ်ကွင်းသို့ ပြေးဆွဲပါသည်။)
အမှတ်(၈၈၊ ၈၉)ကုန်သည်လမ်း၊ ကန်ရှေ့ရပ်၊ တောင်ကြီးမြို့။
ဖုန်း ၀၈၁-၂၁၇၇၂

ရှမ်းမောမြေ
နဂါးပွက်ကျောင်းလမ်း၊ ကန်အောက်ရပ်၊ တောင်ကြီးမြို့။
ဖုန်း ၀၈၁-၂၄၆၆၈၊ ၂၂၄၅၅

ရှမ်းတံခွန်
ကုန်သည်လမ်း၊ ကန်ရှေ့ရပ်၊ တောင်ကြီးမြို့။
ဖုန်း ၀၈၁-၂၂၇၆၅

ရဲသူအောင်
ကုန်သည်လမ်း၊ ကန်ရှေ့ရပ်၊ တောင်ကြီးမြို့။
ဖုန်း ၀၈၁-၂၁၇၇၂

ဟိဏ်း
ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ တောင်ကြီးမြို့။
ဖုန်း ၀၈၁-၂၂၃၇၈

အောင်ရတနာ
ဗိုလ်ချုပ်အောင်ဆန်းလမ်း၊၊ ကန်အောက်ရပ်၊ တောင်ကြီးမြို့။
ဖုန်း ၀၈၁-၂၂၉၉၅

E.S.E
ကုန်သည်လမ်း၊ ကန်ရှေ့ရပ်၊ တောင်ကြီးမြို့။
ဖုန်း ၀၈၁-၂၂၃၆၀

E.S.E
သီရိမင်္ဂလာအိမ်ယာ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ တောင်ကြီးမြို့။
ဖုန်း ၀၈၁-၂၂၇၂၂

Credit: ayeminminbo's space

Sunday, February 20, 2011

ယူနီကုတ် ပြောင်းလဲအသုံးပြုခြင်း

ကိုစေတန် Change Unicode in Blogspot ဆိုတဲ့ပိုစ့်ကိုဖတ်ပြီးကျနော့်ဘလောက်ကိုလည်း ယူနီကုတ်ကိုပြောင်းဖြစ်လိုက်တယ်။ ကျေးဇူးပါ ကိုစေတန်။

http://www.saturngod.net/knowledgebase/change-unicode-in-blogspot

Monday, July 26, 2010

ဒိုင်ဗင်


Friday, April 16, 2010

ချင်းမိုင် သင်္ကြန် 14/4/2010

ဒီနှစ် သင်္ကြန်အကျနေမှာ ဘန်ကောက်မှာလည်ဖြစ်တယ်။ ၁၄-၁၅ ရက်နေ့မှာ ချင်းမိုင်သင်္ကြန်လည်ရင်း ဓါတ်ပုံ လိုက်ရိုက်တယ်။ ရိုက်လာတဲ့ပုံအချို့





ကျန်တဲ့ အလန်နဲ့ အလန်းပုံတွေကို Facebook မှာတင်ထားလိုက်တယ်။

Friday, March 26, 2010

Monk

This photo was taken at Doi Pui National park Chiang Mai. It is 1,685 meters above the sea levels.

Wednesday, March 10, 2010

Kart Muang Mai

မနေ့က ကတ်မိုင်းမိုင် (Kart Muang Mai) စျေးသွားရင်းရိုက်လာခဲ့တဲ့ပုံတချို့ပါ။


ခါချဉ်ဥ

စားဖား

Tuesday, March 9, 2010

Principles of behaviour (or) morally right

ကျွန်တော် အလွန်လေးစားခဲ့သော လူတစ်ဦးသည် Principles of behaviour (or) morally right ကို ကောင်းမွန်စွာ နားလည်သဘောပေါက်ဟန်မတူ၍ သူ့အစား ကျွန်တော်အလွန့် အလွန်ဝမ်းနည်းမိပါသည်။ Principles of behaviour ကိုကြေညက်အောင် သင်ယူဖို့ရန်လိုပါသေးသည်။

Wednesday, January 20, 2010

Upgrade လုပ်ချင်ဦးဟဲ့ မှတ်ပြီလား

ဆရာခင်ဗျား..

ကျွန်တော့် ရဲ့ကွန်ပြူတာ Program ပြဿနာတွေနဲ ့ပတ်သက်လို ့ ဆရာ့ထံ သို ့တင်ပြအကြံ ဉာဏ်တောင်း လိုပါတယ်။

ကျွန်တော့်မှာ Girlfriend 1.0 ဆိုတဲ့ ရှိခဲ့ပါတယ်၊ မနှစ်က အဲဒီ Girlfriend 1.0 ဆိုတဲ့ Program ကို Wife 1.0 အဖြစ် Upgrade လုပ်ခဲ့ပါတယ်။ ဒီမှာတင်မမျှော်လင့်ဘဲ Child processing ဖြစ်ခဲ့ပြီး Space တော်တော်များနဲ ့ အခြား Valuable Resources တွေကိုယူ သုံးသွားခဲ့ပါတယ်။ အဲဒီ လို ရှုတ်တွေးမှုတွေ ဖြစ်နိုင်တယ် ဆိုတာ သူရဲ့ Product Brochure မှာရော Read me Document မှာပါ ထည့်သွင်းဖော်ပြ ထားခြင်း မတွေ ့ခဲ့ရပါဘူး။ အဲဒီ အပြင် Wife 1.0 က အခြား Program လေးတွေကို အလိုအလျှောက် ထပ်မံရေး ဆွဲတပ်ဆင်ပြီး နဂိုမူလ System ထဲရှိပြီးသား Activities တွေကို ထိန်းကွပ်တော့တာပါဘဲ။ ဥပမာအားဖြင့် Karaok night 10.3 နဲ ့ Beer bash 2.5 ကဲ့သို ့သော Program တွေဟာ လုံးဝ အလုပ်တော့ဘဲ ရပ်ဆိုင်းသွားပါတော့တယ်။ Wife 1.0 ရဲ့စွမ်းဆောင်ချက်တွေပါဘဲ။

Wife 1.0 ကို system ထဲကနေ ကြိုးစားပြီး Delete လုပ်ကြည့်ပေမဲ့ မရတော့ပါဘူး၊ ကျွန်တော်က Girlfriend 1.0 ကို ပြန်သွားရင်ကောင်းမလားဆိုပြီး Uninstall လုပ်ကြည့်ပါတယ်၊ ဒါပေမဲ့ Uninstall ကလည်း လုံးဝ အလုပ်မလုပ်ပါဘူး။ ဒါကြောင့် ဒီပြဿနာ ကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ ဆရာဖြေကြားပေးပါ ခင်ဗျား။

လေးစားစွာဖြင့်
JP


Mr.JP ခင်ဗျား..

လူကြီးမင်းကြုံတွေ ့နေရသောပြသနာသည် အလွန်ယေဘူယျကျပြီး လူတော်တော်များများ၏မကျေမနပ် ပြောဆိုသံများနှင့်ထပ်တူဖြစ်သည်။ လူအများစုက Wife 1.0 သည် Utilities & Entertainment program တစ်ခုလိုထင်ကြပြီး Girlfriend 1.0 မှ Wife 1.0 သို ့Upgrade လုပ်ကြတာပါဘဲ။

အမှန်တော့ Wife 1.0 ဟာ Utilities & Entertainment program မဟုတ်ဘဲ Operating System (OS) တစ်ခုဖြစ်ပါတယ်။Wife 1.0 ကိုဖန်တီးသူက အရာ တော်တော်များများလုပ်ဆောင်နိုင်အောင် ဆိုပြီး သေချာ ပုံစံပြု ထုတ်လုပ်ခဲ့တာပါ။ အဲဒီ Program ကိုsystem ထဲမှာ install လုပ်ပြီးတာနဲ ့ Uninstall Delete (သို ့) Purge လုပ်လို့မရပါဘူး ။ Girlfriend 1.0 ကိုလည်းပြန် သွားလို ့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့သူ ့ကိုု Design လုပ်စဉ်ကတည်းက Girlfriend 1.0 ကိုပြန်သွားလို ့မရအောင်စီမံထားလို ့ပါဘဲ။

တချို့ ကတော့ Girlfriend 2.0 တို ့ Wife 2.0 ဆိုတာတွေ ကို ကြိုးစားပြီး Systemထဲ မှာ install လုပ်ကြ ပါတယ်။ ဒါပေမဲ့ အောင်မြင်မှ ု မရဘဲ မူလထက် ရှုတ်ထွေးမှုများနဲ ့ အဆုံး သတ်ကြတာတွေ ့ရပါတယ်။ ကျွန်တော် အကြံပြု ချင်တာကတော့ Wife 1.0 ကိုဘဲ ဆက်လက် ထိမ်းသိမ်းပြီး သုံးစွဲပါ။ ဖြစ်လာတဲ့ အခြေနေ အရပ်ရပ်ကို သတိ၊ ဉာဏ်ပညာ နဲ ့ ယှဉ်ပြီး ရင်ဆိုင်ပါ။ ကျွန်တော် ကိုယ်တိုင် Wife 1.0 ကို install လုပ်ထားသူတစ်ယောက် အနေ နဲ ့ အကြံပြုချင် နောက်တခုကတော့ Wife 1.0 တစ်ခုလုံးနဲ ့သူ ့ရဲ General Protection Faults (GFPs) တွေကို သေချာလေ့လာပါ။ ဖတ်ကြည့်ပါ။

ဖြစ်လာနိုင်တဲ့ ပြဿနာ နဲ ့ အမှားတွေ အတွက် မိမိ ပေါ် ကျရောက်လာမဲ့ သက်ရောက်မှတွေကို ကြိုတင်ပြီး ခန် ့မှန်း ထားကြည့်ပါ။

အကယ်၍ အဲဒီ Program ဟာ ဘာမှ ဆက်လုပ်လို ့မရလောက် အောင်ကြုံတွေ ့ နေရပြီ ဆိုရင်တော့ Apologies ဆိုတဲ့ ခလုတ်ကို အရင်နှိပ်ပါ။ ပြီးရင် Reset ဆိုတဲ့ ခလုတ်ကိုနှိပ်ပါ။ အားလုံး အဆင်ပြေ သွားပါလိမ့်မယ်။ GFPs တွေ အားလုံး ရဲ့ ပြစ်ချက်တွေဟာ မိမိကြောင့်ပါ လို ့ တာဝန်ယူထားသမျှ System ကြီးတစ်ခုလုံးဟာ ချောမွေ ့စွာနဲ့အလုပ်လုပ်နေပါလိမ့် မယ်။

တကယ်တော့ Wife 1.0 ဆိုတဲ့ ဟာ အင်မတန် ကောင်းမွန်တဲ့ Program ကြီးပါ။ ဒါပေမဲ့အင်မတန် အဆင့် မြင့်မားတဲ့ ပြုပြင်ထိမ်းမှုလိုအပ်တာတော့အမှန်ပါ။

ပညာရပ်ဆိုင်ရာပံပိုးသူ
စာကြွှင်း ……
ပြည်တွင်းရော ပြည်ပမှာပါ ရှိနေတဲ့ တရားမဝင်သော Program များ ဥပမာ အားဖြင့် Mistress 1.0 ဆိုတာမျိုး ကို ကြိုးစားပြီး install မလုပ်ဖြစ်ပါစေနဲ ့။ အကယ်၍ Wife 1.0 က အဲဒီလို Program မျိုးကိုတွေ ့ထိမိခဲ့ရင် ကြိုတင် မှန်းဆ၍မရနိုင်သော လုံးဝပြန်လည်၍ ကောင်းမွန်မလာ နိုင်သော ပျက်စီးမှုမျိုး နဲ့သေချာပေါက် ကြုံတွေရ နိုင်ပါတယ်။ အဲဒီလိုဖြစ်ခဲ့ရင် ပြင်ဆင်ခနဲ ့အချိန်ကာလဆုံးရှုံးမှုတွေဟာအလွန်မြင့်မားသွားတော့ မှာပါ။

သူငယ်ချင်းတစ်ယောက် forward mail ကိုဖတ်ပြီးတော့ ကျနော်တောင် Upgrade လုပ်ဖို့တော်တော် စဉ်းစား နေပြီ။ :-P

Monday, January 11, 2010

Children's Day





Wednesday, January 6, 2010

Camping



နှစ်သစ်မှာ သူငယ်ချင်းတွေနဲ့Camping သွားရင်း ရိုက်လာခဲ့တဲ့ပုံတွေပါ

Monday, December 21, 2009

The thrilling potential of SixthSense technology

 



source: www.ted.com

Friday, December 4, 2009

What's a leader?

Thursday, December 3, 2009

New US Dolllars in 2010













Monday, November 30, 2009

We guys are never satified 3 things

1. Mobile Phone
2. Car
3. Girlfriend.

because a new model are always available.

Tuesday, November 24, 2009

Run multiple Gtalk

Gmail account ID ၁ ခုထက်ပိုပြီး မိမိ Gtalk ကို တခုုပြီးတခု sign in , sign out လုပ်စရာ မလိုဘဲ account ID တစ်ခုထက်မက တပြိုင်နက်အသုံးပြုပြီး chatting ပြုလုပ်နိုင်ပါတယ်။

၁။ Gtalk icon ကို သင်၏ Desktop ပေါ်သို့ ပို့လိုက်ပါ။

၂။ Gtalk icon ကို right click နိှပ်ပြီး properties ရဲ့ Target နောက်ဆုံးက startmenu အစား nomutex ကို အစားထိုးလိုက်ရင် Gtalk application ကို တစ်ခုထက်မက တပြိုင်နက်ဖွင့်ပြီး အသုံးပြုနိုင်ပါသတဲ့။

"C:\Program Files\Google\Google Talk\googletalk.exe" /startmenu
ဒီအတိုင်းပြောင်းလိုက်ပါ။
"C:\Program Files\Google\Google Talk\googletalk.exe" /nomutex

၃။ ပြောင်းပြီးသွားရင် OK ကို click လိုက်ပါ။

ပျော်ရွင်စွာ Chat နိုင်ကျပါစေ။

Tuesday, November 17, 2009

Shan new year in Chiang Mai

သူငယ်ချင်း တစ်ယောက်က ရှမ်းနှစ်သစ်ကူးပဲွမှာ ဓါတ်ပုံသွားရိုက်ရအောင်လို့ ကျနော့်ကို အတင်းခေါ်ပြီး ရိုက်လာခဲ့တဲ့ ပုံလေးတြွေဖစ်တယ်။

သံပြိုင်သီချင်းသီဆိုနေကြစဉ်

သံပြိုင်သီချင်းသီဆိုနေကြစဉ်

တခဲနက် အားပေးနေကြသော ပရိသတ်များ

အားပေးနေကြသော ပရိသတ်များ

နှစ်သစ်တွင် လိုရာဆန္ဒပြည့်ဝအောင် ဆုတောင်းနေသော အမျိုးသမီး

ဆုတောင်းနေသောကလေးငယ်

၀တ်ကူတောက် ဘုန်းကြီးကျောင်းအဝင်ဝ